Home ထိပ်တန်းသတင်း ဖိနပ်စက်ရုံအလုပ်သမား ၂,၀၀၀‌ကျော် လုပ်အားခအတွက် ဆန္ဒပြ

ဖိနပ်စက်ရုံအလုပ်သမား ၂,၀၀၀‌ကျော် လုပ်အားခအတွက် ဆန္ဒပြ

2005
ဇူလိုင်လ ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ တစ်ဖက်ရှိ ထိုင်းဘက်ခြမ်းမှ ဖိနပ်စက်ရုံတရုံ၌ ယ‌နေ့မွန်းလွဲပိုင်းတွင် အလုပ်သမား ၂,၀၀၀‌ကျော်က ၎င်းတို့၏ လုပ်အားခအတွက် ‌တောင်းဆိုရာမှ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယ‌နေ့မွန်းလွဲ ၂နာရီအချိန်တွင် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်နှင့်ကပ်လျှက် ဘာစီနီဖိနပ်စက်ရုံတွင် အလုပ်လုပ်‌နေ‌သော မြန်မာ အလုပ်သမား ၂,၅၀၀‌ကျော်သည် အလုပ်ရှင်ကို လုပ်အားခတိုး‌တောင်းရာမှ အဆင်မ‌ပြေဘဲ ဆန္ဒပြမှု စတင် ဖြစ်ပွားရခြင်းဖြစ် သည်ဟု ဆန္ဒပြသည့် အလုပ်သမားများက ‌ပြောသည်။

ဆန္ဒပြအလုပ်သမား ကိုသန့်ဇင်က “ကုန်‌ဈေးနှုန်း‌တွေ တက်တယ်မဟုတ်လား။ ဒါ‌ကြောင့် လူသစ်‌တွေကို တ‌ယောက်ကို ၁၀ဝ တိုး‌ပေး။ လူ‌ဟောင်း‌တွေကျ‌တော့ တရက်ကို ၃ဝ ထပ်တိုး‌ပေး။ သူ‌ဌေးက မ‌ပေးနိုင်ဘူး။ သုံးဆယ်မရရင် ၂၀‌တောင်းတယ်။ မရ ဘူး။ သူ‌ဌေးက ၅ ဘတ်တိုးမယ်။ ကျ ‌နော်တို့‌တွေ မယူဘူး။ ဂိတ်ဆုံး ၁ဝတိုး‌ပေးမယ်။ လက်မခံဘူး။ မလုပ်နိုင်ရင်လည်း ထွက် ‌ပေါ့လို့ ‌ပြောတယ်။ မွန်းလွဲ ၂နာရီက‌နေစပြီး ‌ဆွေး‌နွေးတာ တနာရီ‌လောက် ကြာတယ်။ သူ‌ဌေးက လက်မခံဘူး။ အဆင်မ‌ပြေ ‌တော့ ကျ‌နော်တို့လည်း အကုန်လုံး ထွက်တယ်‌ပေါ့။”ဟု ‌ပြောသည်။

ထို့အပြင် ည‌နေ ထိုင်းစံ‌တော်ချိန် ၆နာရီခွဲတွင် ဆန္ဒပြမှုတွင် ဦး‌ဆောင်သူများ၊ မြန်မာဘက်ခြမ်းက ရပ်ဖိရပ်ဖလူကြီးများနှင့် ဖိနပ်စက်ရုံ သူ‌ဌေးတို့ ‌နောက်ထပ်တစ်ကြိမ် ထပ်မံ ‌ဆွေး‌နွေးကြ‌သော်လည်း နှစ်ဖက် သ‌ဘောတူညီမှုမရရှိခဲ့‌ကြောင်း အဆိုပါ အလုပ်သမားက ‌ပြောသည်။

အလုပ်ရုံ ၃ရုံဖြင့် မြန်မာအလုပ်သမား‌ပေါင်း ၂,၅၀၀‌ကျော်ရှိသည့် ဘာစီနီဖိနပ်စက်ချုပ်စက်ရုံတွင် အလုပ်သမားအသစ်တစ်ဦး မှာ တရက်လျှင် ဘတ် ၇ဝရရှိပြီး လူ‌ဟောင်းများက ဘတ် ၁၀၀‌ကျော်ရရှိကြသည်ဟု သိရသည်။

ယ‌နေ့ ဆန္ဒပြမှုတွင် အလုပ်ရှင်ဘက်က ခြိမ်း‌ခြောက်အကြပ်ကိုင်မှု တစုံတရာ မရှိ‌သော်လည်း မြန်မာဘက်ခြမ်းက အာဏာပိုင် များက ဖွံ့ဖြိုး‌ရေးလုပ်ငန်းအတွက်ဟုဆိုကာ အလုပ်သမားများထံမှ ‌နေ့စဉ် ‌ငွေ‌ကောက်ခံ‌သော‌ကြောင့် လုပ်အားခ ‌လောက်ငှမှု မရှိဘဲ ယခုလို ဆန္ဒပြမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ အမည်မ‌ဖော်လိုသည့် ရပ်ကွက်လူကြီးတဦးက ‌ပြောသည်။

၎င်းက “ကျ‌နော်သိရသ‌လောက်‌တော့ ဘုရားသုံးဆူက ဖွံ့ဖြိုး‌ရေးအသင်းက ဖွံ့ဖြိုး‌ရေးနံမယ်တပ်ပြီး‌တော့ အဲဒီမှာ အလုပ်သွား လုပ်တဲ့လူ‌တွေဆီက တစ်‌ယောက်ကို ၅ဘတ်နှုန်းလား၊ ၁ဝဘတ်နှုန်းလား ‌ကောက်တယ်။ ဒါ‌ကြောင့် အလုပ်သမား‌တွေလည်း သူ‌ဌေးဆီက လုပ်အားခ တိုး‌တောင်းတယ်။ သူ‌ဌေးကလည်း လက်မခံတဲ့အခါကျ‌တော့ အဆင်မ‌ပြေဘူး‌ပေါ့။”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မြန်မာဘက်ခြမ်းမှ ‌သောင်းနှင့်ချီသည့် အလုပ်သမားများသည် မနက်အလုပ်ဆင်း၊ ည‌နေအလုပ်ပြန် သ‌ဘောမျိုးဖြင့် ထိုင်းဘက်ခြမ်းရှိ ဖိနပ်စက်ရုံ၊ အထည်စက်ရုံများတွင် ‌နေ့ချင်းပြန် သွား‌ရောက်အလုပ်လုပ်ကြ သည်ဟု သိရသည်။