Home ထိပ်တန်းသတင်း ပစ်ခတ်မှုများ‌ကြောင့် စာသင်‌ကျောင်း ၁၀‌ကျော် ပိတ်ပစ်လိုက်ရ

ပစ်ခတ်မှုများ‌ကြောင့် စာသင်‌ကျောင်း ၁၀‌ကျော် ပိတ်ပစ်လိုက်ရ

1906
ဇူလိုင် ၃ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်နယ်ခြား‌စောင့်တပ် ခွဲထွက်အဖွဲ့နှင့် လက်ကျန် နယ်ခြား‌စောင့်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှု‌ကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စာသင်‌ကျောင်း ၁၄လုံး‌ကျော် ပိတ်ပစ်လိုက်ရသည်ဟု ကရင်‌ကျောင်းဆရာများသမဂ္ဂ(KTWG) ဝက်ဘ်ဆိုက် စာ မျက်နှာတွင် ယမန်‌နေ့က ‌ဖော်ပြခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များ ‌နေ့စဉ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားသဖြင့် လှိုင်းဘွဲမြို့နယ်ရှိ မယ့်ကွီးထာ၊ ‌လော်ပူ၊ ဝဲပျာ့၊ ဝါ့တမူ့၊ မဲ့‌ဆေ၊ မဲ့ ‌လော်ထာ၊ ထီးလာနဲ၊ ‌ယော်ပို၊ တကွီကလား၊ သ‌ရေဖိုးကွီး၊ ကမားထာ၊ ကွီး‌လေး၊ ပနွယ့်သာကလား(ရွာသစ်)၊ ထီးပယ် စသည့်‌ကျေး ရွာများမှ စာသင်‌ကျောင်းအားလုံး ပိတ်ပစ်လိုက်ရသည်ဟု ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည်ရပ်တည်‌နေသည့် ခွဲထွက် နယ်ခြား‌စောင့် တပ်မှ ‌ဆေးမှူးတဦးက KTWG ကို ‌ပြောသည်။

ဒီ‌ကေဘီ‌အေ ‌ဆေးမှူး ‌စော‌ပေါ်ခလာက “နယ်ခြား‌စောင့်တပ်‌တွေက မြင့်တဲ့‌နေရာကို တက်‌နေပြီး‌တော့ သူတို့ စိတ်မချရတဲ့‌နေရာဆို လက်နက်ကြီး‌တွေနဲ့ လိုက်လံပစ်ခတ်တဲ့အတွက် လူ‌နေအိမ်တချို့ကို ထိတယ်။ ရွာသူရွာသား‌တွေ ‌ကြောက်လန့်ကြတဲ့အတွက် အခြား‌နေရာကို ‌ရှောင်တိမ်းသွားကုန်‌တော့ ‌ကျောင်း‌တွေလည်း အကုန်လုံး ပိတ်ပစ်လိုက်ရတယ်။”ဟု ‌ပြောသည်။

ထိုသို့ ခွဲထွက်သွားသည့် နယ်ခြား‌စောင့်တပ်ဖွဲ့ကို (၁၀၁၂)တပ်ရင်းမှူး ဗိုလ်မှူး‌စောဘိက ဦးစီးလျှက်ရှိပြီး တပ်အင်အား ၁,၀၀ဝ ‌ကျော် ရှိသည်။

ထို့အပြင် ပစ်ခတ်မှုများ‌ကြောင့် ‌ကျောင်းသားမိဘ အများစုသည် ၎င်းတို့၏ က‌လေးများအား ‌ကျောင်းဆက်မထား‌တော့ဘဲ အပြီးအ ပိုင် ‌ကျောင်းထုတ်ပစ်ကာ ၎င်းတို့‌ပြောင်း‌ရွှေ့ရာ ‌နေရာများသို့ တပါတည်း ‌ခေါ်‌ဆောင်သွား‌ကြောင်း ‌စော‌ပေါ်ခလာက ‌ပြောသည်။

ခွဲထွက် BGF တပ်ဖွဲ့၏ ဇနီးတဦးက “ကျမ အမျိုးသားက နယ်ခြား‌စောင့်တပ်က‌နေ ခွဲထွက်သွားကတည်းက ကျမက‌လေး‌တွေကို ‌ကျောင်းထုတ်လိုက်တယ်။ က‌လေး‌တွေက‌တော့ အသက်အန္တရာယ် ဘယ်‌လောက်အထိ စိုးရိမ်ရလဲဆိုတာ ဘာမှမသိကြရှာပါဘူး။” ဟု ‌ပြောသည်။

Photo-KIC (ဒီ‌ကေဘီ‌အေ တပ်ဖွဲ့၏ ဂိတ်တ‌နေရာ)

ပညာတက်ရင်း ‌ကျောင်းထွက်လိုက်ရသည့် မြိုင်ကြီးငူမှ ၇တန်း‌ကျောင်းသူ ‌နော်ဘလယ်ဘလယ်က “‌ကျောင်းက စာအတူသင်ရတဲ့ သူငယ်ချင်းကို အရမ်းသတိရတာပဲ။ အခု သူတို့‌တွေ ဘယ်ကို ‌ရောက်‌နေပြီလဲ မသိ‌တော့ဘူး။ စာသင်ရ‌သေးလား‌တော့ သမီး မသိ ဘူး။ သူတို့‌တွေနဲ့အတူ ‌ကျောင်းပြန်တက်နိုင်ဖို့ သမီး‌မျှော်လင့်ပါတယ်။”ဟု ဆိုသည်။

၎င်းပစ်ခတ်မှုများ‌ကြောင့် ထို‌ဒေသရှိ ‌ဒေသခံရွာသားတချို့သည် ၎င်းတို့ ‌နေရပ်ကိုစွန့်ခွာ၍ ထိုင်း-မြန်မာနယ်စပ် မဲ့သ‌ဝေါ‌ကျေးရွာ တ‌နေရာတွင် ‌ရောက်ရှိလာပြီး ယခုလ ၂၅ရက်‌နေ့အထိဆိုလျှင် ရွာသူရွာသား ၁၀ဝဦး‌ကျော်ရှိသည်ဟု သိရသည်။