Home သတင်း ဒီမိုက‌ရေစီနဲ့ ဗျူရိုက‌ရေစီမှာသွားတာလား

ဒီမိုက‌ရေစီနဲ့ ဗျူရိုက‌ရေစီမှာသွားတာလား

2707
ကိုဖုန်း

အယ်ဒီတာများခင်ဗျား

အခု အစိုးရသစ်က‌တော့ ဘာမှမလုပ်နိုင်ဘူးဆိုတာ ဆင်‌ခြေဖုန်းရပ်ကွက် ‌ဈေးသူ‌ဈေးသားများ၊ ဆင်းရဲသားများကအစ သိ‌နေ ပါတယ်။ အစိုးရလုပ်နိုင်တာ ကားလိုင်စင်ချ‌ပေးတာရယ်၊ တယ်လီဖုန်း‌တွေ ချ‌ပေးတာရယ်ပဲ လုပ်နိုင်ပါတယ်။ တကယ်လိုအပ် တာ ပြည်သူလူထု စားဝတ်‌နေ‌ရေး ဖူလုံဖို့အတွက် ‌ခေတ်နှင့်‌လျှော်ညီ‌သော ပတ်ဝန်းကျင်နိုင်ငံ‌တွေနဲ့ တန်းတူ အလုပ်အကိုင် အခွင့်အလမ်း‌တွေပါ။ အစိုးရအ‌နေနဲ့ လယ်ယာစိုက်ပျိုး‌ရေးကိုပဲ ဦးတည်‌နေပါတယ်။ တနိုင်ငံလုံးက ပြည်သူ‌တွေက လယ်ထဲ ဆင်းရမှာလား။ စစ်အစိုးရ ခုတ်ထွင်‌ရောင်းစားခဲ့လို့ သစ်‌တောသယံဇာတ‌တွေ ကုန်‌နေပါပြီ။ သဘာဝပတ်ဝန်းကျင်လည်း စစ် အစိုးရ‌ကြောင့် ပျက်စီးခဲ့လို့ မြန်မာနိုင်ငံမှာ မုန်တိုင်းကြီး ၂ကြိမ်၊ ‌မြေငလျင်တစ်ကြိမ် လှုပ်ခဲ့တာ ကမ္ဘာအသိပဲ ဖြစ်ပါတယ်။ ယ‌နေ့အချိန်အခါမှာလည်း ရာသီဥတုမ‌ကောင်းတာ‌ကြောင့် လာမဲ့နှစ်မှာ ဆန်‌ရေစပါး ရှားပါးမှာပါ။ လယ်ယာစိုက်ပျိုး‌ရေး မ‌အောင်မြင်ရင် ဘာလုပ်မလဲဆိုတာကို ‌တွေး‌တောသင့်ပါတယ်။ တဖက်မှာ လယ်ယာစိုက်ပျိုး‌ရေးကို ‌ဆောင်ရွက်သလို တစ် ဖက်မှာလည်း စက်မှုလုပ်ငန်း အ‌ကောင်အထည်‌ဖော်ရမှာပါ။ အစိုးရသစ်ရဲ့ ပြည်သူလူထုအ‌ပေါ် အလုပ်အကိုင် အခွင့်အလမ်း သစ်ဆိုတာ ကွမ်းယာ‌ရောင်း၊ ချဲ‌ရောင်း၊ လမ်း‌ဘေး‌ဈေး‌ရောင်းတဲ့ အခွင့်အလမ်း‌တွေလား။ ဝန်ထမ်းငယ်‌တွေ‌တောင် လစာနဲ့ လုံ ‌လောက်‌အောင် မ‌ကျွေးနိုင်ပါဘူး။ ‌အောက်‌ခြေစစ်သား‌တွေလည်း ငတ်ပြတ်‌နေပါပြီ။ တက်လာတဲ့ ပြည်နယ်/တိုင်း‌ဒေသကြီး ဝန် ကြီး‌တွေကလည်း ဘာမှနားမလည်။ ဝန်ကြီးကား‌တွေစီးပြီး ည‌နေဆိုရင် ‌ဂေါက်ကွင်း ‌ရောက်‌နေကြတာပါပဲ။

