Home သတင်း မြဝတီ-‌ကော့ကရိတ်ကားလမ်းတွင် လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဆက်‌ကြေး‌တောင်း

မြဝတီ-‌ကော့ကရိတ်ကားလမ်းတွင် လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဆက်‌ကြေး‌တောင်း

1784
ဇွန်လ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်း၌ ယမန်‌နေ့ ‌နေ့လည်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ က ယာဉ်‌မောင်းသူများထံမှ ဆက်‌ကြေး‌ကောက်ခံလျှက်ရှိသည်ဟု ကား‌မောင်းသူများက ‌ပြောသည်။

မြဝတီ-‌ကော့ကရိတ်ကားလမ်း ယာဉ်‌မောင်းသူတစ်ဦးက “မ‌နေ့ ကားတန်းအဆင်း‌နေ့ဆို‌တော့ ‌နေ့လည် ၁၂နာရီ‌ကျော်‌ကျော်မှာ သူပုန်အဖွဲ့က ကျ‌နော်တို့ ကားသမား‌တွေဆီကို ‌ငွေ‌တောင်းတယ်။ ကားအမျိုးအစားအ‌ပေါ်မှာ ကြည့်ပြီး‌တော့ ၂‌သောင်းက‌နေ ၁သိန်းအထိ ‌တောင်းတယ်။ မနက်ပိုင်းသွားတဲ့ ကား‌တွေကျ‌တော့ လွတ်သွားတာ‌ပေါ့။”ဟု ‌ပြောသည်။

‌ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် အင်အား ၁၀၀‌ကျော်ရှိ ၎င်းတပ်ဖွဲ့က ကားသမားများကို အတင်းအဓမ္မ ‌ငွေ‌ကောက်ခံခြင်း မဟုတ်‌သော်လည်း လက်နက်များ ကိုင်‌ဆောင်ထားသည့်အတွက် ‌ကြောက်လန့်ကာ ‌ပေးရခြင်းဖြစ်‌ကြောင်း အဆိုပါကားသမားက ‌ပြောသည်။

“အတင်းအကြပ် ‌တောင်းသ‌လောက် ‌ပေးရတာ‌တော့လည်း မဟုတ်ဘူး‌ပေါ့။ ‌သေနတ်တကားကား ကိုင်ထား‌တော့ ‌ကြောက်လို့ ‌ပေး လိုက်ရတာ‌ပေါ့။ တစ်‌သောင်းရှိရင် တစ်‌သောင်း။ ၃‌သောင်းရှိရင် ၃‌သောင်း‌ပေးလိုက်တာပဲ။ ကျ‌နော်တို့ပြည်သူ‌တွေဟာ ဓါးစာခံပဲ။ သူပုန်အဖွဲ့ကလည်း ‌တောင်းတယ်။ စစ်တပ်ဖက်ကလည်း ‌တောင်းတယ်။ ကြာရင် ဘာမှလုပ်စားကိုင်စားလို့ ရမှာမဟုတ်‌တော့ဘူး။” ဟု ‌ပြောသည်။

၎င်း‌ငွေ‌ကောက်ခံသူများကို ‌တောတွင်းမှ ကရင်လက်နက်ကိုင်အဖွဲ့ဟု ကားသမားများနှင့် ခရီးသည်များက ခန့်မှန်းကြသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန်ယူ တပ်မဟာ(၆)မှ စစ်‌ကြောင်းမှူး ဗိုလ်ကြီး‌စောလှမင်းအား ‌ကေ အိုင်စီက ဆက်သွယ်‌မေးမြန်းရာ ၎င်းက “ကျ‌နော်တို့လူ‌တွေ မဟုတ်ဘူးဆိုတာက‌တော့ ‌သေချာပါတယ်။ တခြားအဖွဲ့‌တွေအ ‌ကြောင်းကို‌တော့ ကျ‌နော့်မှာ ‌ပြောပိုင်ခွင့်မရှိဘူး။”ဟု ပြန်လည်‌ပြောဆိုသည်။

