Home ကဗျာ ချည်ဖြူဖွဲ့အမှီပြန်ခဲ့ပါ

ချည်ဖြူဖွဲ့အမှီပြန်ခဲ့ပါ

2736
(လကင်္ာဒီပ)

ဝါဆို ဝါ‌ခေါင်
‌ရေ‌တွေ‌ဖောင်‌နေပြီ‌လေ
သ‌ပြေပန်းချိုး
ဘုရားမှာထိုးဖို့
ဒီမိုးနဲ့အတူ ပြန်ခဲ့ပါ။

ချည်ဖြူဖွဲ့မဏ္ဍပ်တကာ
လှည့်လည်ကာ ငါရှာ‌နေတယ်
ဘယ်ရင်ခွင် ဘယ်ဆီဘယ်နား
နင် နားခိုအိပ်စက်‌နေပြီလည်း
ချည်ဖြူပွဲတစ်‌ကျော့ပြန်
ရိုးရာမှန် ထိန်းသိမ်းဖို့ မ‌မေ့နဲ့‌နော်။

ကစဉ့်ကလျား
လွှင့်ပါး ‌ဝေဝါး စိတ်စဉ်
မယဉ်‌ကျေးပူပြင်း ဘဝအ‌မောရယ်
‌ဆေး‌ကြောမယ်‌လေ ဒီပွဲမှာ
ပလူးလာ ပလူးလာ ပလူးလာ ဂယ့်ထိုင်(ဟှယ့်ထါင်)
တိုင်တည်ကာ‌ခေါ်ငင်
ချည်ဖြူမျှင် လက်မှာဖွဲ့
‌ဝေး‌စေကွဲ့ မိစ္ဆာ‌တွေ။

တန်ဖိုးထား‌စေချင်တဲ့ အာသီသ
ပါပီမ‌ရေ ထိန်းသိမ်း‌ပေးပါ
ကမ္ဘာမှာ ရှားပါးဓ‌လေ့
‌တွေ့နိုင်ပါတယ် တို့ကရင်ထုထဲ
ချည်ဖြူဆွဲ ချည်ဖြူပွဲ
အလွဲ‌တွေ ပယ်ရ‌အောင်‌လေ။

အဆိုး‌တွေ သင်ပုန်း‌ချေ
သည်း‌ခြေပျက်လုလု‌လေး
‌ပေးဆပ်လိုက်ပါပြီ
သည်‌မောင်ရဲ့ သည်ရင်ထဲ
အသည်းကွဲ ပိုင်းပိုင်းစစ
ပါပီမအမုန်း
အင်း ဒီဘဝ ဒီမျှသာ ဆုံး‌စေ‌တော့။

ယုံကြည် မယုံကြည်သည်ဖြစ်‌စေ
‌နေနိုင်ပါတယ်‌လေ
သို့‌ပေမယ့် သတိကိုးရာ
မိရိုးဖလာ ဓ‌လေ့များ‌ပေမို့
ဆင်နွှဲလို့ ‌စောင့်‌ရှောက်ရမှာ
‌နောင်လာမျိုးဆက်‌တွေအ‌ရေးမို့။

အမျိုးမှာ ရိုးရာသာ အဓိက
နိုးထလာခဲ့‌တော့ ပါပီမ‌ရေ
သ‌ပြေသီးမှည့်‌တွေ ‌ကောက်ရ‌အောင်
‌ရေ‌ဖောင်‌ဖောင် ‌လှေ‌တွေစီးကာ
ဝါဆိုပန်းချိုးထွက်ကြမယ်ကွဲ့
ချည်ဖြူဖွဲ့အမှီ‌လေး ပြန်လာခဲ့ပါ‌တော့။

ဩဂုတ်လ ၇ရက်၊ ၂၀၁၁ခုနှစ်။