Home ထိပ်တန်းသတင်း စစ်တပ်၏ လမ်းပိတ်ဆို့မှု‌ကြောင့် ရွာသားများ စားဝတ်‌နေ‌ရေး အခက်အခဲဖြစ်‌နေ

စစ်တပ်၏ လမ်းပိတ်ဆို့မှု‌ကြောင့် ရွာသားများ စားဝတ်‌နေ‌ရေး အခက်အခဲဖြစ်‌နေ

1468
ဇူလိုင်လ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင်တွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များသည် ရွာသားများ၏ ဝင်ထွက်သွားလာမှု ကို ပိတ်ဆို့လိုက်‌သော‌ကြောင့် ယခုအချိန်တွင် ရွာသားများသည် စားဝတ်‌နေ‌ရေး အခက်အခဲ ပြဿနာနှင့် ကြုံ‌နေရသည်ဟု ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

ယခုလဆန်းပိုင်းမှစ၍ ‌တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံ‌တောင်မြို့နယ်တွင် လှုပ်ရှား‌နေ‌သော အစိုးရတပ် စစ်ကွပ်ကဲ‌ရေးဌာန ချုပ် စကခ(၉) လက်‌အောက်ခံ ခလရ(၇၃)၊ ခမရ(၅၃၉)တပ်ရင်းတို့သည် တိပ်ပု၊ ‌ဘောကလိကြီး၊ ‌ဘောဂလိ‌လေးရှိ ‌ဒေသခံ ရွာသားများ၏ တ‌နေရာနှင့် တ‌နေရာ ဝင်ထွက်သွားလာမှုကို တားမြစ်ပိတ်ပင်လိုက်‌သော‌ကြောင့် ရွာသားများသည် စားနပ် ရိက္ခာ အခက်အခဲ ပြဿနာ အလွန်ကြုံ‌နေရသည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

၎င်းက “ရွာသား‌တွေ သွားဝင်ထွက်သွားလာမှုကို ပိတ်ဆို့တယ်။ ဆန်‌တွေဘာ‌တွေ သယ်ခွင့်မပြုဘူး။ ‌နောက်ပြီး‌တော့ ရွာသား ‌တွေ လယ်ယာ၊ ‌တောင်ယာသွားတဲ့အချိန်မှာ ဆန်ကို နို့ဆီဗူး ၂လုံးထက် ပိုမသယ်ရဘူး။ သယ်တာ‌တွေ့လို့ရှိရင် အ‌ရေးယူ မယ်။ အပြစ်‌ပေးမယ် ‌ပြောထား‌တော့ ဒူးရင်းသီး၊ ဓညှင်းသီး၊ ကွမ်းရွက်‌တွေ အကုန်လုံး ပုပ်သွားတယ်။ အခု ရွာသား‌တွေ ‌တော် ‌တော်ဒုက္ခ‌ရောက်‌နေတယ်။”ဟု ‌ပြောသည်။

ထိုကဲ့သို့ စစ်တပ်က သွားလာမှု ပိတ်ဆို့လိုက်‌သော‌ကြောင့် ရွာသားများသည် စားနပ်ရိက္ခာများ ရရှိရန်အတွက် ‌တောလမ်း ‌တောင်‌ကြောများမှ လမ်း‌ကြောင်း‌ကွေ့ပတ်ကာ အသက်စွန့်ပြီး ‌ဈေးဝယ်သွား‌နေရသည်ဟု အဆုိုပါ‌ဒေသခံက ‌ပြောသည်။

၎င်းစားဝတ်‌နေ‌ရေး ပြဿနာနှင့် ရင်ဆိုင်‌နေရ‌သော ‌ဒေသခံရွာသားများအား ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ် မဟာ(၂)မှ တာဝန်ရှိသူများက တတ်နိုင်သ‌လောက် ကူညီ‌ပေးလျှက်ရှိသည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၂)မှ ‌ပြော‌ရေးဆိုခွင့်ရှိ သူ ‌စောအယ်ဝါးက ယခုလို ‌ပြောသည်။

“ကျ‌နော်တု့ိ တာဝန်ရှိသူ‌တွေအ‌နေနဲ့က ရွာသား‌တွေလိုအပ်တဲ့ ဆန်‌လေးဘာ‌လေး‌တော့ ‌ပေးစားတယ်။ ဖျားနာတဲ့လူ‌တွေကို ‌တော့ တတ်နိုင်သ‌လောက် ‌ဆေးကုသ‌ပေးတယ်။ အဲလို အတိုင်းအတာပဲ ရှိတယ်။ အဓိက‌တော့ အသက်အန္တရာယ် လုံခြုံမှုအ တွက် ကာကွယ်‌ပေးတာပဲ။”ဟု ‌စောအယ်ဝါးက ‌ပြောသည်။

ထန်းတပင်နှင့် သံ‌တောင်မြို့နယ်တွင် ယခင် ဝင်‌ရောက်လှုပ်ရှားခဲ့သည့် အစိုးရစစ်တပ်ကလည်း ‌ဒေသခံရွာသားများအား KNU ကို ရိက္ခာ‌ထောက်ပံ့‌ပေးသည်ဟု အ‌ကြောင်းပြကာ အလားတူ ရွာသားများ ဝင်ထွက်သွားလာသည့် လမ်းများကို အကန့်အ သတ်မရှိ ပိတ်ပစ်ခဲ့သလို ရွာသားပိုင် ‌တောင်ယာစပါးခင်းများကိုလည်း မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့သည်။