Home ထိပ်တန်းသတင်း လှိုင်းဘွဲမြို့ မြစ်‌ရေကြီးမှု အနည်းငယ်သာ ‌လျော့ကျ‌သေး

လှိုင်းဘွဲမြို့ မြစ်‌ရေကြီးမှု အနည်းငယ်သာ ‌လျော့ကျ‌သေး

1798
ဇူလိုင်လ ၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်း လှိုင်းဘွဲမြို့‌ပေါ်တွင် ဇွန်လ ၂၆ရက်မှ ၃ဝရက်‌နေ့အထိ လှိုင်းဘွဲ‌ချောင်း‌ရေ လျှံတက်မှု‌ကြောင့် မြို့‌ပေါ်ရှိ ရပ်ကွက်အ‌တော်များများ ‌ရေလွှမ်းမိုးခဲ့ပြီး ယခုအချိန်ထိ အနည်းငယ်သာ ‌လျော့ကျ‌သေး‌ကြောင်း မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

လှိုင်းဘွဲမြို့ခံတစ်ဦးက “‌ရေ‌တွေက နည်းနည်း‌လျော့သွားပြီ ဆို‌ပေမဲ့ လုံးဝ ကျသွားတာ‌တော့ မဟုတ်‌သေးဘူး‌ပေါ့။ လမ်းမတန်း နားက အိမ်‌တွေက လူ‌တွေပြန်လာ‌နေကုန်ကြပြီ။ အနိမ့်ပိုင်းကျတဲ့ ‌နေရာ‌တွေက‌တော့ ‌ရေ‌တွေရှိ‌နေတုန်းပဲ။ အရင်ရက်‌တွေက အိမ်‌ပေါ်ထိ ‌ရေတက်တယ်‌လေ။ အခု‌တော့ အိမ်‌အောက်နား‌လောက် နည်းနည်း ပြန်ကျသွားတယ်။”ဟု ဆိုသည်။

အဆိုပါ‌ချောင်းသည် လှိုင်းဘွဲမြို့တွင်းကို ဖြတ်သန်းသွားသည့်အတွက် နှစ်စဉ် မိုးရွာသွန်းမှုများပါက ‌ရေလွှမ်းမိုးမှုဒဏ်ကို မြို့သူ မြို့သားများ ရင်ဆိုင်ရ‌လေ့ရှိ‌သော်လည်း ယခုနှစ်တွင် မြို့ပြင်ရှိ လယ်ကွင်းများနှင့် မြို့တွင်း ရပ်ကွက်အားလုံး ‌ရေမြှုပ်သည်ဟု ‌ရေ‌ဘေးဒုက္ခသည် ‌ဒေါ်မကြည်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူမက “‌ရေကြီးလာမှာ‌တော့ သိတယ်။ ဒီ‌လောက်အထိ‌တော့ မထင်ခဲ့ဘူး။ ၂၆ရက်နဲ့ ၂၇ရက်‌နေ့မှာ အ‌တော်ကြီး ‌ရေကြီးလာ တယ်။ အိမ်‌ပေါ်အထိ ‌ရေ‌ရောက်တယ်။ ရပ်ကွက်အားလုံးလိုလိုပါပဲ။ ဗလီ‌ကျောင်းရယ်၊ မြို့မဘုန်းကြီး‌ကျောင်းရယ်၊ မြို့ရဲ့ ဗဟို အလယ်‌လောက်ပဲ ‌ရေမ‌ရောက်တာ။ အ‌ဒေါ်တို့ဆို ၂၈ရက်အထိ ဗလီ‌ကျောင်းမှာ ‌နေရတယ်။ တချို့‌တော့ အ.ထ.က စာသင် ‌ကျောင်းမှာ သွားခို‌နေခဲ့ကြတယ်။ ၃ဝရက် မ‌နေ့က‌တော့ ‌ရေက ၂‌ပေ‌လောက် ကျသွားပါပြီ။”ဟု ‌ပြောသည်။

