Home ထိပ်တန်းသတင်း DKBA လက်နက်ကြီးများဖြင့် အပစ်ခံရ

DKBA လက်နက်ကြီးများဖြင့် အပစ်ခံရ

3074
ဇူလိုင်လ ၂၁ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ‌မေတ္တာလင်းမြိုင်ရွာ အနီးရှိ မြန်မာအစိုးရတပ်နှင့် ကရင်နယ်ခြား‌စောင့်တပ်ဖွဲ့များက တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(DKBA)ကို ယ‌နေ့ နံနက် ၅နာရီခန့်တွင် လက်နက်ကြီးကျည်အလုံး ၂ဝခန့် ပစ်ခတ်ခဲ့သည် ဟု စုံစမ်းသိရှိရသည်။

မြန်မာအစိုးရတပ် စစ်ဆင်‌ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၃၅၇)နှင့် နယ်ခြား‌စောင့်တပ် (၁၀၂၂) တပ်ရင်း ပူး‌ပေါင်းတပ်ဖွဲ့တို့က ၎င်းတို့ကို ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု DKBA (၉၀၇)၏ ဒုတပ်ရင်း မှူး ဗိုလ်မှူး‌စော‌ကော်ဒို့စိုးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “သူတို့(မြန်မာအစိုးရတပ်)က ကျ‌နော်တို့ကို ၈၁-မမ နဲ့လှမ်းပစ်တာ အချက် ၂၀‌လောက် ရှိတယ်။ ၁ဝလုံး‌ကျော်‌လောက်ပဲ ‌ပေါက်ကွဲတယ်။ ကျ‌နော်တို့ ရှိတဲ့‌နေရာကို‌တော့ တစ်လုံးမှ ကျတာမရှိဘူး။”ဟု ‌ပြောဆိုသည်။

ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ‌ကြောင့် တိုက်ပွဲများ ပြင်းထန်လာမည်ကို ‌ဒေသခံများက စိုးရိမ်လျက်ရှိ‌ကြောင်း သိရသည်။

Photo-DKBA (အစိုးရတပ်ကို ‌တော်လှန်‌နေသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ)
မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက “မြန်မာစစ်တပ်က ဒီလို လက်နက်ကြီးနဲ့ ‌တောကလူ(DKBA နှင့် KNU)‌တွေကိုပစ်တာ။ အခု ၂ပတ် အတွင်းဆိုရင် ၃ခါရှိပြီ။ နှစ်ဖက်ထိခိုက်မှု‌တော့ မကြားရ‌သေးဘူး။ ‌ဒေသခံလူထုက အရင်လို တိုက်ပွဲအပြင်းအထန် ပြန်ဖြစ်မှာကို စိုး ရိမ်‌နေတယ်။”ဟု ‌ပြောသည်။

ယခု ပစ်ခတ်မှုဖြစ်သည့် ‌နေရာနှင့် အနီးဝန်းကျင်‌ဒေသတွင် ‌မေတ္တာလင်းမြိုင်၊ ‌မော‌ထော်တ‌လေး၊ အိမ်ကြီးမြိုင်၊ မင်းလက်ပံ၊ ဖလူး ကြီး၊ ဖလူး‌လေး၊ ပွင့်လင်း‌အေးမြိုင်၊ ဆယ်အိမ်စု၊ ဖားကျ‌လော၊ မဲ့ကနဲ၊ ဒူးခို့ခီးနှင့် ဘားထာ့ စသည့်ရွာများ တည်ရှိပြီး DKBA နှင့် KNU (ကရင်အမျိုးသားအစည်းအရုံး) ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ‌နေ့စဉ်ရက်ဆက်နီးပါး တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်ဟု DKBA က ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ရက်‌နေ့ ည‌နေကလည်း မြဝတီမြို့အ‌ရှေ့‌တောင်ဘက် ၃မိုင်ခန့်အကွာ ‌ကျောက်‌တောင်ရွာအနီးရှိ အဆိုပါ မြန်မာအစိုးရတပ် ခမရ-၃၅၇နှင့် နယ်ခြား‌စောင့်တပ်ရင်း(၁၀၂၂) ပူး‌ပေါင်းတပ်ဖွဲ့တို့သည် ၎င်းတို့တပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ ထိခိုက်မှုများ မရှိခဲ့‌ကြောင်း ဗိုလ်မှူး‌စော‌ကော်ဒို့စိုးက ‌ပြောသည်။

ကရင်ပူး‌ပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့ကို ဝင်တိုက်မည်ဟု သတင်းများထွက်‌ပေါ်‌နေသည့်အတွက် ယခုလ ၇ရက်‌နေ့မှစ၍ မြန်မာ စစ်တပ်ဘက်က မြဝတီမြို့တွင်း မြို့ပြင်‌နေရာများတွင် လုံခြုံ‌ရေးတင်းကြပ်‌နေသည်ဟု မြို့ခံများက ‌ပြောဆိုကြသည်။