Home ဆောင်းပါး သမိုင်း‌ရေးမဲ့ ဒို့ရဲ့လက်များ

သမိုင်း‌ရေးမဲ့ ဒို့ရဲ့လက်များ

2963
M. ထက်‌ခေါင်

‌ကြောက်ရွံ့ခြင်းမှ လွတ်ကင်း‌ရေးတွင် ‌ဒေါ်‌အောင်ဆန်းစုကြည် ကိုးကား‌ဖော်ပြထား‌သော စာပိုဒ်က‌လေးတခုကို သ‌ဘောကျ သည်။ သူ့ဖခင် ဗိုလ်ချုပ်‌အောင်ဆန်း ‌ပြောကြားခဲ့‌သော မိန့်ခွန်းစကားကို ‌ကောက်နှုတ်‌ဖော်ပြထားခြင်း ဖြစ်သည်။

… … မိမိကိုယ်မိမိ ‌တော်လှန်‌ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံ ရင်ဆိုင်‌နေရ‌သော ပြဿနာများကို အ‌ဖြေရှာရာ၌ မ‌နေမနား ကြိုးစားခဲ့‌သော ဗိုလ်ချုပ်‌အောင်ဆန်းက “သတ္တိ ဗျတ္တိ ရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိ ဗျတ္တိ ရှိ‌သော သူရဲ‌ကောင်းများဖြစ်‌အောင် စွန့်စားရ‌ပေလိမ့်မည်။ သို့မှသာလျှင် ကျ‌နော်တို့အားလုံး လွတ်လပ်‌ရေးအစစ်ကို ခံစား ခွင့်ရကြ‌ပေလိမ့်မည်”ဟု ‌ပြောဆိုခဲ့ပါသည်။ (အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း၊ ၂၀-၁-၄၆)

ဗမာ့နိုင်ငံ‌ရေး ပြဿနာများကို ‌ဖြေရှင်းဖို့ရန်နှင့် စစ်မှန်‌သော လွတ်‌မြောက်ငြိမ်းချမ်း‌ရေးကို ရရှိဖို့ရန်အတွက် လူတိုင်းပင် သတ္တိ ဗျတ္တိ ရှိ‌သော သူရဲ‌ကောင်းများအဖြစ် မိမိတို့ကိုယ် မိမိတို့ ခံယူကာ ပါဝင်‌ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်က နှိုး‌ဆော်ခဲ့ခြင်း ဖြစ်သည်။ ‌ကြောက်ရွံ့ခြင်းမှ လွတ်ကင်း‌ရေး ‌ဆောင်းပါးမှာ ‌ဒေါ်‌အောင်ဆန်းစုကြည် နိုဗယ်ဆု မရမီအချိန်က ‌ရေးသားခဲ့‌သော ‌ဆောင်းပါး ဖြစ်၏။ သူမ ဖခင်နှင့် ပတ်သက်၍လည်း‌ကောင်း၊ ဗမာပြည်နိုင်ငံ‌ရေးနှင့် ပတ်သက်၍လည်း‌ကောင်း ‌ရေးသားခဲ့သမျှ ‌ဆောင်းပါး အချို့ကို ‌ပေါင်းချုပ်ကာ စာအုပ်အဖြစ် ထုတ်‌ဝေလိုက်ပြီးသည့်‌နောက်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ထိုစာအုပ်အတွက် ကမ္ဘာ က ငြိမ်းချမ်း‌ရေးနိုဗယ်ဆု ချီးမြှင့်ခဲ့သည်။ ဆုများထဲတွင် အမြင့်ဆုံးဖြစ်‌သော ကမ္ဘာ့ငြိမ်းချမ်း‌ရေး နိုဗယ်ဆုကို ရရှိလိုက်သည်မှာ ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။ သို့ရာတွင် ထိုဆုကို လက်ခံလိုက်ရ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ဖခင်ဗိုလ်ချုပ် ‌ပြောခဲ့ သလိုစကားမျိုး လူထုကို ‌ပြောဆို၍ မရ‌တော့‌ချေ။ ကမ္ဘာ့ငြိမ်းချမ်း‌ရေး နိုဗယ်ဆုက သူ့နှုတ်ကို ချုပ်ထိန်းထားလိုက်ပြီ ဖြစ်သည်။ ဖိနှိပ်အနိုင်ကျင့်သူကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အုံကြွတွန်းလှန်‌ရေး တိုက်တွန်းသည့် စကားများအစား နိုင်ငံ‌ရေး ပြဿနာများကို ငြိမ်းချမ်းစွာ အ‌ဖြေရှာ‌ရေး စကားများသာ ‌ပြောဆို‌နေရ‌တော့မည် ဖြစ်‌လေသည်။

ယခုအချိန်မှာ‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ‌ခေါင်း‌ဆောင်မှုအ‌ပေါ် အားမလိုအားမရ ဖြစ်ခဲ့ရာမှ သူမ၏ လက်ရှိ အ‌နေအ ထားကို သိမြင်ကာ သူမအ‌ပေါ် နားလည်မှု‌ပေးနိုင်ကြသူ‌တွေ အ‌တော်အတန် ရှိလာပြီဖြစ်သည်။ သို့ရာတွင် ‌ဒေါ်‌အောင်ဆန်းစု ကြည်၏ စကားအချို့ကို ကိုယ်လိုရာ ဆွဲယူကိုးကားပြီး စစ်အုပ်စုအား ကာကွယ် တွန်းလှန် တိုက်ခိုက် ဖြိုဖျက်လိုသည့် လူထု၏ စိတ်ဓာတ်ကို လမ်းလွဲသို့ ပို့‌ဆောင်‌နေ‌သော စစ်အုပ်စု သူလျှိုဒလံများနှင့် စစ်အုပ်စုလက်‌အောက် ရသ‌လောက် အခွင့်အ‌ရေးက ‌လေးများယူပြီး ဒီမိုက‌ရေစီနိုင်ငံအဖြစ် တဖြည်းဖြည်း ပုံ‌ဖော်‌ပြောင်းလဲနိုင်‌ရေး၊ လိုအပ်‌သော ရပိုင်ခွင့် အခွင့်အ‌ရေးများကို စစ် အုပ်စုထံမှ ‌ချော့‌မော့ ‌ဆွေး‌နွေး ညှိနှိုင်း ‌တောင်းဆို‌စေလိုသည့် ပြည်တွင်းပြည်ပ နိုင်ငံ‌ရေးကလိန်ခြုံများ၏ အ‌ပြောအဆို အ‌ရေး အသား‌တွေ မီဒီယာထဲမှာ ပလူပျံ‌နေတာက‌တော့ မလိုလားဖွယ်ပင် ဖြစ်၏။

