Home ထိပ်တန်းသတင်း တပ်ရိက္ခာထမ်း‌ပေးရသဖြင့် ကိုယ်ပိုင်‌တောင်ယာခင်း ၃၀‌ကျော် ပျက်စီးခဲ့

တပ်ရိက္ခာထမ်း‌ပေးရသဖြင့် ကိုယ်ပိုင်‌တောင်ယာခင်း ၃၀‌ကျော် ပျက်စီးခဲ့

2394

ဇွန်လ ၂၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်းရှိ မြန်မာစစ်တပ်၏ တပ်ရိက္ခာ အဓမ္မထမ်းခိုင်းခြင်း‌ကြောင့် ‌ဒေသခံ လူထု၏ ‌တောင်ယာခင်း ၃၀‌ကျော်မှာ မလုပ်ကိုင်ရဘဲ ပျက်စီးခဲ့ရသည်ဟု KNU ၏ ယခုလ သတင်းထုတ်ပြန်ချက် မှတ်တမ်းအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလက အဆိုပါ ‌ဒေသအတွင်းရှိ လူထုမှာ မြန်မာအစိုးရစစ်တပ်၏ လှုပ်ရှားတပ်ဖွဲ့ တပ်မ(၁၁) လက်‌အောက်ခံ ခလရ(၂၁၄)တပ်များ၏ ခိုင်း‌စေမှု‌ကြောင့် ရိက္ခာများ ထမ်း‌ပေးခဲ့ရပြီး ကိုယ်ပိုင် ‌တောင်ယာအလုပ်ကို အချိန်မီ မလုပ်နိုင်‌တော့သ ဖြင့် ထို့ဖိုး ထာ့ပါဒဲနှင့် ‌ခေါပို့‌ကျေးရွာများမှ ‌တောင်ယာ ၂၉ခင်းနှင့် ‌ခေးထာ့ရွာမှ ‌တောင်ယာ ၆ခင်းမှာ ယခုလို ပျက်စီးရခြင်းဖြစ် သည်ဟု KNU ဖာပွန်ခရိုင် ဥက္ကဌ ပဒို‌စောထဲဒယ်က ‌ကေအိုင်စီကို ‌ပြောသည်။

ပဒို‌စောထဲဒယ်က “အဲဒီမှာရှိတဲ့ ‌ကျေးရွာလူထု‌တွေက စစ်တပ်အတွက် ပျမ်းမျှအားဖြင့် တအိမ်ကို ဆန်အိတ်ကြီး ၅အိတ်နှုန်း ထမ်း‌ပေးရတယ်‌လေ။ မသွားမ‌နေရစနစ်ပဲ။ သူတို့(မြန်မာစစ်တပ်)‌တွေက ‌တောင်ယာမီးရှို့ဖို့ အချိန်မတန်‌သေးခင်မှာ မီးရှို့ပစ် တယ်။ လမ်း‌ဘေးမှာရှိတဲ့ ‌တောင်ယာ‌တွေဆိုရင် ပိုမီးရှို့ခံရတာ‌ပေါ့။ အဲလိုရှို့‌တော့ တခြမ်းပဲ ‌လောင်တယ်‌လေ။”ဟု ဆိုသည်။

မီး‌လောင်ပျက်စီးသွားသည့် ‌တောင်ယာခင်းများ၏ ဧကပမာဏကို တွက်ချက်ရန် ခက်ခဲ‌သော်လည်း ‌တောင်ယာတစ်ခင်းလျှင် ပျမ်းမျှအားဖြင့် မျိုး‌စေ့ ၃တင်းမှ ၄တင်းအထိ ရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။

“တချို့‌ဒေသခံ‌တွေဆိုရင် ‌တောင်ယာခင်းကို ရသ‌လောက် ပြန်ရှင်းပြီး အဲလို စပါးစူးထိုးစိုက်လိုက်တာပဲ။ တချို့ဆိုရင် ‌တောင် ယာတစ်ခင်းကို နှစ်‌ယောက်သုံး‌ယောက် ‌ပေါင်းပြီး ပြန်လုပ်ရတာ ရှိတယ်။ တချို့ကျ‌တော့လည်း လုံးဝကို ပြန်လုပ်လို့ မဖြစ် ‌တော့ဘူး။”ဟု ‌ပြောသည်။

ဖာပွန်‌ဒေသမှ စပါးခင်းနှင့် ‌ဒေသခံ (Photo - KIC)

ယင်းသို့ ‌တောင်ယာခင်းများ ပျက်စီးသွားရသည့် ‌ဒေသခံပြည်သူများအ‌နေဖြင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာပြဿနာနှင့် ရင် ဆိုင်ကြုံ‌တွေ့ရနိုင်ပြီး မြန်မာစစ်တပ်၏ လူထုအား ခိုင်း‌စေမှု‌ကြောင့် ၎င်းတို့‌ဒေသအတွင်း ‌နောက်ဆက်တွဲ ဒုက္ခ‌ရောက်ရသည့် အ‌ပေါ် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများအား တင်ပြ‌ပေးပါရန် KNU ဖာပွန်ခရိုင်ထံ ‌တောင်းဆိုထား‌ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်းက မြန်မာစစ်တပ် တပ်မ(၁၁) လက်‌အောက်ခံတပ်ရင်းများနှင့်တကွ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ(၄၃၄)နှင့် ‌ခြေလျင်တပ်ရင်း ခလရ(၁၉)တို့သည် ဘူးသိုမြို့နယ်အတွင်းရှိ ၎င်းတို့ တပ်စခန်းရှိရာ ‌ခေါပို့၊ ကဟီးကျိုး၊ နတ်‌တောင်(လယ်တိုး)၊ ‌ကျောက်ညှပ်၊ ဝါ့လူ၊ မဲ့တရိထာ့စခန်းသို့ တပ်ရိက္ခာထမ်းရန် ‌ဒေသခံ လူထုများကို အဓမ္မ‌ခေါ်ယူ ခိုင်း‌စေခဲ့သည်။