Home ထိပ်တန်းသတင်း ပစ်ခတ်မှု‌ကြောင့် က‌လေးနှစ်ဦး ဒဏ်ရာရသည့် အစိုးရ၏ စွပ်စွဲချက်ကို KNU ငြင်းဆို

ပစ်ခတ်မှု‌ကြောင့် က‌လေးနှစ်ဦး ဒဏ်ရာရသည့် အစိုးရ၏ စွပ်စွဲချက်ကို KNU ငြင်းဆို

2124
ဩဂုတ်လ ၉ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ဩဂုတ်လ ၈ ရက်‌နေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု‌ကြောင့် ကရင်ပြည်နယ်ရှိ ‌ကျေးရွာတရွာမှ က‌လေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ‌ဖော်ပြထားခြင်းမှာ မဟုတ်မှန်ပဲ၊ ၎င်းတို့၏ လက်ချက်မ ဟုတ်ဟု KNU က ငြင်းဆိုလိုက်သည်။

ဩဂုတ်လ ၅ရက်‌နေ့က ဖာပွန်မြို့နယ် ဝါးသိုးခိုရွာအနီးရှိ မြန်မာအစိုးရ ‌ခြေလျင်တပ်ရင်း (ခလရ-၂၁၄) အ‌ခြေစိုက်စခန်းကို ၎င်းတို့ က ဝင်‌ရောက်ပစ်ခတ်စဉ် အစိုးရတပ်ဘက်မှ လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှု‌ကြောင့်သာ ၉နှစ်အရွယ် မိန်းက‌လေးတဦးနှင့် ၁ဝ နှစ်အရွယ် ‌ယောက်ျား‌လေးတဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ် ဒို့က ‌ပြောသည်။

“အခု မြန်မာအစိုးရ ‌ဖော်ပြတာနဲ့ ကျ‌နော်တို့နဲ့ ဆန့်ကျင်ဘက်ပဲ။ ကျ‌နော်တို့က ရွာသား‌တွေကို ဝင်ပစ်တယ်လို့ စွပ်စွဲတာဟာ လုံးဝ အ‌ခြေအမြစ်မရှိဘူး။ ရွာသား‌တွေဟာ အပြစ်မဲ့သူ‌တွေပါ။ ‌နောက် ဝါးသိုးခိုရွာသား‌တွေဟာ ကရင်ပြည်သူ‌တွေလည်း ဖြစ်တယ်။”ဟု သူက ‌ကေအိုင်စီကို ‌ပြောသည်။

အစိုးရသတင်းစာများတွင် KNU တပ်မဟာ(၅)၊ တပ်ရင်း(၁၀၁)တပ်ရင်းမှ အင်အား ၃ဝခန့်ရှိ တပ်ခွဲမှူး ဖားစတီး(အမည်မှန်မှာ ဗိုလ် ကြီး‌စောစတီး) ဦး‌ဆောင်အဖွဲ့က ဝါးသိုးခိုရွာအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် ဝါးသိုးခိုရွာ မူလတန်း‌ကျောင်းရှိ ပထမတန်း ‌ကျောင်းသား‌ကျောင်းသူနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်ဟု ‌ဖော်ပြခဲ့သည်။

အမှန်မှာ လက်နက်ကြီး ကျ‌ရောက်ခဲ့သည့် ဝါးသိုခို‌ကျေးရွာသည် မြန်မာတပ်စခန်းနှင့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအကြားတွင် မရှိဘဲ KNU တပ်ဖွဲ့ဝင်များ၏ ‌နောက်‌ကျောဘက်တွင်သာ ရှိ‌နေသည့်အတွက် ရွာတွင်းသို့ လက်နက်ကြီး ကျည်ကျခဲ့ခြင်းမှာ KNU တပ်ဖွဲ့များ၏ လက်ချက် မဟုတ်ဘဲ အစိုးရဘက်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီး‌ကြောင့်သာ ဖြစ်သည်ဟု KNU မှ အဆိုပါ ရုံးထိုင်မှူးက ‌ပြောသည်။

၎င်းက ဆက်လက်ပြီး “သူတို့(အစိုးရ)‌ဖော်ပြတဲ့ တပ်ရင်း(၁၀၁)ဆိုတာ မှားတယ်။ တပ်ရင်း(၁၀၂)ပါ။ ‌နောက် ကျ‌နော်တို့ ‌ပြောက် ကျားစနစ်နဲ့ ပစ်ခတ်မှုလုပ်တာ အင်အား ၃ဝအထိ မသုံးဘူး။ လက်နက်ကြီးလည်း သူတို့‌လောက် မသုံးဘူး။”ဟု ‌ပြောသည်။

မြန်မာအစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသည့် ထိုက‌လေးနှစ်ဦးအား ဝါးသိုးခို‌ကျောင်းအုပ် ဆရာက ကမ‌မောင်း‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့သည်ဟုလည်း သိရသည်။