လက်နက်အားကိုး မတရား ဖိနှိပ် အုပ်ချုပ်‌နေ‌သော စစ်အုပ်စုအား ပြန်လည်တွန်းလှန်မည့်သူများကို မိုက်ရူးရဲလုပ်မည့်သူများအ ဖြစ် ‌ပြောဆို‌နေကြသူ‌တွေအ‌နေဖြင့် ‌ကြောက်ရွံ့ခြင်းမှ လွတ်ကင်း‌ရေး ‌ဆောင်းပါးတွင်ပင် ပါရှိ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်၏ သ‌ဘောထားအမြင်ကို သတိတရ စဉ်းစား ဆင်ခြင်ဖို့ရန် လိုအပ်သည်။

“… ‌မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ ‌လေးစားမှုတို့ကို မဆုံးရှုံးရ‌လေ‌အောင် ထိန်းသိမ်းကာကွယ်ရာတွင် အ‌ထောက်အ ကူ ဖြစ်‌စေ‌သော သတ္တိပြသည့် ‌နေ့စဉ် လုပ်ရပ်က‌လေးများက အချည်းနှီးပင်ဖြစ်သည် သို့မဟုတ် အရာမ‌ရောက်‌သော လုပ်ရပ် ဖြစ်သည်၊ အရမ်းကာ‌ရော လုပ်သည်၊ မိုက်မဲခြင်းဖြစ်သည် စသည်ဖြင့် ပြစ်တင်ရှုံ့ချကာ မိမိကပင် ဘဝ‌ပေးအသိဉာဏ် ရှိသကဲ့ သို့ ဟန်‌ဆောင်ခြင်းသည် တိတ်တခိုး အန္တရာယ်‌ပေးသည့် အဆိုးဝါးဆုံး‌သော ‌ကြောက်ရွံ့မှုမျိုးပင် ဖြစ်ပါသည်။ …”

‌ကြောက်ရွံ့ခြင်းမှ လွတ်ကင်း‌ရေးမှာ လူထုကို အ‌ကြောက်တရားမှ ဆွဲထုတ်ပြီး မှန်ကန်‌သော လမ်း‌ကြောင်း‌ပေါ်တွင် တည့်မတ် ခိုင်ကျည်စွာ ရပ်တည်နိုင်‌ရေး၊ ဖိနှိပ်သူများအား တွန်းလှန်ကာကွယ်နိုင်‌ရေး ခွန်အား‌ပေးမှုများနှင့် သူရဲ‌ဘော‌ကြောင်‌သောဘဝမှ ကင်းလွတ်‌ရေး ‌ကောက်နှုတ်ကိုးကားစရာ အချက်အလက် အများအပြားပါရှိ‌သော ‌ဆောင်းပါးတပုဒ်ဖြစ်၍ ‌ကြောက်တတ်သူများ အ‌နေဖြင့် အလွတ်ကျက်မှတ် အာဂုံ‌ဆောင်ထားဖို့ရန် သင့်လှ‌ပေသည်။

ယခုလ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကျူး‌ကျော်ဖိနှိပ်သူ စစ်အုပ်စုအား တိုက်ခိုက်‌နေသည့် တိုက်ပွဲသတင်းများအ ကြားမှပင် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတို့၏ စစ်အုပ်စုကို တွန်းလှန်‌နေ‌သော တိုက်ပွဲသတင်းများက ကြိုးကြားကြိုးကြား ‌ပေါ် ထွက်‌နေ၏။ ‌ကေအဲန်အယ်လ်‌အေ ဗိုလ်မှူးကြီးဂျိုးဆွာ(Col. Joshua)၊ ဒုဗိုလ်မှူးကြီးတင်လှိုင်၊ ဒီ‌ကေဘီ‌အေ ဒုဗိုလ်မှူးကြီးမို‌ရှေး နှင့် ဗိုလ်မှူးချုပ်နှုတ်ခမ်း‌မွှေးတို့ ပူး‌ပေါင်းကာ စစ်‌ရေးအရှိန်မြှင့်မည့် အစီအစဉ်များကိုလည်း ကြားသိရ၏။

နယ်ခြား‌စောင့် BGF တပ်ရင်း(၁၃)ရင်းမှ ၄ရင်းက မြိုင်ကြီးငူဆရာ‌တော်၏ မိန့်မှာမှုဖြင့် ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည် အသွင် ‌ပြောင်းကာ မြိုင်ကြီးငူမှာ တပ်စွဲထား‌ကြောင်း၊ ရန်သူ့တပ်ရင်းအချို့က ၎င်းတို့ကို တိုက်ဖို့ပြင်‌နေ‌ကြောင်း သတင်းများကိုလည်း ကြားကြရသည်။ ၎င်းတို့အ‌နေဖြင့် ရန်သူလာအတိုက်ကို ‌စောင့်မ‌နေဘဲ နယ်‌မြေကျွမ်းကျင်သူများပီပီ ရန်သူကို လမ်းမှ‌နေ၍ ဆီး ကြိုတိုက်ခိုက် ‌ချေမှုန်းလိုက်နိုင်မည်ဆိုလျှင် လူထုအတွက်‌ကော ကရင့်‌တော်လှန်‌ရေးအတွက်ပါ မဂင်္လာရှိ‌သော သမိုင်းဝင် သတင်း‌ကောင်းများ ဖြစ်လာ‌ပေလိမ့်မည်။

