Home ထိပ်တန်းသတင်း ကမ‌မောင်းရှိ အစိုးရစစ်တပ်အား နယ်ခြား‌စောင့်တပ်များ ဝင်‌ရောက်ပစ်ခတ်

ကမ‌မောင်းရှိ အစိုးရစစ်တပ်အား နယ်ခြား‌စောင့်တပ်များ ဝင်‌ရောက်ပစ်ခတ်

3238
ဇွန်လ ၃၀။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမ‌မောင်း‌ကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူး‌စောဘိဦးသည့် နယ်ခြား‌စောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်‌နေ့ည ၁၂နာရီအချိန်တွင် ဝင်‌ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃ဝကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင် လူ‌နေအိမ်တစ်လုံး မီး‌လောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမ‌မောင်းရွာသူတဦးက ယခုလို ‌ပြောသည်။

“ပစ်ခတ်မှုဖြစ်တာ မိနစ်သုံးဆယ်‌လောက် ကြာတယ်။ လက်နက်ကြီးလက်နက်ငယ် အသံ‌တွေ ဆူညံ‌နေတာပဲ။ အိမ်တလုံး မီး ‌လောင်သွားတယ်။ တံတားတစင်း ပျက်သွားတယ်။ တံတားနားမှာ‌နေတဲ့ လူတ‌ယောက် ‌သေသွားတယ်။ က‌လေး‌တွေလည်း ‌ကြောက်လန့်ပြီး‌တော့ တညလုံးငိုတယ်။ ‌ခွေး‌တွေလည်း တညလုံး‌ဟောင်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုပစ်ခတ်မှုအပြီး မနက်မိုးလင်းအချိန်တွင် အစိုးရစစ်တပ်မှ ရွာတွင်းရှိ အမျိုးသားများကို ‌ပေါ်တာလိုက်လံဖမ်းဆီးမှု‌ကြောင့် ရွာတွင်း ရှိ အမျိုးသားများသည် လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ကြသလို အမျိုးသမီးများသည်လည်း ‌ကြောက်လန့်ကြသည့်အ တွက် အိမ်ထဲက‌နေ အိမ်ပြင်မထွက်ရဲကြ‌ကြောင်း အဆိုပါရွာသူက ‌ပြောသည်။

ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ရင်း(၁၀၁)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌ဖောဒိုက “ဗိုလ်ဘိအဖွဲ့က ဝင်ပြီး ပစ်ခတ်တာက‌တော့ မှန်တယ်။ ဒါ‌ပေမဲ့ ရန်သူ့တပ်ရင်းနံပါတ် အတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုကိုကျ‌တော့ ကျ‌နော်တို့ အ‌သေး စိတ် မသိရ‌သေးဘူး။”ဟု ‌ပြောသည်။

ထို့အပြင် ဗိုလ်မှူး‌စောဘိက နယ်စပ်‌ဒေသရှိ ၎င်း၏လက်‌အောက်ခံ BGF တပ်ဖွဲ့ဝင်များအားလုံးကို စစ်‌ရေးပြင်ဆင်မှု အသင့်အ‌နေ အထားတွင် လုပ်‌ဆောင်ထားရန် ညွှန်ကြားလိုက်သည်ဟု နယ်စပ်‌ဒေသမှ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ဗိုလ်မှူး‌စောဘိ ဦး‌ဆောင်သည့် နယ်ခြား‌စောင့်တပ်(BGF) တပ်ရင်း(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄)များမှ အင်အား ၁,၀၀ဝ ‌ကျော်သည် ‌မေလအတွင်း မြိုင်ကြီးငူ‌ဒေသကို ဝင်‌ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး‌နောက် ‌မေလ ၂၄ရက်‌နေ့မှစ၍ ဒီ‌ကေဘီ‌အေတံဆိပ် ကို ပြန်လည် တပ်ဆင်လိုက်သလို ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)တို့နှင့် ပြန်လည် လက်တွဲခဲ့ပြီးဖြစ်‌ကြောင်း ‌ကေအဲန်အယ်လ် ‌အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီက ‌ကေအိုင်စီကို ‌ပြောခဲ့သည်။

Photo caption (နအဖ အရာရှိများက ဗိုလ်မှူးမုတ်သုန်အား နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းလဲ‌နေစဉ်)

‌နောက်ဆုံးရရှိသည့် သတင်းအရ ယ‌နေ့မနက် ၉နာရီအချိန်တွင် ရတခတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်း‌နေလင်းက အ‌ရှေ့‌တောင်တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှု‌အောက်ရှိ ‌ရှေ့တန်း၊ ‌နောက်တန်းမှ တပ်ရင်းတပ်ဖွဲ့များအားလုံးကို တပ်လှန့်ထားပြီး လက်နက်ကြီး ၂လက်ပါ တပ်စိတ်အင်အား ၂၀‌ကျော် ထုတ်ယူကာ ‌နောက်တန်းကျန် စစ်သည်အင်အားများကိုလည်း တပ်ရင်းမှူးများကိုယ်တိုင် ‌ပေးပို့တင်ပြ ရန် ညွှန်ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။