Home ထိပ်တန်းသတင်း ဓါးစာခံရွာသား ၁၀၀‌ကျော်အား အစိုးရစစ်တပ် ပြန်လွှတ်‌ပေးခဲ့

ဓါးစာခံရွာသား ၁၀၀‌ကျော်အား အစိုးရစစ်တပ် ပြန်လွှတ်‌ပေးခဲ့

1438
ဇူလိုင်လ ၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ‌သော အဇင်းရွာသား ၁၀၀‌ကျော်ကို အစိုးရစစ်တပ်က ယမန်‌နေ့တွင် ပြန်လွှတ်‌ပေးလိုက်ပြီဟု သိရသည်။

ထို‌ဒေသရှိ ကရင်တပ်ဖွဲ့များက ၎င်းတို့ အရှင်ဖမ်းဆီးရမိသည့် စစ်တပ်မှ ဒုတပ်ကြပ်တဦးအား ယမန်‌နေ့က ပြန်လွှတ်‌ပေးလိုက်ပြီး ‌နောက် စစ်တပ်ဘက်မှလည်း ဓါးစာခံအဖြစ် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာသားများကို ယခုလို ပြန်လွှတ်‌ပေးလိုက်ခြင်း ဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ယင်းသို့ ရွာသားများ ပြန်လည် လွတ်‌မြောက်လာ‌သော်လည်း ရွာပြင်ရှိ ၎င်းတို့၏ လုပ်ငန်းခွင်သို့သွားပါက ယခင်လို ညအိပ်သွားလာ ခွင့်မရှိ‌တော့ဘဲ ‌နေ့ချင်းပြန်ဖြင့်သာ သွားလာခွင့်ရှိသည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(‌ကေအိတ်ချ်အာရ်ဂျီ)၏ ‌ပြောခွင့်ရ ‌စောအဲလ် ဘတ်က ‌ပြောသည်။

“စစ်တပ်က သုံး‌လေးရက် ထိန်းသိမ်းထားပြီး‌တော့ အခု ပြန်လွှတ်လိုက်ပြီလို့ ကျ‌နော်တို့ သိရတယ်။ ဒါ‌ပေမယ့် အလုပ်ခွင်ကိုသွား ရင် ညအိပ်သွားလို့ မရဘူး။ ‌နေ့ချင်းပြန်ပဲ သွားခွင့်ရှိတယ်။”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့များ အစိုးရကို ပြန်လည် တိုက်ခိုက်ပြီး‌နောက်ပိုင်း အဇင်း‌ကျေးရွာတွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျှက် ရှိပြီး ပြီးခဲ့သည့် ဧပြီလကလည်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် ရာနှင့် ချီသည့် ရွာသားများ ထိုင်းနိုင်ငံနယ်စပ်၊ အုန်းဖန်မြို့နယ်သို့ ‌ခေတ္တ ထွက်‌ပြေးခိုလှုံခဲ့ရသည်။