လွန်ခဲ့‌သော လများအတွင်း ‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေတို့၏ စစ်အုပ်စုကို အမှည့်‌ခြွေ ‌ခြွေ‌သော တိုက်ပွဲ‌ပေါင်း သုံးရာ့ငါးဆယ် ‌ကျော်တွင် စစ်အုပ်စုဘက်မှ ၆၀၀‌ကျော် ‌သေဆုံး‌ကြောင်း၊ ‌ကေအဲန်အယ်လ်‌အေနှင့် ဒီ‌ကေဘီ‌အေက သွား‌ရောက်တိုက်ခိုက် သည်ဖြစ်‌စေ၊ စစ်အုပ်စုဘက်က လာ၍တိုက်သည်ဖြစ်‌စေ စစ်အုပ်စုဘက်ကချည်း ‌သေ‌ကြေဆုံးရှုံးမှုများ ဖြစ်‌နေသည်ကို မယုံ ဘူးဟုဆိုကာ အင်တာနက်ထဲမှာ ဆဲ‌ရေး‌နေသူ‌တွေ ရှိသည်။ မယုံသူတို့အ‌နေဖြင့် လက်‌တွေ့ စမ်းသပ်ကြည့်နိုင်မည် ဖြစ်သည်။

အမျိုးသားလွတ်‌မြောက်‌ရေး၊ ဒီမိုက‌ရေစီအ‌ရေးတို့အတွက် ကိုယ့်အသိနှင့်ကိုယ် တိုက်ပွဲဝင်‌သော ‌တော်လှန်‌ရေးသမား၏ စိတ် ဓာတ်နှင့် စစ်အုပ်စုလက်‌အောက် ခိုင်းသမျှလုပ်သည့် ‌ကြေးစားသမားစိတ်ဓာတ်၊ ကျွန်သ‌ပေါက်စိတ်ဓာတ်တို့မှာ ကွာခြားသည်။ လက်နက်ကိုင်ပြီး ပစ်ခတ်တတ်သည့် အရည်အချင်းမှာလည်း ကွာခြားသည်။ စစ်အုပ်စု လက်‌အောက်ခံတပ်များလို လက်နက် ကြီးဖြင့် အချက်‌ပေါင်းများစွာ ပစ်ခတ်ပြီးမှ တက်လာရဲကြသူ‌တွေ မဟုတ်။ ရန်သူ့အနားကို ‌ရောက်‌အောင်သွားပြီး ပစ်ခတ်တတ် ကြသူ‌တွေ၊ ရန်သူ့လာလမ်းမှ စိတ်ရှည်လက်ရှည် ‌စောင့်ဆိုင်းကာ ၁၅‌ပေ၊ ‌ပေ ၂ဝ အကွာအ‌ဝေး‌လောက်အ‌ရောက်မှာမှ ချက်ပိုင် ပိုင် ပစ်ခတ် ‌ရှောင်တိမ်းတတ်ကြသူ‌တွေ ‌တော်လှန်‌ရေးနယ်ထဲမှာ အများအပြား ရှိသည်။ စစ်တိုက်ခြင်းမှာ လူမိုက်အလုပ်မ ဟုတ်။ ‌ဒေါသတကြီး သူ‌သေကိုယ်‌သေ ဘက်ပြိုင်ရန်ဖြစ်ရမည့် အလုပ်မဟုတ်။ သူ့ကိုသာ ‌သေ‌စေပြီး ကိုယ်မ‌သေဘဲ ရှင်ကျန် ရစ်‌အောင် တိုက်ခိုက်ရသည့်အလုပ် ဖြစ်သည်။

စစ်အုပ်စု၏ ကျူး‌ကျော်စစ်ပြုမှုကို တားမြစ်‌သော ကချင်တို့နှင့် တရားမဲ့ ကျူး‌ကျော်သူတို့၏ တိုက်ပွဲသတင်းများ ကြားရသည်မှာ နှလုံးနာဖွယ် ဖြစ်သည်။ ပြည်သူ့တပ်မ‌တော် မဟုတ်ဘဲ စစ်အုပ်စု လက်‌အောက် ကြိုးဆွဲခိုင်း‌စေသမျှ လုပ်ကိုင်‌နေ‌သော စစ်ယူနီ ‌ဖောင်းဝတ် သူခိုးဓားပြများပီပီ လက်နက်မဲ့ ကချင်အရပ်သားလူထုကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်သည့် သတင်းများ၊ ကချင် အမျိုးသမီးများကို ပြုကျင့်‌စော်ကားပြီး သတ်ဖြတ်သည့် သတင်းများကို ကြားရသည်။ အပစ်အခတ်ရပ်ဆိုင်းပြီး သုံ့ပန်းလဲလှယ် ရာတွင်လည်း နယ်‌မြေတွင်း ကျူး‌ကျော်လာ၍ ကချင်က ဖမ်းဆီးထား‌သော စစ်အုပ်စုအရာရှိနှစ်ဦးကို အ‌ကောင်းပကတိအတိုင်း ပြန်လွှတ်‌ပေးကာ စစ်အုပ်စုကမူ ကချင်စခန်းတခုအတွင်း ၎င်းတို့ ဝင်‌ရောက်ဖမ်းဆီးသွားသူအား နှိပ်စက်သတ်ဖြတ်ပြီးမှ အ‌လောင်း ပြန်ပို့‌ပေးခဲ့သည့် အဖြစ်‌တွေ ရှိသည်။ စစ်သည်‌တော် ကျင့်ဝတ်အရ‌သော်လည်း‌ကောင်း၊ လူ့ကျင့်ဝတ်အရ‌သော် လည်း‌ကောင်း မည်သို့မျှ လက်မခံနိုင်သည့် အပြုအမူမျိုးကို ပြုကျင့်သူများသည် ၎င်းတို့အရာရှိများကို ပြန်ရအပြီးမှာပင် ကချင် စခန်းကို လက်နက်ကြီးအလုံး‌ပေါင်း ရာ‌ထောင်ချီလျက် ပစ်ခတ်ကာ သိမ်းယူခဲ့ကြသည်။

