Home ထိပ်တန်းသတင်း မြဝတီဗုံး‌ပေါက်မှု ထိခိုက်သူ မရှိ

မြဝတီဗုံး‌ပေါက်မှု ထိခိုက်သူ မရှိ

1592
ဇူလိုင် ၁၁ရက်။ ‌ကေအိုင်စီ

မြဝတီမြို့၊ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးရုံး အ‌နောက်ဘက်တွင် ယမန်‌နေ့ည မြန်မာစံ‌တော်ချိန် ၈နာရီ‌ကျော်တွင် ဗုံးတစ်လုံး‌ပေါက်ကွဲခဲ့ရာ ထိခိုက်‌သေ‌ကြေမှု မရှိ‌ကြောင်း သိရသည်။

မြို့ခံတစ်ဦးက “ဗုံး‌ပေါက်တဲ့အသံက‌တော့ အ‌တော်ကျယ်တယ်။ ‌နေရာက ကြံ့ခိုင်‌ရေးရုံးအ‌နောက်ဘက်က ‌မြောင်းထဲမှာ ‌ပေါက် တာ။ ဘယ်သူ့ကိုမှ ထိခိုက်သွားတာ မရှိပါဘူး။”ဟု ဆိုသည်။

ထို‌ပေါက်ကွဲမှု‌ကြောင့် နယ်‌မြေခံရဲများက အခင်းဖြစ်ရာ‌နေရာသို့ ‌ရောက်ရှိလာပြီး စစ်‌ဆေးမှုများ အနည်းငယ် ပြုလုပ်ခဲ့‌သော် လည်း တရားခံကို မ‌ဖော်‌ဆောင်နိုင်‌သေး‌ပေ။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၈ရက်‌နေ့ (‌သောကြာ‌နေ့)ကလည်း ဖားအံမြို့‌ဈေးကြီး အ‌ဆောက်အဦရှိ ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ် ငန်းဘဏ်‌အောက်ထပ် ‌မြေညီထပ်တွင် ခြင်းနှင့်ထည့်ထား‌သော မ‌ပေါက်ကွဲ‌သေးသည့် ဗုံးတစ်လုံးကို ‌ဈေးသူ‌ဈေးသားများက ‌တွေ့ရှိခဲ့သည်ဟု သိရသည်။