မွတ်ဆလင် ဗလီ‌ကျောင်းနှင့် စာသင်‌ကျောင်းများတွင် ယာယီ သွား‌ရောက်ခိုလှုံ‌နေရသည့် ‌ရေ‌ဘေးဒုက္ခသည်များကို ဇွန်လ ၂၇ ရက်‌နေ့က ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖလုံ-စ‌ဝေါ်ပါတီဝင်များနှင့် ‌စေတနာရှင်များက လူသုံးပစ္စည်းနှင့် စားကုန်အချို့ကို သွား‌ရောက်ကူညီခဲ့ကြသည်ဟု ပြည်နယ်လွှတ်‌တော်အမတ် ‌စောမင်း‌အောင်လင်းက ‌ပြောပြသည်။

“ကျ‌နော်တို့ ပြည်နယ်အစိုးရအဖွဲ့ ၂၇ရက်‌နေ့က သွား‌ရောက်ကူညီခဲ့ပါတယ်။ ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်‌ဇော်မင်းလည်း ပါတယ်။ ဆန် ၂၂အိတ်၊ ဆီ၊ အဝတ်အစား၊ လူသုံးကုန်ပစ္စည်း အ‌တော်ပါပါတယ်။ ကျ‌နော်တို့မလာခင် ၂၆ရက်‌နေ့မှာ ဖလုံ-စ‌ဝေါ်ပါတီက ဆန် ၁၄အိတ်၊ ကြံ့ခိုင်ပါတီက ဆန် ၂အိတ် လာ‌ရောက်ကူညီပါတယ်။”ဟု ‌စောမင်း‌အောင်လင်းက ဆိုသည်။

‌ရေကြီးမှုမှာ ယမန်‌နေ့က အနည်းငယ် ‌လျော့ကျလာသည့်အတွက် အ.ထ.က(‌ကျောင်းခွဲ)မှ ‌ကျောင်းသားများမှာ ယမန်‌နေ့က ‌ကျောင်းပြန်တက်‌နေပြီဖြစ်‌သော်လည်း စည်ပင်သာယာ‌ဈေးကြီးတွင် ‌ဈေးသည်များမှာ ‌ဈေး‌ရောင်း၍ မရ‌သေးသလို အမှတ်(၂) အလယ်တန်း‌ကျောင်းကိုလည်း လက်ရှိအချိန်တွင် ‌ကျောင်းပိတ်ထား‌နေရဆဲဖြစ်သည်ဟု လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက ‌ပြော သည်။

‌ရေ‌ဘေးဒုက္ခသည်ဦး‌ရေကို အတိအကျ မသိရ‌သော်လည်း ၎င်းတို့ကို လာ‌ရောက်လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်၊ ဆီ၊ ‌စောင်၊ ဆပ်ပြာခဲ၊ မျက်နှာ သုတ်ပုဝါများဖြစ်ပြီး ‌လောက်ငှမှုမရှိသည့်အတွက် မဲနှိုက်စနစ်ဖြင့် လက်ခံရယူရသည်ဟု လှိုင်းဘွဲမြို့မှ လဝက ဝန်ထမ်းတစ်ဦးက ‌ပြောသည်။

သူမက “အရင်ရက် ‌ရေမြှုပ်တုန်းက ‌စောင်၊ ဆပ်ပြာခဲ၊ မျက်နှာသုပ်ပုဝါနဲ့ ဆန်‌တွေ လာကူညီတဲ့သူ‌တွေရှိတယ်။ ဒါ‌ပေမဲ့ တစ် ‌ယောက်ကို တစ်မျိုးစီပဲ မဲနှိုက်ပြီး ယူရတယ်။ ကျမက‌တော့ ‌စောင်တစ်ထည်‌ပေါက်တယ်။ ဆန်က‌တော့ လူတစ်‌ယောက်ကို ၈ ပြည် ‌ပေးတယ်။”ဟု ‌ပြောသည်။

‌မြေပြန့်‌နေရာဖြစ်ပြီး ‌ရေလွှမ်းမိုးလွယ်သည့် လှိုင်းဘွဲမြို့မှာ နှစ်စဉ် ‌ရေကြီးသဖြင့် အချို့‌မြေနိမ့်ပိုင်းတွင် ‌နေထိုင်သူများမှာ မိုး တွင်း၌ သွားလာရန် ‌လှေများကို ‌ဆောင်ထားရသလို ပြီးခဲ့သည့် ၂နှစ်ခန့်က လူ‌နေအိမ်‌ခေါင်မိုး နှစ်မြှုပ်သည်အထိ ‌ရေလွှမ်းမိုးမှု အကြီးအကျယ် ဖြစ်ခဲ့ဖူးသည်။