စစ်အုပ်စု၏ သတင်းစာများထဲတွင်မူ ကချင်က စတင် ပစ်ခတ်‌သော‌ကြောင့် တိုက်ပွဲဖြစ်ရ‌ကြောင်း၊ တံတားများကိုလည်း ကချင် ‌သောင်းကျန်းသူများက ဖျက်ဆီးခဲ့‌ကြောင်း၊ ၎င်းတို့အ‌နေဖြင့် တိုက်ခိုက်လိုစိတ်မရှိ‌ကြောင်း၊ လျှပ်စစ်စီမံကိန်းကို ကာကွယ်လို စိတ်တခုတည်းဖြင့်ပင် ကချင်တို့ကို မလွဲမ‌ရှောင်သာ တိုက်ခိုက်ရခြင်းဖြစ်‌ကြောင်း အသံ‌ကောင်းဟစ် ‌ကြေညာခဲ့သည်။ ထို‌ကြေ ညာချက်နှင့် ‌ရှေ့‌နောက်မညီ‌သော လုပ်ရပ်မှာ သံလျင်တွင် ‌ကျောင်းတက်‌နေကြ‌သော ကချင်‌ကျောင်းသား‌ကျောင်းသူများကို ကချင်ပြည်သို့ပြန်ရန် နှင်ထုတ်ခြင်း ဖြစ်သည်။ လျှပ်စစ်စီမံကိန်းကို ကာကွယ်လို၍ တိုက်သည်ပင်ဖြစ်‌စေ၊ ကချင်‌ဒေသကို စိုးမိုး လို၍ တိုက်သည်ပင်ဖြစ်‌စေ၊ လက်နက်ကိုင် ကာကွယ်တိုက်ခိုက်‌နေ‌သော ကချင်တပ်များကိုသာ တိုက်ရမည် ဖြစ်သည်။ အရပ် သားလူထုနှင့် ‌ကျောင်းသား‌ကျောင်းသူများကို ပိတ်ပင် ‌နှောက်ယှက် ဒုက္ခ‌ပေးစရာ မလို‌ချေ။

ကချင်‌ဒေသမှာသာမဟုတ်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ပအိုဝ်း စ‌သော တိုင်းရင်းသားတို့၏ ‌ဒေသများမှာပါ စစ်အုပ်စု လက်ကိုင်တုတ် တပ်များ၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို အနှံ့အပြား ကြားသိကြရမည် ဖြစ်သည်။ စစ်အုပ်စု၏တပ်က ဘယ်ရွာသူ ဘယ် ရွာသား‌တွေကို ဘယ်‌နေရာမှာ ဘယ်လို ကူညီ‌ဆောင်ရွက်‌ပေးလိုက်သည် ဆို‌သောသတင်းမျိုး၊ ဒုက္ခကြုံ‌နေရ‌သော ဘယ်နယ် က ဘယ်အမျိုးသမီးကို ဘယ်လိုအကြပ်အတည်းက‌နေ တပ်မ‌တော်သားများက ကယ်ထုတ်လိုက်သည်ဆို‌သော သတင်းမျိုး ‌တွေကို မည်သည့်အခါကမျှ မကြားကြရ။ ၎င်းတို့ ဘယ်‌နေရာတွင် ဘယ်သူ‌တွေကို ဘယ်လိုသတ်ဖြတ်သည်၊ ဘယ်ရွာက ဘယ်မိန်းက‌လေး‌တွေကို ဘယ်လိုပြုကျင့်‌စော်ကားသည်၊ ဘယ်လူထုကို ဘယ်လိုနှိပ်စက်သည်၊ အကြပ်ကိုင်၍ အဓမ္မ လုပ်အား ‌ပေး ‌ခေါ်ယူသည်၊ ‌ပေါ်တာဖမ်းသည်၊ မထမ်းနိုင်သူကို သတ်ပစ်သည် စသည့် သတင်းမျိုး‌တွေကိုသာ ကြားကြရမည် ဖြစ်သည်။

၎င်းတို့တပ်များ အပစ်အခတ်ခံရ၍ ‌ကျေးရွာလူထုကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် သတင်းများ၊ ‌တော်လှန်‌ရေး အဖွဲ့အ စည်းများကို အပုပ်ချ နာမည်ဖျက်လို၍လည်း‌ကောင်း၊ လူထုကို အထိတ်တလန့် ဖြစ်‌စေရန်အတွက်လည်း‌ကောင်း၊ ၎င်းတို့အ ‌ပေါ် လူထုက အားကိုးလာ‌စေလို၍လည်း‌ကောင်း မြို့‌နေလူထုများအတွင်း ဗုံး‌ထောင်‌ဖောက်ခွဲ‌သော‌ကြောင့် အပြစ်မဲ့ ပြည်သူအ ချို့ ‌သေဆုံးရသည့်သတင်းများ၊ ၎င်းတို့ အရာရှိများနှင့် ကြံ့ဖွံ့အဖွဲ့များ ကင်း‌ဝေးရာ လူမ‌နေ‌သော အိမ်များတွင် ‌ဖောက်ခွဲသည့် သတင်းများကိုလည်း ကြားကြရသည်။ ဗုံးကိစ္စမှာ ၎င်းတို့လက်ချက်သာဖြစ်မှန်း လူထုက သိ၏။ လူထုကို ၎င်းတို့ သတ်ဖြတ်ခဲ့ ‌ပေါင်း မနည်း‌တော့ပြီ။ မ‌ဝေး‌တော့‌သောအချိန်တွင် အနုမြူလက်နက်၊ ဓာတုလက်နက်များဖြင့်ပါ သတ်ဖြတ်ဖို့ ရှိ‌လေသည်။

