Home ထိပ်တန်းသတင်း အလုပ်သမားမှတ်ပုံတင်ပြုလုပ်ချိန် သက်တမ်းကုန်ဆုံးပြီ

အလုပ်သမားမှတ်ပုံတင်ပြုလုပ်ချိန် သက်တမ်းကုန်ဆုံးပြီ

1783
ဇူလိုင်လ ၁၄ရက်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံရှိ ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ထိုင်းအလုပ်သမားမှတ်ပုံတင် (work permit) ပြုလုပ်‌နေသည်မှာ ယ‌နေ့ ဇူလိုင် လ ၁၄ရက်‌နေ့တွင် ‌နောက်ဆုံးရက်အဖြစ် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သည်။

“ကျ‌နော်တို့မှာက မ‌နေ့ကတည်းက လုပ်‌ပေးဖို့ လက်မခံ‌တော့တာ ဖုန်းဆက်ပြီး ‌မေးလာတဲ့ အလုပ်သမား‌တွေက‌တော့ အများကြီး ရှိ‌နေဆဲပဲ။ ဒါ‌ပေမယ့် ပိတ်လိုက်ပြီး‌လေ။ ကျ‌နော်တို့လည်း လုပ်‌ပေးလို့မရ‌တော့ဘူး။”ဟု ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ရှိ အလုပ်သမား မှတ်ပုံတင် (work permit) ပြုလုပ်‌ပေး‌နေသူတစ်ဦးက ‌ပြောသည်။

၂၀၁၁ခုနှစ်၊ ဇွန်လ ၁၅ရက်‌နေ့မှ ဇူလိုင်လ ၁၄ရက်‌နေ့အထိ တစ်လတာကာလအတွင်း အလုပ်သမားမှတ်ပုံတင် (work permit) ပြု လုပ်ရန် မှတ်ပုံတင်ထားပြီးသူ‌ပေါင်း ၇သိန်း‌ကျော်ရှိသွားပြီဖြစ်‌သော်လည်း ကျန်ရှိ‌နေသူ များစွာရှိ‌သေး‌ကြောင်းကိုလည်း သူက ဆက်‌ပြောသည်။

“ဒီ Work permit လုပ်ဖို့ ပိတ်လိုက်ပြီးတဲ့ ‌နောက်ပိုင်းမှာ‌တော့ အဖမ်းအဆီး‌တွေ‌တော့ ရှိလာမှာပဲ။ တရားမဝင်‌တွေအတွက်‌တော့ အခက်အခဲဖြစ်မယ်။ ဘာလို့လဲဆို‌တော့ မလုပ်ရ‌သေးတဲ့လူ‌တွေက ကျန်‌သေးတယ်‌လေ။”ဟု အဆိုပါ အလုပ်သမားမှတ်ပုံတင် ပြု လုပ်‌ပေး‌နေသူက ‌ပြောသည်။

ထိုင်းအစိုးရမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ အပါအဝင် လာအိုနိုင်ငံ၊ က‌မ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် လာ ‌ရောက် အလုပ်လုပ်‌နေကြသည့် ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် အလုပ်သမားမှတ်ပုံတင် (work permit) ပြုလုပ်‌ပေးလျှက်ရှိ သည်။

“ကျမက လုပ်ဖို့ မှတ်ပုံတင်ထားပြီးပြီ။ ပွဲစားကတဆင့် လုပ်တာ။ ဘတ် ၆‌ထောင်‌ပေးရတယ်။ အဲဒါ အပြီး‌ပေါ့‌နော်။ ရိုက်တဲ့‌နေ့ကျရင် ပွဲစားက ‌ခေါ်လိမ့်မယ်။ ဒီလကုန်‌လောက်မှာ ရိုက်ရမယ်လို့‌တော့ ‌ပြောတာပဲ။”ဟု ရာဘာခြံတွင် အလုပ်လုပ်‌နေသည့် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား ‌ဒေါ်ခင်က ‌ပြောသည်။

တရားဝင် မှတ်ပုံတင် ပြုလုပ်‌ပေး‌နေသည့် တစ်လတာကာလ ‌ကျော်လွန်သွားပြီး တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိ ‌သော အလုပ်သမားများကို တရားမဝင် အလုပ်သမားများအဖြစ် သတ်မှတ်ကာ ထိုင်းအစိုးရမှ ဖမ်းဆီး၍ ပြည်နှင်ဒဏ်‌ပေးခြင်းများ ‌ဆောင်ရွက်သွားမည်ဟု (Weekly Eleven) ဂျာနယ်၌ ‌ဖော်ပြထားသည်။

(ယမန်နှစ်က မဲ‌ဆောက်မြို့ ထိုင်းလူဝင်မှုကြီးကြပ်‌ရေးရုံးတွင် ‌တွေ့ရသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ)

၎င်းအပြင် ကျန်ရှိ‌နေသည့် တရားမဝင် အလုပ်သမားများအား လက်ခံထားသူ အလုပ်ရှင်များကို အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀,၀၀ဝမှ ၁၀၀,၀၀ဝ အထိလည်း‌ကောင်း၊ တရားမဝင် လုပ်ကိုင်‌နေသည့် ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ဘတ်‌ငွေ ၂,၀၀ဝ မှ ၁၀၀,၀၀ဝကို ဒဏ်‌ငွေတပ်ရိုက်ခြင်း သို့မဟုတ် ငါးနှစ်ထက်မပို‌သော ‌ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်‌ပေါင်း ပြစ်ဒဏ်ချမှတ်သွား မည်ဟုလည်း ‌ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၂သန်း‌ကျော်ရှိပြီး တရားမဝင် ‌နေထိုင်သူ တစ်သန်း‌ကျော်ရှိ‌ကြောင်း မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား‌ရေးရာ ‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းများမှ ခန့်မှန်းထားကြသည်။