Home ထိပ်တန်းသတင်း ထိတ်လန့်‌ကြောက်ရွံ့မှု‌ကြောင့် ကြိတ်ရွာသားများ အလုပ်အကိုင်ပျက်‌နေ

ထိတ်လန့်‌ကြောက်ရွံ့မှု‌ကြောင့် ကြိတ်ရွာသားများ အလုပ်အကိုင်ပျက်‌နေ

1307
ဇူလိုင်လ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်‌ကျေးရွာတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာ ခဏ ဖြစ်ပွား‌သော‌ကြောင့် ယခုအချိန်တွင် ရွာသားများသည် ထိတ်လန့်‌ကြောက်ရွံ့ကြပြီး အလုပ်အကိုင်လည်း ပျက်ရသည်ဟု ရွာ သားများက ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့နှင့် KNLA ပူး‌ပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် လအနည်းငယ်က ကြိတ်ရွာအတွင်း ဝင်‌ရောက် စခန်းထိုင်‌နေသည့် အစိုးရစစ်တပ် တပ်မ(၂၂) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များအား လက်နက်ကြီးငယ်များဖြင့် မကြာခဏ လာ ‌ရောက်ပစ်ခတ်ရာမှ ယခုလို ရွာသူရွာသားများ ထိတ်လန့်‌ကြောက်ရွံ့ကြခြင်းဖြစ်သည်ဟု ကြိတ်ရွာသားတဦးက ‌ပြောသည်။

၎င်းက “တလကို ၂ကြိမ်၊ ၃ကြိမ်‌လောက် ‌တောကလူ‌တွေ လာပစ်‌တော့ စစ်တပ်စခန်းနဲ့ အိမ်နီးတဲ့ ကျ‌နော်တို့‌တွေဆို စိုးရိမ်စိတ်‌တွေ များလွန်းပြီး‌တော့ အိပ်လို့‌တောင် မ‌ပျော်ဘူး။ တိုက်ပွဲဖြစ်မှာ ‌ကြောက်‌နေရတာကတစ်ဖက်ဆို‌တော့ အလုပ်‌တောင် ‌ကောင်း‌ကောင်း မလုပ်ရဘူး။ အခု အ‌ခြေအ‌နေက အရင်ကလို ‌အေး‌အေး‌ဆေး‌ဆေး အလုပ်သွားလို့ မရ‌တော့ဘူး။ ဘာပဲလုပ်လုပ် ‌လော‌နေရတာ ချည်းပဲ။”ဟု ‌ပြောသည်။

မြန်မာစစ်တပ်သည် ယခင်က ‌ကျေးရွာအပြင်ဖက်တွင်သာ စခန်းချ တပ်စွဲ၊ လှုပ်ရှား‌သော်လည်း ယခု‌နောက်ပိုင်းတွင် ရွာအတွင်း အလယ်ဗဟိုကျသည့် ‌နေရာတွင်သာ စခန်းချလာခဲ့သည့်အတွက် ကရင်တပ်ဖွဲ့များက ရွာအတွင်း ‌ပြောက်ကျားဝင်‌ရောက် ပစ်ခတ် ‌နေခြင်း ဖြစ်သည်။

၎င်းအပြင် တိုက်ပွဲဖြစ်နိုင်ပြီး အ‌ခြေအ‌နေ မ‌ကောင်းသည့်ရက်များတွင် စစ်တပ်စခန်းနှင့် အလွန်နီးသည့် ‌နေအိမ်တချို့မှ အမျိုးသမီး နှင့် က‌လေးငယ်များမှာ စစ်တပ်နှင့်‌ဝေးရာ ‌ဆွေမျိုး၊ အသိမိတ်‌ဆွေအိမ်များထံသို့ တိမ်း‌ရှောင်အိပ်စက်ကြရ‌ကြောင်း သိရသည်။

ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာမှ ဗိုလ်မှူး‌စောဆန်း‌အောင်က “ရွာသား‌တွေက‌တော့ အ‌ကြောက်လွန်‌နေတာ‌ပေါ့။ ကျ‌နော်တို့က လည်း စစ်တပ်ကိုပဲ အဓိကထား ပစ်ခတ်တာပါ။ ‌နောက်ပြီး စစ်တပ် အလစ်အငိုက်ကို ရွာသားမသိ‌အောင် လုပ်တာပဲ။ အပြန်အလှန် အကြီးအကျယ် ပစ်ခတ်မှု‌တော့ ကျ‌နော်တို့ မလုပ်ပါဘူး။ အဲလိုလုပ်ရင် လူထုကိုထိမှာ‌ပေါ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုအချိန်ထိ ကြိတ်‌ကျေးရွာတွင် ပစ်ခတ်မှု‌ကြောင့် ရွာသားများ ထိခိုက်မှုမရှိ‌သေးသလို ကြိတ်ရွာအနီးတဝိုက်ရှိ ‌ကျေးရွာများနှင့် စစ်တပ်စခန်းချသည့် အဇင်း၊ မိနန်အပ် စသည့်ရွာများမှ ရွာသားများလည်း အလားတူ ထိတ်လန့်‌နေကြသလို ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ ဝင်များ ရွာတွင်းဝင်‌ရောက်လျှင်လည်း ‌ရှောင်ရှား‌နေ‌ကြောင်းလည်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့ကပင် ‌ပြောဆိုသည်။

ထို‌ဒေသတွင် စခန်းချကာ လှုပ်ရှား‌နေသည့် မြန်မာစစ်တပ်သည် ယခင်က ‌ကျေးရွာ‌ဒေသခံများနှင့် ဆက်ဆံမှုရှိ‌သော်လည်း ယခု ‌နောက်ပိုင်း ပတ်သက်မှုမလုပ်ဘဲ သီးသန့်သာ ‌နေထိုင်သွားလာ‌နေ‌ကြောင်း ကြိတ်ရွာသားတစ်ဦးက ‌ပြောသည်။

“စစ်တပ်က အရင်ကဆို ကျ‌နော်တို့ရွာသား‌တွေနဲ့ ‌ခေါ်‌ပြောတာ၊ ‌ဘောလုံးကစားတာ‌တွေ ရှိတယ်။ အခုဆို ‌ခေါ်‌ပြောတာလည်း မရှိ သလို ခပ်ကင်းကင်း၊ ခပ်တင်းတင်းပဲ ‌နေ‌တော့တယ်။ ကျ‌နော်တို့လည်း မ‌ခေါ်‌ပြောရဲပါဘူး။ အဖက်ဖက်ကို ‌ကြောက်‌နေရတယ်။”ဟု ၎င်းရွာသားက ဆိုသည်။

ကျိုက်ဒုံမြို့၏ ‌မြောက်ဘက် ၁၅မိုင်‌ကျော် အကွာအ‌ဝေးရှိ ကြိတ်‌ကျေးရွာအုပ်စုတွင် ယခင်က တပ်မ(၂၂) လက်‌အောက်ခံ ခလရ (၂၃၁)တပ်ရင်း လှုပ်ရှားခဲ့‌သော်လည်း ပြီးခဲ့သည့် နှစ်လခန့်ကတည်းက အခြားတပ်ရင်းတစ်ရင်း ‌ပြောင်းလဲ‌ရောက်ရှိလာပြီး တပ်ရင်း နံပါတ်ကိုမူ မသိရှိရ‌သေး‌ပေ။