အစိုးရသစ်အ‌နေနဲ့ ပြည်တွင်းမှာလည်း နိုင်ငံ‌ရေးသမား‌တွေကို နှိပ်ကွပ်သလို၊ နယ်စပ်‌တွေမှာလည်း တိုင်းရင်းသား လက်နက် ကိုင်‌တွေကို လူမျိုး‌ရေးပြုန်းတီး‌အောင် အမြစ်ပြတ် ‌ချေမှုန်း‌နေတယ်။ ‌ထောင်ထဲမှာရှိတဲ့ နိုင်ငံ‌ရေးသမား‌တွေကိုလည်း အလိုအ ‌လျောက် ‌သေ‌ကြေ‌စေရန် ရုရှားနည်းပညာနဲ့ အစားအ‌သောက်‌တွေမှာ အရိုး‌ပျော့‌ဆေး‌တွေ ထည့်သုံး‌ကျွေး‌နေတာကို သိရပါ တယ်။ ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုရဲ့ ညွှန်ကြားချက်‌ကြောင့် လျှို့ဝှက်သုံးစွဲခဲ့ရတယ်လို့ ‌ထောင်ဆရာဝန်အ ချို့နဲ့ ‌ထောင်ပိုင်ကြီး‌တွေက‌နေ သိရပါတယ်။ ပြည်ထဲ‌ရေးဝန်ကြီးရဲ့ မျက်နှာကိုကြည့်ရင် ရက်စက်တတ်တဲ့ စစ်ရာဇဝတ်‌ကောင် ပုံရဲ့စိတ်ဟာ သူ့မျက်နှာမှာ ထင်ဟပ်‌နေတာကို အဂင်္ဝိဇ္ဖာနည်းနဲ့ ‌လေ့လာလို့ရပါတယ်။ အစိုးရသစ်က စစ်အစိုးရ အုပ်ချုပ်တဲ့ ပုံစံ အတိုင်း အုပ်ချုပ်‌နေတာကို ‌တွေ့ရပါတယ်။ ဘာမှလည်း မ‌ပြောင်းလဲပါဘူး။ စစ်မှန်တဲ့ ဒီမိုက‌ရေစီဆိုတာ ဗျူရိုက‌ရေစီကို ‌ပြော တာလားခင်ဗျား။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ လက်နက်ကိုင်တပ်မ‌တော်မှလွဲ၍ ဘာမှမရှိ‌စေရဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်‌တွေကို ဂျပန်‌ခေတ်လို၊ နာဇီလို အမြစ်ပြတ်‌ချေမှုန်း‌နေတာ နှစ်‌ပေါင်း ၆၀‌ကျော် ရှိ‌နေပါပြီ။ စစ်အစိုးရအုပ်ချုပ်ခဲ့တာလည်း နှစ်‌ပေါင်း ၆ဝ ‌ကျော်‌နေပါပြီ။ ဘာမှလည်း တိုးတက်တာ မ‌တွေ့ရပါဘူး။ ပြည်သူ‌တွေမှာ လွတ်လပ်‌ရေးရပြီးကတည်းက ငတ်ပြတ်‌နေတာ အခု ဆိုရင် အဖိုးအဖွား‌တွေ‌တောင် ဖြစ်‌နေပါပြီ။ ‌နေဝင်းအစိုးရအဖွဲ့ ချမ်းသာလိုက်၊ သန်း‌ရွှေအစိုးရအဖွဲ့ ချမ်းသာလိုက်၊ အခု သိန်းစိန် အစိုးရအဖွဲ့က‌တော့ ချမ်းသာပြီးသားဆို‌တော့ ထပ်ချမ်းသာအုံးမှာပါ။ လွတ်လပ်‌ရေးဖခင်ကြီး ဗိုလ်ချုပ်‌အောင်ဆန်းကို တခါတရံ ကျွန်‌တော်တို့ ဦး‌နှောက်‌သေး‌သေးနဲ့ စဉ်းစားပြီး အပြစ်တင်မိပါတယ်။ လွတ်လပ်‌ရေးကို ‌စော‌စောယူခဲ့လို့ ပါ။ အဂင်္လိပ်နယ်ချဲ့လက်‌အောက်မှာ ကြာ‌နေရင်‌တောင် တိုးတက်တာ ‌တွေ့ရအုံးမှာပါလို့။ ပြည်သူ‌တွေထံမှာ အခွန်အမျိုးမျိုး ‌ကောက်ပြီး ပြည်သူ‌တွေရဲ့အ‌ရေခွံကို ခွာတယ်။ တိုင်းပြည်မှာထွက်တဲ့ သယံဇာတ‌တွေကို ဘယ်‌နေရာမှာသုံးမှာ လဲ။ လက်နက်ဝယ်ဖို့လား။ မိသားစု‌တွေ တရုတ်မှာ ခိုလှုံဖို့လား ‌မေးစရာဖြစ်‌နေပါတယ်။ ‌ရှေ့လာမဲ့နှစ် ဆန်‌ရေစပါးရှားပါးလို့ ပြည်သူ‌တွေ ငတ်မွတ်‌ခေါင်းပါးတဲ့အခါ အစိုးရက ပြည်သူ‌တွေကို ဆန်‌တွေ‌ဝေမျှမှာ မဟုတ်ပါဘူး။ ‌ဈေးကြီးတဲ့ ကျည်ဆန်‌တွေပဲ ‌ဝေမျှမှာပါ။

အခုအချိန် မြန်မာနိုင်ငံမှာ ဘုရားပွင့်ခဲ့ရင်‌တောင် မြတ်စွာဘုရားလည်း နိုင်ငံ‌ရေးတရား‌ဟောမိရင် ‌ထောင်ထဲ ထည့်မှာပဲ။ စစ်အ စိုးရဟာ ဗုဒ္ဒဘာသာစစ်စစ် ကိုးကွယ်တာ မဟုတ်ပါဘူး။ အ‌ယောင်‌ဆောင်ဘုန်းကြီး‌တွေကို ကန်‌တော့‌နေတာပါ။ ဗုဒ္ဒဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်ဆလင် မဟုတ်တဲ့ အကျင့်ဆိုး၊ နတ်ဆိုးကို အိမ်မှာ ကိုးကွယ်‌နေကြတာပါ။ ဒါ‌ကြောင့် ဘုန်းကြီးရဟန်း ‌တွေကို ‌ခေါင်းရိုက်ခွဲ၊ ‌ထောင်ချ၊ လုပ်ရဲတာပါ။ ဘာသာတိုင်းဟာ အကြင်နာတရား ရှိပါတယ်။
ဒါ‌ကြောင့်မို့ လိမ်လည်‌ပြောဆိုတတ်တယ်။ မတရားအနိုင်ယူတတ်တယ်။ သူတပါးပစ္စည်းဥစ္စာကို လိုချင်တယ်၊ သတ်ရဲဖြတ်ရဲ တယ်။ လစ်ဗျားနိုင်ငံက ကဒါဖီလို ပုံစံတူ‌နေတယ်။ စစ်အစိုးရ‌ရေးဆွဲတဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ဟာ ဒီမိုက‌ရေစီနဲ့ ဗျူရိုက‌ရေစီနဲ့များ မှား‌နေလားလို့ အယ်ဒီတာများသိ‌အောင် တင်ပြလိုပါတယ်။