Home ထိပ်တန်းသတင်း ကရင်တပ်ဖွဲ့ဝင်များက စစ်တပ်သွားလာ နိုင်သည့် တံတား ၃စင်းကို ဖျက်ဆီးခဲ့

ကရင်တပ်ဖွဲ့ဝင်များက စစ်တပ်သွားလာ နိုင်သည့် တံတား ၃စင်းကို ဖျက်ဆီးခဲ့

1406
ဇွန်လ ၃ဝရက်။ ‌ကေအိုင်စီ

နယ်ခြား‌စောင့်တပ်ရင်း (၁၀၁၂)မှ ဗိုလ်မှူး‌စောဘိ၏ တပ်ဖွဲ့ဝင်များနှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များသည် ယ‌နေ့ည‌နေ တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ တံတား ၃စင်းကို ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။

ကမ‌မောင်းနှင့် ‌ရွှေဂွန်း‌ကျေးရွာကြားရှိ တ‌ခေါ့ဖိုး‌နေရာမှ တံတား ၂စင်းနှင့် မီးဆိုင်း‌ကျေးရွာရှိ တံတား ၁စင်းကို ဖျက်ဆီးပစ်ခဲ့ ‌ကြောင်း ဗိုလ်မှူး‌စောဘိက ဆက်သွယ်‌ပြောဆိုလာသည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များက ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)မှ တပ်မှူးတစ်ဦးက “ဗိုလ်ဘိ ‌ပြောပြတာက တ‌ခေါ့ဖိုးမှာ ကျ‌နော်တို့ KNLA အဖွဲ့ဝင်‌တွေနဲ့ သူတို့အ ဖွဲ့‌တွေ ပူး‌ပေါင်းတဲ့အဖွဲ့ဟာ ဗမာစစ်တပ်နဲ့ မ‌နေ့ည ၁ဝနာရီ‌လောက်ကတည်းက ဆက်တိုက် တိုက်ပွဲဖြစ်တယ်။ ဒီည‌နေ ၄နာရီ ‌လောက်မှာ‌တော့ ကရင်အဖွဲ့‌တွေက မင်းဇီရွာက တံတားတစင်း၊ လာ့ခါးတံတားနဲ့ ထီးညာ့ဆားတံတား‌တွေကို ဖျက်ဆီးလိုက် တယ်လို့ အ‌ကြောင်းကြားလာတယ်။”ဟု ‌ပြောသည်။

ယမန်‌နေ့ကတည်းက ယခုအချိန်ထိ ဖြစ်ပွား‌နေသည့် အဆိုပါတိုက်ပွဲတွင် ကရင်တပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ မြန်မာတပ် ဖွဲ့ဝင်များဘက်မှ ထိခိုက်ကျဆုံးမှုရှိပြီး အ‌ရေအတွက် အတိအကျကိုမူ မသိရှိရ‌သေး‌ပေ။