Home သတင်း အစိုးရ၏ စွပ်စွဲမှုများ အ‌ခြေအမြစ်မရှိဟု KNU ‌ပြောဆို

အစိုးရ၏ စွပ်စွဲမှုများ အ‌ခြေအမြစ်မရှိဟု KNU ‌ပြောဆို

1856
ဇွန်လ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ‌ဝေါ‌လေမြို့နယ် ‌ရွှေ‌အေးမြိုင်‌ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ ၂၃ရက်‌နေ့က ‌တောင်ယာသွားရင်း နင်းမိ သည့်မိုင်းမှာ KNU မှ ‌ထောင်ထားခြင်းဖြစ်‌ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲ‌ဖော်ပြမှုများမှာ အ‌ခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ‌ပြောဆိုလိုက်သည်။

ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးလှစိန်သည် ထို‌နေ့မနက်က ‌တောင်ယာသို့သွားစဉ် ရွာ၏အ‌ရှေ့‌တောင် ဘက် တစ်မိုင်ခန့်အကွာရှိ လမ်းဆုံတစ်‌နေရာ၌ KNU ‌ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဖက်‌ခြေကျင်းဝတ် ပြတ်သွားခဲ့ သည်ဟု ယ‌နေ့ထုတ် အစိုးရပိုင် ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲထားခြင်းအ‌ပေါ် KNU တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “မြန်မာအစိုးရက‌တော့ မီးရထားတွဲမှာ၊ အမှိုက်ပုံးမှာ၊ အိမ်သာထဲမှာ ‌ပေါက်တဲ့ ဗုံး‌တွေတိုင်း KNU လက်ချက်လို့ စွပ်စွဲ‌ပြော‌နေတာပဲ။ ကျ‌နော်တို့ ကို ဒီလို အ‌ခြေအမြစ်မရှိဘဲ စွပ်စွဲတာ‌တော့ ကျ‌နော်တို့ KNU အ‌နေနဲ့ လိုက်ပြီး ဂရုစိုက်စရာ မလိုဘူး။ တကယ်တမ်း ဒီလို ကိစ္စ‌တွေ အဖြစ်အမှန်သိဖို့ ပြည်သူသာ အသိဆုံး ဖြစ်လိမ့်မယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဇွန်လ ၁၂ရက်‌နေ့က ‌နေပြည်‌တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မ‌ဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံး‌ပေါက်ကွဲ၍ အ ပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃ဝ မက်လုံး‌ပေးကာ ခိုင်း‌စေခဲ့သည့် အသက် ၃၅နှစ်အရွယ် ‌အောင် ကိုလတ် (ခ) ‌အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု ၁၈ရက်‌နေ့ထုတ် အစိုးရသတင်းစာတွင် စွပ်စွဲ‌ဖော်ပြခဲ့‌သေး သည်။