Home ထိပ်တန်းသတင်း ဆက်‌ကြေးမ‌ပေးနိုင်၍ ဘုရား သုံးဆူ လူထုအချို့‌နေအိမ် များမှ ‌ရှောင်တိမ်း‌နေကြ

ဆက်‌ကြေးမ‌ပေးနိုင်၍ ဘုရား သုံးဆူ လူထုအချို့‌နေအိမ် များမှ ‌ရှောင်တိမ်း‌နေကြ

1703
ဇူလိုင်လ ၂၉ ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရပ်ကွက်လူကြီးများမှတ ဆက်‌ကြေးများ ‌တောင်းခံပြီး ဇူလိုင်လကုန် ‌နောက်ဆုံးထားကာ ‌ပေးခိုင်းသည့်အတွက် ယခုဆိုလျှင် မြို့ခံတချို့မှာ မိမိတို့၏ ‌နေ အိမ်များမှ ‌ရှောင်တိမ်း‌နေကြသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)‌နေ ပရိ‌ဘောဂလုပ်ငန်းရှင်တစ်ဦးက “ရပ်ကွက်တခုတည်းကို ဘတ် ‌လေးသိန်း‌တောင်းတယ်။ ကျ‌နော်တို့က ဘယ်လို‌ပေးနိုင်မလဲ။ အခုတ‌လော လုပ်ငန်းကလည်း မ‌ကောင်း‌တော့ အဆင်မ‌ပြေဘူး။ ဒီ ၇လပိုင်းအကုန်မှာ ‌ပေးခိုင်း‌တော့ အခုဆိုရင် ‌ငွေ‌ကြေးအတန်အသင့် ရှိသူ‌တွေ‌တောင် ‌ရှောင်‌ပြေးကုန်ကြပြီ။”ဟု ‌ပြောသည်။

မွန်သတင်းဌာနတွင် ‌ဖော်ပြချက်အရ ရာမညအမည်ရှိ ၎င်းလက်နက်ကိုင်အဖွဲ့သည် ရပ်ကွက်လူကြီးထံ တယ်လီဖုန်းမှတဆင့် ဆက်‌ကြေး‌ကောက်ခံကာ ဇူလိုင်လအကုန်တွင် ‌ပေး‌ဆောင်ခိုင်းခဲ့ပြီး မ‌ပေး‌ဆောင်ပါက မြို့အတွင်း မီးရှို့ပစ်မည်ဟု ခြိမ်း‌ခြောက် ‌ပြောဆို‌သေးသည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

၎င်းက “မွန်အဖွဲ့တစ်ဖွဲ့က‌နေ ရပ်ကွက်လူကြီးဆီမှာ ဖုန်းဆက်ပြီး ဆက်‌ကြေး‌တောင်းတယ်။ ဒီလကုန်ရင်‌ပေးရမယ်တဲ့။ မ‌ပေး ရင် မြို့တွင်းထဲမှာ မီးရှို့မယ်။ ဒါမှမဟုတ် တစ်ခုုခုလုပ်မယ်ဆိုပြီး‌ပြောသွားတယ်။ ဒါ‌ကြောင့် တချို့လူ‌တွေဆို နီးစပ်တဲ့မြို့‌တွေ၊ ထိုင်းနိုင်ငံဘက်နဲ့ မြန်မာပြည်‌အောက်ဘက်ကို ‌ရှောင်သွားကြတယ်။”ဟု ဆိုသည်။

ဘုရားသုံးဆူမြို့တွင် လူအများစုသည် ပရိ‌ဘောဂလုပ်ငန်းကို လုပ်ကိုင်ကြပြီး လတ်တ‌လော လုပ်ငန်းများ အဆင်မ‌ပြေမှုကြားမှ ယခုလို ဆက်‌ကြေး‌တောင်းခံလာမှုအ‌ပေါ် ပစ်ခတ်မှုများဖြစ်လာမည်စိုး၍ အချို့‌ဈေးသည်များပင် ဆိုင်ခန်းများ ပိတ်ထားကြ သည်ဟု သိရသည်။

အဆိုပါအဖွဲ့သည် ယခင်ကလည်း ဘုရားသုံးဆူမြို့အနီးရှိ ကရင်နှင့် မွန်လူမျိုးများ ‌နေထိုင်သည့် ‌ကျေးရွာအချို့နှင့် ရာဘာ ခြံများတွင် ဆက်‌ကြေး‌ကောက်ခံလျှက်ရှိပြီး မြို့‌ပေါ်တွင် ‌ကောက်ခံခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း မွန်သတင်း‌ထောက် တစ်ဦးက ရှင်းပြသည်။

ရာမညအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီးနိုင်‌ရှောင်သည့် ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ‌အောက်တိုဘာလ ၂၆ရက်‌နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ကျန်ရှိ‌နေသည့် အဖွဲ့ဝင်အချို့မှ ယခုလို ဆက်‌ကြေး ဆက်လက် ‌တောင်းခံ‌နေခြင်း ဖြစ်သည်။

ဘုရားသုံးဆူမြို့တွင် အဓိကအားဖြင့် ရပ်ကွက်(၄)ခုရှိရာ ယခု ဆက်‌ကြေးအ‌တောင်းခံရသည့် ရပ်ကွက်မှာ ‌ငွေ‌ကြေးတတ်နိုင် သူ အများစု ‌နေထိုင်သည့်ရပ်ကွက်ဖြစ်ပြီး ဇွန်လ ၁၄ရက်‌နေ့က ၎င်းရပ်ကွက်‌နေ ဦး‌အောင်တင်ဝင်း၏ ‌ရွှေဆိုင်နှင့်တွဲလျှက် ကုန် စုံဆိုင်ကို မျက်နှာဖုံးစွပ်လက်နက်ကိုင် ၇ဦးခန့်က လက်နက်ကြီးငယ်များဖြင့် ဝင်‌ရောက်ပစ်ခတ်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လက ဘုရားသုံးဆူမြို့မ‌ဈေးအနီးရှိ စစ်ဖက်‌ရေးရာလုံခြုံ‌ရေးတပ်ဖွဲ့ (စရဖ)ရုံးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ ဝင်များ ဝင်‌ရောက်ပစ်ခတ် တိုက်ခိုက်မှုများ‌ကြောင့် မြို့ခံအချို့ ထိခိုက်‌သေ‌ကြေကြသည့်အပြင် ဘုရားသုံးဆူမြို့ခံ ၃၀,၀၀ဝခန့် မှာ ယ‌နေ့အချိန်ထိ ထိတ်လန့်‌နေကြဆဲဖြစ်သည်။