၎င်းတို့၏ အပြုအမူ လုပ်ရပ်များမှာ အရှုံးသမားတို့၏ အကျင့်စရိုက်ကို ‌ဖော်ပြ‌နေသည့် လုပ်ရပ်များပင် ဖြစ်၏။ အရှုံးနှင့် မကြာခ ဏ ကြုံရ‌သောသူသည် ညစ်၏။ ‌ကောက်ကျစ်ဉာဏ်‌တွေ သုံးတတ်၏။ မဆိုင်သူများကိုပါ ရန်ရှာတတ်၏။ သ‌ဘောထား ‌သေး နှုတ်၏။ ရှုံးပါများသူ‌တွေမှာ စိတ်ဓာတ်ကအစ ‌အောက်တန်းကျသူများ ဖြစ်လာပြီး ညစ်ဖို့ရန်သာ အမြဲတ‌စေ ကြံစည်လုပ်ကိုင်‌နေ တတ်‌လေသည်။ ၎င်းတို့ အရှုံးကြီးရှုံးရမည့်အချိန်သည် မ‌ဝေး‌တော့ပြီ ဖြစ်၏။

(၂)
“စစ်‌ရေးကို စစ်နည်းနဲ့ ပြန်တိုက်လို့ ‌အောင်မြင်ရင်‌တောင်မှ စစ်နည်းရဲ့ ‌အောင်မြင်ခြင်းပဲလို့ မြင်မိပါတယ်” လွန်ခဲ့‌သော နှစ်လ သုံးလခန့်က ဗုဒ္ဓဟူး‌နေ့ တိုက်ရိုက်‌လေလှိုင်း အစီအစဉ်မစမီ ‌ဒေါ်‌အောင်ဆန်းစုကြည်ထံ စာဖြင့် ‌မေးမြန်းမှုများကို ‌ဒေါ်‌အောင် ဆန်းစုကြည်ကိုယ်တိုင် ပြန်လည် ‌ဖြေကြားခဏ်း၌ စစ်အုပ်စု၏ အ‌နှောက်အယှက် အကန့်အသတ်များကြားမှ ဒုတိယပင်လုံ ဖြစ် ‌မြောက်‌ရေး ကြိုးပမ်း‌ဆောင်ရွက်မည့်အစား ဒုတိယ ဘီအိုင်‌အေတပ် ဖွဲ့စည်းဖို့ရန် တိုက်တွန်းတင်ပြ‌သော လူငယ်တဦး၏ အ‌မေးကို ပြန်လည်‌ဖြေကြားသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ စကားဖြစ်သည်။

ထိုစကားကို ဘဝင်မကျ။ ထိုစကားအရဆိုလျှင် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် နိုင်ငံ‌ရေးနည်းလမ်းသက်သက်ဖြင့်သာ ‌အောင်ပွဲရယူလိုဟန် ရှိ‌နေသည်။ လက်နက်မဲ့ နိုင်ငံ‌ရေးသမားများ၊ လူ့အခွင့်အ‌ရေး ‌တောင်းဆို‌ဆောင်ရွက်သူများ၊ အကြမ်းမ ဖက် ဆန္ဒပြလှုပ်ရှားသူများအား မြို့လည်‌ခေါင်မှာပင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့က ရုပ်ပျက်ဆင်းပျက် ဖမ်းဆီး ကား‌ပေါ်တင်ကာ နှစ်ရှည်‌ထောင်ဒဏ်များချလျက် ကိုယ်စိတ်နှလုံး ဆင်းရဲပင်ပမ်း‌စေရန် နှိပ်စက်ခံခဲ့ရ၊ နှိပ်စက်ခံ‌နေရသည့် အဖြစ်များကို မ‌မေ့ဖို့ လိုသည်။

ယခု စစ်အုပ်စုသည် နိုင်ငံ‌ရေးသမားများကို ယုံကြည်‌လေးစားကြသူ‌တွေ မဟုတ်။ တိုင်းပြည်‌ကောင်းကျိုး တကယ်တမ်း ‌ဆောင် ရွက်မည့် နိုင်ငံ‌ရေးသမား‌တွေအတွက် ‌နေရာမရှိ။ ၎င်းတို့ကို နိုင်ငံ‌ရေး သံတမန်‌ရေး နည်းလမ်းများအရ ကမ္ဘာ့နိုင်ငံကြီးများက ဖိ အား‌ပေး ပိတ်ဆို့မှုများ လုပ်‌သော‌ကြောင့် ကြုံ‌တွေ့‌နေရသည့် အကြပ်အတည်းမှ ကာကွယ်‌ပြောဆို‌ပေးမည့် နိုင်ငံ‌ရေးသမားများ နှင့် ၎င်းတို့ ဆက်လက် ‌ကောင်းစား‌ရေး ‌ထောက်ကူ‌ပေးမည့် နိုင်ငံ‌ရေးသမား‌တွေကိုသာ လက်သပ်‌မွေး ‌နေရာ‌ပေးလိုကြမည် ဖြစ်သည်။

နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းအရ ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ဖြေရှင်းရန် ကြိုးပမ်းကမ်းလှမ်းမှုများကို လက်မခံဘဲ လက်နက်အား ကိုး စစ်‌ရေးနည်းဖြင့် ထာဝရ အာဏာတည်မြဲလိုသူ၊ အာဏာကို အဓမ္မ ချုပ်ကိုင်ထားသူများအား ၎င်းတို့ ‌လေးစားအ‌ရေးထား ‌သော စစ်နည်းဖြင့်ပင် ပြန်လည် ယှဉ်ပြိုင် အနိုင်ယူနိုင်မှသာ နိုင်ငံ‌ရေးပြဿနာ ‌ပြေလည်နိုင်လိမ့်မည် ဖြစ်သည်။ စစ်‌ရေးသည် နိုင်ငံ‌ရေး၏အဆက်ဖြစ်သည် ဟူ‌သောစကားကို မ‌မေ့သင့်။ စစ်‌ရေးမပါရှိ‌သော နိုင်ငံ‌ရေးမှာ စွန့်လွှတ် စွန့်စားမှုမရှိ၊ သက်စွန့်ဆံ ဖျား ကြိုးပမ်းအားထုတ်ရမှုလည်း မရှိ၊ ‌အောင်ပွဲ၏ အနှစ်သာရလည်း မရှိနိုင်‌ချေ။ ‌တော်လှန်‌ပြောင်းလဲလိုသူတို့အ‌နေဖြင့် နိုင်ငံ ‌ရေးနည်းကို‌ကော စစ်‌ရေးနည်းကိုပါ ဆုပ်ကိုင်ကျင့်သုံးရမည်သာ ဖြစ်‌လေသည်။

