Home ထိပ်တန်းသတင်း ကရင်‌ဒေသအတွက် ဖယ်ဒရယ်‌ရေးရာ အကျိုးရှိဟု ကိုယ်စားလှယ်များ‌ပြောဆို

ကရင်‌ဒေသအတွက် ဖယ်ဒရယ်‌ရေးရာ အကျိုးရှိဟု ကိုယ်စားလှယ်များ‌ပြောဆို

1338
ဩဂုတ်လ ၁ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ဖယ်ဒရယ် ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်ရာတွင် အ‌ခြေခံသ‌ဘောတရားများ သိရှိရန် ရည်ရွယ် ၍ ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်‌ရေးရာ ရက်ရှည်သင်တန်းသည် ကရင်‌ဒေသအတွက် အကျိုးရှိ‌ကြောင်း ခရိုင်အသီးသီးမှ ကိုယ်စားလှယ်များက ယ‌နေ့မနက်တွင် ပြုလုပ်သည့် သင်တန်းဆင်းပွဲ၌ ‌ပြောဆိုသည်။

၎င်းသင်တန်းကို ‌ကေအဲန်ယူ ဗဟို စည်းရုံး‌ရေးဌာနမှ ဦးစီးကာ ဇူလိုင်လ ၁၃ရက်မှ ၃ဝရက်‌နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခရိုင် ၇ခရိုင်မှ ကိုယ်စားလှယ်‌ပေါင်း ၂၈ဦး တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

သင်တန်းတက်ရာက်ခဲ့သည့် ‌ညောင်‌လေးပင်ခရိုင်မှ ပဒို‌စောခါးမင်းက “ဒီသင်တန်းကို တက်‌ရောက်ရတဲ့အတွက် အကျိုးအများ ကြီး သက်‌ရောက်ရုံမကဘဲ လုပ်ငန်းပိုင်းမှာလည်း အ‌ထောက်အကူ ပြုတယ်။ တချိန်က ကျ‌နော်တို့ ကရင်အမျိုးသား လွတ် ‌မြောက်‌ရေးအတွက် ဖက်ဒရယ် ပြည်‌ထောင်စု ‌တောင်းဆိုထားတာ‌တွေ သိခဲ့‌ပေမဲ့ အခု ဒီသင်တန်းကို တက်လိုက်‌တော့မှ ဖက် ဒရယ်ပြည်‌ထောင်စုကို တစ်ဦးထဲနဲ့ လုပ်‌ဆောင်လို့ မရဘူးဆိုတာ သိလာတယ်။ ဒါ‌ကြောင့် တိုင်းရင်းသားအားလုံး ပူး‌ပေါင်းပြီး လုပ်‌ဆောင်သွားကြရမှာ ဖြစ်တာကိုလည်း သိလာတယ်။”ဟု ‌ပြောသည်။

အဆိုပါသင်တန်းမှာ ဖက်ဒရယ်စနစ်၏ အ‌ခြေခံသ‌ဘောတရားများကို နားလည်ပြီး တဆင့် ပြန်လည်ရှင်းပြနိုင်ရန်၊ ဖွဲ့စည်းအုပ် ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ‌ရေးဆွဲခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်‌ရေးဆိုင်ရာများကို ပြန်လည် အသုံးချနိုင်ရန်နှင့် သက်ဆိုင်ရာ ‌ဒေသများတွင် ဖယ်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌ရေး ကြိုးပမ်း‌ဆောင်ရွက် အ‌ကောင်အထည်‌ဖော်သွားရန် ရည်ရွယ်ချက် များဖြင့် သင်တန်းလုပ်‌ဆောင်ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဗဟို စည်းရုံး‌ရေးဌာန အတွင်း‌ရေးမှူး ‌စောလှထွန်းက ‌ပြောသည်။

ရက်သတ္တ ၃ပတ်‌ကျော်ကြာသည့် ၎င်းဖယ်ဒရယ်‌ရေးရာသင်တန်းတွင် မြန်မာနိုင်ငံ၏ ‌နောက်ခံသမိုင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ သမိုင်း နှင့် ကရင့်သမိုင်း‌ကြောင်း‌နောက်ခံ၊ ကရင့်နိုင်ငံ‌ရေးလမ်းစဉ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ စသည့်နိုင်ငံ‌ရေးဆိုင်ရာ ဘာသာရပ်များအား ကရင်ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေမူကြမ်း ‌ရေးဆွဲ‌ရေး‌ကော်မတီအဖွဲ့ဝင်များက လာ‌ရောက်ပို့ချ‌ပေးခဲ့သည်။

ယ‌နေ့ ကျင်းပခဲ့သည့် ဖက်ဒရယ်‌ရေးရာသင်တန်းဆင်းပွဲသို့ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်နှင့် တွဲ ဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စော‌ဒေါ့‌လေးမူ၊ KNLA မှ ဗိုလ်မှူးကြီး‌စော‌လေးဒိုမူးတို့အပြင် ဖက်ဒရယ်ပြည်‌ထောင်စုနှင့် တိုင်းရင်း သားလူမျိုးများ‌ရေးရာ ဝန်ကြီးခွန်မားရ်ကိုဘန်းနှင့် တိုင်းရင်းသား မဟာမိတ်တပ်‌ပေါင်းစုအဖွဲ့ဖြစ်သည့် NDF ၏ ဒုဥက္ကဌ ခိုင်စိုး နိုင်‌အောင်တို့ တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူ ဗဟိုစည်းရုံး‌ရေးဌာနသည် ယခင်ကလည်း ဖက်ဒရယ်‌ရေးရာ ပညာ‌ပေး‌ရေးနှင့် နိုင်ငံ‌ရေးသင်တန်းများ ပို့ချသင် ကြား‌ပေးခဲ့ပြီး ခရိုင်အသီးသီး၌လည်း အလားတူ သင်တန်းများ ဆက်လက် ပို့ချသွားမည်ဖြစ်‌ကြောင်း သိရသည်။