Home ထိပ်တန်းသတင်း ထိုင်းစစ်ရဟတ်ယာဉ်တစီး မြန်မာ ဘက်ခြမ်းတွင် ပျက်ကျ

ထိုင်းစစ်ရဟတ်ယာဉ်တစီး မြန်မာ ဘက်ခြမ်းတွင် ပျက်ကျ

1649
ဇူလိုင်လ ၂ဝရက်။ ‌ကေအိုင်စီ

Black Hawk အမျိုးအစားရှိ ထိုင်းစစ်ရဟတ်ယာဉ်တစ်စီး မြန်မာဘက်ကမ်းမှာ ယမန်‌နေ့က ပျက်ကျသွား‌ကြောင်း ထိုင်းသ တင်းဌာနများတွင် ‌ဖော်ပြထားသည်။

‌လေယာဉ်ပျက်ကျရာ၌ ထိုင်းအဆင့်မြင့် စစ်ဘက်အရာရှိ ၈ဦး အပါအဝင် ထိုင်းရုပ်သံလိုင်း (Channel-5)မှ ဗွီဒီယို သတင်း ‌ထောက်တစ်ဦးလည်း ပါဝင်‌ကြောင်း ဘန်‌ကောက်ရှိ Bangkok Post သတင်းစာမျက်နှာတွင် ‌ဖော်ပြပါရှိသည်။

၎င်းအဖြစ်အပျက်သည် ထိုင်း-မြန်မာနယ်စပ် ပက်ချ်ဘူရီခရိုင်နှင့် နယ်နမိတ်ချင်း ထိစပ်‌နေသည့် မြန်မာဘက်ကမ်း ထားဝယ် ခရိုင်အတွင်း၌ ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

Black Hawk ရဟတ်ယာဉ်ပျက်ကျသည့်‌နေရာမှာ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)တပ်နှင့် အစိုးရတပ်များ လှုပ် ရှား‌နေသည့် နယ်‌မြေတွင် ဖြစ်‌နေ‌ကြောင်း ‌ကေအဲန်ယူအသိုင်းအဝိုင်းမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)နှင့် နီးစပ်သူတစ်ဦးက “အဲဒီ‌ဒေသမှာ ကျ‌နော်တို့ ကရင်တပ်‌တွေရှိတယ်။ တပ်မ ဟာ(၄) လက်‌အောက်ခံ တပ်ရင်း(၇)‌ပေါ့‌နော်။ ပြီး‌တော့ ဗမာတပ်‌တွေလည်း ရှိတယ်။ ပျက်ကျတဲ့‌နေရာက ကျ‌နော်တို့ထက်ကို ဗမာတပ်‌တွေနဲ့က ပိုနီးတယ်။”ဟု ‌ပြောသည်။

ထို‌ဒေသတွင် ‌တော‌တောင်ထူထပ်ခြင်းနှင့် ရာသီဥတုအ‌ခြေအ‌နေ‌ကြောင့် ပျက်ကျတာဖြစ်နိုင်တယ်လို့လည်း သူက ဆက်‌ပြော သည်။

ထိုင်းစစ်တပ်အမှတ်(၁) တပ်မှူး၏ ‌ပြောဆိုချက်ကို ကိုးကားပြီး Bangkokpost သတင်းစာတွင် ‌ဖော်ပြထားသည်မှာ ပျက်ကျ သွားသည့် ရဟတ်ယာဉ်သည် ရာသီဥတု‌ကြောင့် ဖြစ်နိုင်သလို မြန်မာဘက်ကမ်းမှ ပစ်ခတ်မှုလည်း ဖြစ်နိုင်‌ချေရှိ‌ကြောင်း ‌ဖော် ပြထားသည်။

ယမန်‌နေ့က ပျက်ကျသွားသည့် Black Hawk ရဟတ်ယာဉ်သည် ပြီးခဲ့သည့် စ‌နေ‌နေ့(ဇူလိုင် ၁၆ရက်)က ပျက်ကျသွားသည့် စစ်ရဟတ်ယာဉ်မှ လူ‌သေအ‌လောင်း ၅‌လောင်းကို သယ်‌ဆောင်ရန်အသွားတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၃)က ဇူလိုင်လ ၁၇ရက်၊ ‌နေ့လည် ၁၁နာရီခန့်တွင် ‌ရှေ့တန်း နည်းဗျူဟာ(၃)၊ ခလရ (၁၀၁)နှင့် (၁၀၃) နယ်စပ်တပ်များအား ထိုင်းရဟတ်ယာဉ် (၁)စီး ပျက်ကျမှုနှင့် ပတ်သက်၍ ထူးခြားမှုနှင့် ‌နောက်ဆက်တွဲ သတင်းများကို အထက်ဌာနသို့ အမြန်တင်ပြရန် ညွှန်ကြားထားခဲ့သည်။