ရန်သူကို မတွန်းလှန် မဆန့်ကျင်ရဲဘဲ သူရဲ‌ဘော‌ကြောင်စွာဖြင့် လူယဉ်‌ကျေး‌ယောင်‌ဆောင်ကာ ငြိမ်းချမ်းစွာ အ‌ဖြေရှာ‌ရေးကို သာ စွဲကိုင်‌နေမည်ဆိုလျှင် သမိုင်း‌ကြောင်း၌ ပြက်ရယ်ပြုခံရသူ‌တွေသာ ဖြစ်သွားနိုင်သည်။

ယခုကိစ္စက ကချင် ‌ရေကာတာ ကိစ္စတခုတည်းအတွက် မဟုတ်။ ရှမ်းတမျိုးသားတည်း၏အ‌ရေးလည်း မဟုတ်။ ကရင်၊ ကရင်နီ၊ ရခိုင်၊ မွန်၊ ချင်း၊ ပအိုဝ်းတို့၏ တိုင်းရင်းသား ရပိုင်ခွင့်အ‌ရေးသက်သက်လည်း မဟုတ်။ တပြည်လုံးအနှံ့ ကျွန်ပြု‌စော် ကားခံ၊ လယ်ယာ‌မြေသိမ်းဆည်းခံ၊ အဓမ္မစစ်သား စု‌ဆောင်းခံ၊ ကျွန်ပြုခံ၊ အဓမ္မခိုင်း‌စေခံ၊ စစ်မှန်‌သော တရားဥပ‌ဒေ စိုးမိုးမှုမရှိ၊ အမှန်က အမှားဖြစ်၊ အမှား‌တွေကို အမှန်လုပ်၊ အမှုဆင် ဖမ်းဆီး နှိပ်စက်၊ ‌သေနတ်‌ပြောင်း‌အောက်က တရားစီရင်‌ရေးများဖြင့် မြန်မာအမျိုးသားများပါမကျန်၊ တိုင်းပြည်နှင့်အဝှမ်း ရင်ဆိုင်‌နေရ‌သော စစ်ကျွန်ဘဝမှ လွတ်‌မြောက် ငြိမ်းချမ်း‌ရေးအတွက် စစ် အုပ်စုကို တွန်းလှန်ကြရ‌တော့မည် ဖြစ်၏။ ၎င်းတို့ကို မတွန်းလှန် မကာကွယ်နိုင်လျှင် ‌ရှေ့‌လျှောက် ပိုမိုဖိနှိပ် အ‌ရေးယူမှုများနှင့် ကြုံကြရမည် ဖြစ်သည်။ တ‌ဆွေလုံးတမျိုးလုံး အဖွဲ့အစည်းတခုလုံး မီး‌လောင်တိုက် အသွင်းခံရမည့်အ‌ရေးသာမက လူထု၏ လယ်ယာခြံ‌မြေ အသက်အိုးအိမ် စည်းစိမ်များပါ ထိပါး‌နှောက်ယှက်ခံ‌နေရမည် ဖြစ်‌လေသည်။

၎င်းတို့ကို မတွန်းလှန်ချင်၍ မရ။ ယှဉ်ပြိုင်တိုက်ခိုက်‌ရေးကို သတ္တိ‌ကြောင်စွာ ‌ရှောင်လွဲ၍ မရ။ သူရဲ‌ဘောနည်းသူများအဖြစ် ရန်သူ‌ရေးမည့် သမိုင်း၌ မျက်နှာ‌ပြောင်စွာ ကမ္ဗည်းအထိုးခံကြမည်လား၊ ကိုယ့်သမိုင်းကို ကိုယ် ကိုယ်တိုင်‌ရေးကြမည်လား။ ကိုယ့်သမိုင်းကို ကိုယ်တိုင်တည့်မတ်စွာ ‌ရေးလိုသူတို့အ‌နေဖြင့် ရရာလက်နက်စွဲကိုင်ပြီး စစ်အုပ်စုကို ညီညီညွှတ်ညွှတ် တွန်း လှန်တိုက်ခိုက်ကြရမည် ဖြစ်၏။ မ‌တော်လှန်ရဲသူ‌တွေ၏ သမိုင်းက‌တော့ လှပနိုင်လိမ့်မည် မဟုတ်။ ကြိုးဝိုင်းထဲ ‌ရောက်‌နေသူ များအဖို့ ထိုးမလား အထိုးခံမလား၊ ‌ရေထဲ‌ရောက်‌နေသူအဖို့ ကူးမလား အနစ်ခံမလား၊ ‌ရွေးရမည့်လမ်းက‌တော့ နှစ်သွယ်ပဲရှိ သည်။ အရှုံး‌ပေးအညံ့ခံသမားများ၊ အမျိုးသားသစ္စာ‌ဖောက်များ၊ ‌သွေး‌ကြောင်သူများအဖြစ် သားစဉ်‌မြေးဆက် ဘဝမဆုံးသင့်။