ထို‌ဒေသတွင် နယ်ခြား‌စောင့်တပ်ကို ငြင်းဆန်ခဲ့သည့် ဗိုလ်မှူး‌စော‌ကျော်သက် ဦးစီး‌သော ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များက အစိုးရ တပ်များကို ‌ရှောင်တခင် တိုက်ခိုက်လျှက်ရှိပြီး ပြီးခဲ့သည့် လအနည်းငယ်ကလည်း ၎င်းတို့တပ်ဖွဲ့၏ ရန်ပုံ‌ငွေအတွက် ယာဉ်‌မောင်း သူများ၊ ယာဉ်ပိုင်ရှင်များထံမှ ‌ငွေ‌ကြေး‌ကောက်ခံမှု ရှိခဲ့ဘူး‌သော်လည်း အစိုးရစစ်တပ်နှင့် ရဲဝန်ထမ်းများက တစုံတရာ ဟန့်တားမှု မရှိဘဲ မသိကျိုးကျွံပြု‌နေကြသည်ဟု ခရီးသည်များက ‌ပြောသည်။

ကိုယ်တိုင်ကြုံခဲ့ဖူးသူ ခရီးသည်တစ်ဦးက “‌ငွေ‌ကောက်တဲ့အဖွဲ့ကလည်း အင်အားအများကြီးပဲ။ ရာနဲ့ချီတယ်။ ဟိုတခါကလည်း အဲလို‌ငွေ‌ကောက်တာကို ရဲဂိတ်၊ စစ်တပ်ဂိတ်‌တွေက သိ‌ပေမဲ့ ဘာမှလည်း မလုပ်ဘူး။” ဟု ဆိုသည်။

‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့က မြဝတီ-‌ကော့ကရိတ်ကားလမ်းတွင် ‌ပြေးဆွဲ‌နေသည့် မှန်လုံကား၊ ၁၂ဘီးကား၊ ဖင်‌ကောက်ကား စသည့် ‌မော်‌တော်ယာဉ် အမျိုးအစားအ‌ပေါ် မူတည်၍ ယာဉ်ပိုင်ရှင်များအား ကားတစ်စီးလျှင် တနှစ်စာအခွန်‌ငွေကျပ် ၆သိန်းမှ သိန်း ၆ဝအထိ မတ်လအတွင်း မပျက်မကွက် ‌ပေး‌ဆောင်ရန် ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ် ဖွဲ့က တရားဝင်စာ ထုတ်ပြန်ခဲ့သည်။

‌တောင်‌ပေါ်ကားလမ်းတွင် သွားလာ‌နေသည့် ကားကြီးကားငယ်များ (Photo - KIC)

ယင်းသို့ တရားဝင်စာ ထုတ်ပြန်ခဲ့ပြီး‌နောက်ပိုင်း မြဝတီ-‌ကော့ကရိတ်ကားလမ်းတွင် ရက်သတ္တ ၂ပတ်၊ ၃ပတ်လျှင် တစ်ကြိမ်ခန့် ကရင်တပ်ဖွဲ့များဟု ထင်ရသည့်အဖွဲ့များက ယာဉ်‌မောင်းသူများထံမှ ပုံမှန် ‌ငွေ‌ကောက်ခံလျှက်ရှိသည်ဟု ကိုယ်တိုင်ကြုံ‌တွေ့ခဲ့ရ သည့် ယာဉ်‌မောင်းသူများက ‌ပြောသည်။

အချို့ကားသမားများမှာ အဆိုပါ လက်နက်ကိုင်အဖွဲ့ကို ၎င်းတို့ ‌ငွေ‌ကြေး ‌ပေး‌ဆောင်လိုက်ရသည့်အတွက် ခရီးသည်များထံမှ ပြန် လည်‌တောင်းခံခြင်းများလည်း ရှိသည်ဟု သိရသည်။

မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းတစ်‌လျှောက်တွင် အစိုးရစစ်တပ် စကခ(၁၂) လက်‌အောက်ခံတပ်ရင်းများ၊ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်ရင်း(၁၈)နှင့် တပ်မဟာ(၆) စစ်‌ကြောင်းတို့ လှုပ်ရှားလျှက်ရှိသည်။