Home သတင်း အဇင်းရွာသား ၁၀၀‌ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား

အဇင်းရွာသား ၁၀၀‌ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား

1894
ဇွန်လ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်း‌ကျေးရွာရှိ အစိုးရစစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်‌ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀‌ကျော်ကို ဖမ်းဆီးချုပ်‌နှောင်ထား‌ကြောင်း ‌ဒေသခံ များက ‌ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အဇင်း‌ကျေးရွာအ‌ခြေစိုက် အစိုးရစစ်တပ်စခန်းတခုအား ကရင်ပူး‌ပေါင်းတပ်ဖွဲ့များက ဝင်‌ရောက်စီးနင်းခဲ့ရာ တွင် တပ်စခန်းထဲမှ စစ်ဗိုလ်တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အတွက် ၎င်းစစ်ဗိုလ်ကို ပြန်လွှတ်‌ပေးရန် ယခုကဲ့သို့ ရွာသားများအား ဓါးစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ‌ဒေသခံတဦးက ‌ပြောသည်။

သူက “စစ်ဗိုလ် ပြန်လွတ်‌ပေးဖို့အတွက် ရွာသား‌တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားတာပါ။ အခုအချိန်ထိ ဖမ်းထားတုန်းပဲ။ အဲဒီစစ် ဗိုလ်ကို ပြန်မလွှတ်မချင်း ဓါးစာခံအဖြစ် ဖမ်းဆီးချုပ်‌နှောင်ထားတဲ့ ရွာသား‌တွေကို လွှတ်‌ပေးမှာမဟုတ်ဘူးလို့ စစ်တပ်က ‌ပြော တယ်။”ဟု ‌ပြောသည်။

အဆိုပါ အစိုးရစစ်တပ်၏ တပ်ရင်းနံပါတ်ကို မသိရှိရ‌သေး‌သော်လည်း ဖမ်းဆီးထားသည့် အဇင်းရွာသား ၁၀၀‌ကျော်ကို သီးသန့်‌နေ ရာတွင် ချုပ်‌နှောင်ထားပြီး ၎င်းတို့အထဲမှ ရွာသားအချို့မှာ စစ်တပ်၏ ညှင်းပန်းနှိပ်စက်ခံ‌နေရသည်ဟု ၎င်းက ဆက်‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (‌ကေအိတ်ချ်အာရ်ဂျီ)မှ သတင်းပြန်ကြား‌ရေးတာဝန်ခံ ‌နော်‌ဂေ‌နေဆဲက “အဲဒီကိစ္စကို ကျမတို့ ကြားသိရပါတယ်။ ဒါ‌ပေမယ့် အထဲမှာရှိတဲ့ ကျမတို့လူ‌တွေ သတင်းအချက်အလက် မပို့‌ပေး‌သေးတဲ့အ‌ပေါ်မှာ အ‌သေးစိတ် မ‌ပြောနိုင်‌သေးဘူး။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၇ရက်‌နေ့ကလည်း အဇင်း‌ကျေးရွာအနီးရှိ မယ်တလဲ‌ကျေးရွာအနီးတွင် အ‌ခြေစိုက်သည့် ခမရ(၂၅၃) တပ်ရင်းအား ဒီ‌ကေဘီ‌အေတပ်ဖွဲ့များက သွား‌ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်က ‌ကျေးရွာအတွင်းသို့ ၈၁-မမ လက်နက်ကြီးဖြင့် အချက် ၃၀‌ကျော် ပြန်လည် ပစ်ခတ်‌သော‌ကြောင့် အသက် ၇နှစ်အရွယ် က‌လေးငယ်တစ်ဦး‌သေဆုံးပြီး ၁၇နှစ်အရွယ် လူငယ်တစ်ဦးနှင့် ၂၅အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တ‌အေး‌ရှေး၊ မိနန်းအပ် စသည့်‌ကျေးရွာများတွင် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်‌နေ့မှ ၃ဝရက်‌နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု‌ကြောင့် ရာနှင့်ချီ သည့် အဇင်းရွာသားများ ထိုင်းနိုင်ငံနယ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်‌ပြေးခိုလှုံခဲ့ရသည်။