(၃)
ကချင်အဖွဲ့ကို နယ်ခြား‌စောင့်လုပ်ဖို့ရန် ဖိအား‌ပေး၊ ‌နောက်ဆုံး‌နေ့ရက်များ သတ်မှတ်ပြီး‌နောက်၊ ထို‌နေ့ရက်အလွန်တွင် ကချင် ကို နယ်ခြား‌စောင့်တပ် လုပ်လိုလျှင်လည်း လက်မခံ၊ လက်နက်ချ‌ရေးကိုသာ လက်ခံမည်ဟု ‌ပြောခဲ့သူမှာ အ‌ရေခြုံသမ္မတ သိန်း စိန် ဖြစ်၏။ ‌ရွေး‌ကောက်ပွဲ မကျင်းပမီ လအနည်းငယ်ကလည်း ဂျိန်း‌ဖော ကချင်နှင့် ရဝမ်တို့ကို ‌သွေးခွဲစကား‌ပြောကာ ကချင် ပြည်သား အချင်းချင်း ပြန်လည်တိုက်ခိုက်ပြီး ကချင်‌ဒေသ ‌သွေး‌ချောင်းစီဖို့ရန် ဂုံး‌ချောလှုံ့‌ဆော်ခဲ့သူမှာလည်း သိန်းစိန်ပင် ဖြစ် ၏။ သိန်းစိန်၏ အ‌ပြောအဆိုများမှာ ဗိုလ်သန်း‌ရွှေ၏ သ‌ဘောထားကို ထင်ဟပ်‌ဖော်ပြ‌နေသည့် သန်း‌ရွှေ လက်‌အောက်ခံ အ ‌ပြောအဆိုများသာ ဖြစ်၏။ ၎င်း၏ သကာဖုံး မိန့်ခွန်းစကားများအ‌ပေါ် မည်သို့မျှ နား‌ယောင်‌နေစရာ မရှိ။

ဗမာပြည်၏ အ‌ပြောင်းအလဲကို ပြည်တွင်းကသာ အဓိက စတင် ‌ဖော်‌ဆောင်ကြရမည် ဖြစ်သည်။ ပြည်သူလူထုဘက်က မိမိတို့ ရပိုင်ခွင့် အခွင့်အ‌ရေးများအား တိုက်ပွဲဝင် တွန်းလှန်ကာကွယ်‌ရေး ဆုံးဖြတ်ချက် မကျကြ‌သေး‌သော်လည်း လူထုအ‌ပေါ် ရန်သူ လို သ‌ဘောထား‌သော စစ်အုပ်စုကမူ အစစအရာရာ ကြိုတင်ပြင်ဆင်ပြီး ဖြစ်‌နေ၏။ စစ်‌ရေးအရ သ‌ဘေင်္ာများ အလွယ်တကူ ဝင်‌ရောက်မှု မပြုနိုင်သည့်‌နေရာကို‌ရွေးကာ ‌နေပြည်‌တော် လုပ်ထား၏။ မီဇိုင်းဒုံးကျည်နှင့် ဓာတုလက်နက်များကို ‌မြောက်ကိုရီး ယား အကူအညီဖြင့် ထုတ်လုပ်‌နေပြီး အနုမြူလက်နက်အထိ တက်လှမ်းထုတ်လုပ်ရန် ကြိုးပမ်း‌နေ၏။ အ‌ရေးကြုံက မိသားစု လိုက် ‌ရှောင်တိမ်းပုန်းခိုနိုင်ရန် ဥမင်လှိုဏ်‌ခေါင်းများလည်း တူးထား၏။ လူထုကို မညှာသလို သူ့လက်ကိုင်တုတ်တပ်ကိုလည်း မညှာ‌ချေ။ မရှုနိုင်မကယ်နိုင် အ‌ခြေအ‌နေတွင် ကိုယ်လွတ်ရုန်းရန်အတွက် တရုတ်ပြည်မှာ အိမ်အချို့ကိုလည်း ‌ဒေါ်လာသန်း ရာ နှင့်ချီ‌ပေး၍ ဝယ်ယူထား၏။ တပ်မ‌တော်နှင့် တိုင်းရင်းသားပြည်သူများ အပါအဝင် တိုင်းပြည်တပြည်လုံး မီးဟုန်းဟုန်း‌တောက်၍ ပျက်စီးသွားမည်ဆိုသည့်တိုင် ၎င်းတို့က ‌နေသာသပ ‌လေညာက အဖြစ်မျိုး ‌အေး‌အေးလူလူ ‌နေနိုင်ရန်အတွက် စီစဉ်ထားခြင်း ဖြစ်၏။

တိုင်းရင်းသားတို့ ပြည်နယ်များ၊ ‌တော‌တောင်‌ဒေသများနှင့် ‌ကျေးရွာများမှာသာမက မြို့ပြလူထုကိုပါ တိုက်ခိုက်နှိပ်ကွပ်နိုင်‌ရေး မြို့ပြတိုက်ပွဲများအတွက် ဒုအရာခံဗိုလ်နှင့် အရာခံဗိုလ်အချို့ကို မြိတ်ခရိုင် ပု‌လောမြို့နယ်တွင်းမှာ သင်တန်း‌တွေ ‌ပေး‌နေကြ ‌ကြောင်းလည်း ကြားသိရ၏။ လူထုအ‌ပေါ် အစီအစဉ်တကျ နှိပ်ကွပ် တိုက်ခိုက်‌ရေး ကြိုတင်‌လေ့ကျင့် ပြင်ဆင်‌နေသည့် ‌စေတ နာဆိုးယုတ်သူများ ဖြစ်၏။

(၄)
စစ်အုပ်စု ကြီးစိုး‌နေသမျှ ဘယ်‌သောအခါမှ ဖြစ်လာမည်မဟုတ်သည့် စစ်မှန်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို ကိုယ့်ဘက်က ဖြစ် ‌အောင်လုပ်‌စေချင်လျှင် စစ်အုပ်စုအား ချကိုချကြရမည် ဖြစ်သည်။ စစ်အုပ်စုအား ‌ကျောင်းမှန်းကန်မှန်းသိ‌အောင် နှိပ်ကွပ်နိုင်မှ သာ စစ်မှန်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို တည်ကြည်ခန့်ညား ကျက်သ‌ရေရှိစွာ ဦး‌ဆောင်ကျင်းပနိုင်မည် ဖြစ်သည်။

အာဏာရှင် စစ်အုပ်စုအား တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး တိုက်ကြပါ ချကြပါ ဆိုသည့်စကားမျိုးကို မ‌ပြောနိုင်ဘဲ ဗမာ ပြည်တွင်း ငြိမ်းချမ်းစွာ အသွင်ကူး‌ပြောင်းနိုင်‌ရေးအတွက် အရင်းခံ ပြဿနာများအ‌ပေါ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌သောနည်းလမ်းဖြင့် အ‌ဖြေရှာ‌ရေးသာ ဆုပ်ကိုင်‌ပြောဆို‌နေခဲ့‌သော ကမ္ဘာ့ငြိမ်းချမ်း‌ရေး နိုဗယ်ဆုရှင် ‌ဒေါ်‌အောင်ဆန်းစုကြည်ထံမှ လူထု၏ လုပ် ‌ဆောင်နိုင်စွမ်းကို အသိ‌ပေး‌ပြောကြားလိုက်သည့် စကားတခွန်း လွန်ခဲ့‌သော ရက်အနည်းငယ်က ဝမ်း‌မြောက်ဖွယ် ကြားလိုက်ရ ‌လေသည်။

ပြီးခဲ့‌သော ဗုဒ္ဓဟူး‌နေ့ နံနက် တိုက်ရိုက်‌လေလှိုင်း အစီအစဉ်မစမီ ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ လူထု၏အ‌မေးများ ကို ‌ဒေါ်‌အောင်ဆန်းစုကြည် ပြန်လည်‌ဖြေကြားရာ၌ လူထု ‌ရှေ့ဆက် ‌လျှောက်လှမ်းရမည့် လမ်း‌ကြောင်းနှင့် ပတ်သက်၍ ပြန် ကြားလိုက်‌သော စကားပင် ဖြစ်၏။

လူငယ်တဦးက “ငြိမ်းချမ်းတဲ့နည်းကသာ လူထုအတွက် ထိခိုက်မှုအနည်းဆုံးနဲ့ အ‌ကောင်းဆုံးလို့ ဆို‌ပေမဲ့ ဖိနှိပ်မှု‌တွေကို ‌တော် လှန်တာဟာ မှန်ကန်တဲ့ နည်းလမ်းမဖြစ်နိုင်ဘူးလား၊ တ‌နေ့ထက်တ‌နေ့ မြင့်တက်လာတဲ့ ကုန်‌ဈေးနှုန်းနဲ့ ‌လျော့ကျမသွားတဲ့ စစ် အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုကို တပ်မ‌တော်သားများ အပါအဝင် ပြည်သူလူထုအ‌နေနဲ့ သည်းမခံနိုင်‌တော့တဲ့တ‌နေ့ မိမိတို့ရဲ့ အ သက်အိုးအိမ် စည်းစိမ်‌တွေကို ကာကွယ်ဖို့အတွက် နယ်ချဲ့နဲ့ ဖက်ဆစ်‌တွေကို ‌တော်လှန်သလို၊ ရရာလက်နက် စွဲကိုင်ပြီး တိုင်း ပြည်အ‌ပြောင်းအလဲအတွက် ‌တော်လှန်ကြလျှင် ဤသို့ လက်နက်စွဲကိုင် ‌တော်လှန်မှုကို အကြမ်းဖက်မှုဟု ‌ခေါ်ဆိုနိုင်ပါသ လား။”ဟု ‌မေးမြန်းသည်ကို ‌ဒေါ်‌အောင်ဆန်းစုကြည် ပြန်လည်‌ဖြေကြားပုံမှာ မှတ်သားဖွယ်ပင် ဖြစ်သည်။

“အကြမ်းဖက်မှုက‌တော့ အကြမ်းဖက်မှုပါပဲ။ လက်နက်စွဲကိုင်ပြီး လှုပ်ရှားတယ်ဆိုရင် အကြမ်းဖက်တယ်လို့ပဲ ‌ပြောရမှာ‌ပေါ့။ ဒါ ‌ပေမဲ့ တရားဥပ‌ဒေက လူတိုင်းလူတိုင်းဟာ မိမိအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ အသိအမှတ်ပြုထားပါ တယ်။ ပြည်သူ‌တွေက သည်းမခံနိုင်‌တော့ဘဲ မိမိအသက်အိုးအိမ်စည်းစိမ်‌တွေကို ကာကွယ်ဖို့အထိ ဖြစ်လာမယ်ဆိုရင်‌တော့ ဒီလိုဖြစ်လာ‌အောင် ဖန်တီးခဲ့သူ‌တွေဟာ အဓိက တာဝန်ရှိတယ်လို့ ‌ပြောရမှာပါ။”

ပြည်သူလူထုအ‌နေဖြင့် မိမိတို့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး‌နှောက်ယှက်လွန်းမက ‌နှောက်ယှက်ခံလာရ‌သော အ‌ခြေအ‌နေ တွင် မိမိတို့၏ အသက် အိုးအိမ် ဥစ္စာစီးပွားကို ကာကွယ်ပိုင်ခွင့်ရှိ‌ကြောင်းနှင့် ထိုသို့ အုံကြွတွန်းလှန် ကာကွယ်မှုအတွက် လူထု တွင် တာဝန်မရှိဘဲ လူထုကို သည်းမခံနိုင်‌တော့သည့် အ‌ခြေအ‌နေ‌ရောက်‌အောင် ဖိနှိပ်တွန်းပို့ခဲ့သူ‌တွေမှာသာ တာဝန်ရှိ ‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ခပ်ရှင်းရှင်း ‌ပြောလိုက်ခြင်း ဖြစ်‌လေသည်။