Home ထိပ်တန်းသတင်း လွှတ်‌တော်ကိုယ်စားလှယ်များ အိတ်ဖွင့်‌ပေးစာ အစိုးရသာ ထုတ်ပြန်သင့်

လွှတ်‌တော်ကိုယ်စားလှယ်များ အိတ်ဖွင့်‌ပေးစာ အစိုးရသာ ထုတ်ပြန်သင့်

1097
ဩဂုတ်လ ၁ဝရက်။ (‌ကေအိုင်စီ)

ငြိမ်းချမ်း‌ရေး လိုလားသူ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်‌တော် ကိုယ်စားလှယ် ၂၃ဦးက ဩဂုတ်လ ၈ ရက်‌နေ့တွင် အိတ်ဖွင့်‌ပေးစာမှာ အစိုးရအ‌နေဖြင့်သာ ထုတ်ပြန်သင့်‌ကြောင်း အတိုက်အခံအဖွဲ့များက ‌ပြောဆို‌နေကြသည်။

ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ အမည်ခံလျက် ငြိမ်းချမ်း‌ရေးလိုလားသူများအတွက်ဆိုပြီး ပြည်သူ့ လွှတ်‌တော် ကိုယ်စားလှယ် ၂ဝဦးနှင့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ၃ဦး စု‌ပေါင်းပြီး အိတ်ဖွင့်‌ပေးစာ ထုတ်ပြန်ခဲ့သည်ကို ယမန်‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ‌ဖော်ပြထားသည်။

ထိုအိတ်ဖွင့်‌ပေးစာမှာ ဇူလိုင်လ ၂၇ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ “တိုင်းရင်းသား‌ဒေသများတွင် အပစ်အ ခတ် ရပ်စဲ‌ရေးအတွက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးရန် သူမအ‌နေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းသွားရန် အသင့်ရှိ‌နေ ‌ကြောင်း” ဆိုသည့်အချက်ပါ အိတ်ဖွင့်‌ပေးစာအား ရည်ညွှန်းထုတ်ပြန်ထားခြင်း ဖြစ်‌သော်လည်း မည်သူ့အတွက် ရည်ရွယ်ထားမှန်း တိကျစွာ ‌ဖော်ပြထားခြင်း မရှိ‌ပေ။

လွှတ်‌တော်ကိုယ်စားလှယ်များ၏ အိတ်ဖွင့်‌ပေးစာမှာ ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် အစိုးရနှင့် ပြည်သူက ရပ်တည်ခဲ့ကြပြီး ကျန် တစ်ဖက်ဖက်က သံသယလွန်ကဲခြင်း၊ အစွန်း‌ရောက်ခြင်း၊ ‌ဘေးပ‌ယောဂဝင်‌ရောက်‌နှောင့်ယှက်ခြင်း၊ ကတိပျက်ကွက်ခြင်း၊ အကြမ်း ဖက်မှုများ ပါဝင်ခဲ့ခြင်းများ‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများ ပျက်ခဲ့ရသည်ဟု ‌ဖော်ပြထားသည်။

အိတ်ဖွင့်‌ပေးစာပါ အထက်ပါအ‌ကြောင်းအရာများနှင့် ပတ်သက်ပြီး မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌက “ပြည်တွင်းငြိမ်း ချမ်း‌ရေးကိစ္စကို အစိုးရသစ်အ‌နေနဲ့ လုပ်‌ဆောင်‌ပေးသင့်တယ်။”ဟု ‌ပြောသည်။

အိတ်ဖွင့်‌ပေးစာမှာ လက်မှတ်‌ရေးထိုးခဲ့ကြသည့် လွှတ်‌တော်ကိုယ်စားလှယ်များသည် ပါတီကိုယ်စားပြုအ‌နေနှင့် လက်မှတ်‌ရေးထိုးခဲ့ ခြင်း မဟုတ်ဘဲ လွှတ်‌တော်ကိုယ်စားလှယ်အ‌နေနှင့်သာ လက်မှတ်‌ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

“အမှန်က အဲဒီအိတ်ဖွင့်‌ပေးစာက လွှတ်‌တော်ကိုယ်စားလှယ်‌တွေ ထုတ်ရမယ် မဟုတ်ဘူး။ သမ္မတအစိုးရသစ်ကိုယ်တိုင် ထုတ်ရမှာ ဖြစ်တယ်။ ဒါကို တိုက်ရိုက်မထုတ်ဘဲနဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌တွေ လက်မှတ်ထိုးပြီး ထုတ်ခိုင်းထားတဲ့သ‌ဘောပဲ။ ကိုယ်စား လှယ်အမတ်‌တွေ ဖိအား‌ပေးခံရမှုနဲ့ အဲဒီအိတ်ဖွင့်‌ပေးစာကို လက်မှတ်‌ရေးထိုးထားရတာ ဖြစ်တယ်လို့ မြင်တယ်။”ဟု UNFC အ‌ထွေ ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာက ‌ပြောဆိုလိုက်သည်။

အဆိုပါ အိတ်ဖွင့်‌ပေးစာထဲတွင် လက်နက်ကိုင်တပ်ဖွဲ့များ‌ကြောင့် ပြည်တွင်းစစ် သက်ဆိုးရှည်ခဲ့သည်ဟု ‌ရေးသားထားသည့်အ‌ပေါ် ထိုသို့ ‌ပြောဆို‌နေမည့်အစား ပြည်တွင်းငြိမ်းချမ်း‌ရေး အမှန်တကယ် လိုလားဖြစ်‌မြောက်‌စေချင်ပါက အချိန်မ‌ရွေး လာ‌ရောက်‌ဆွေး ‌နွေး ‌ပြောဆိုနိုင်‌ကြောင်းနှင့် မိမိတို့ဘက်ကလည်း ‌တွေ့ဆုံ‌ဆွေး‌နွေးရန် အဆင်သင့်ရှိ‌ကြောင်းလည်း နိုင်ဟံသာက ဆိုသည်။

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “ငြိမ်းချမ်း‌ရေးအတွက် ‌ဒေါ်စုရဲ့ အိတ်ဖွင့်‌ပေးစာအ‌ပေါ် အစိုးရနဲ့ စစ်တပ်က အ ကျိုးအတွက် အသုံးမချသွားဖို့ပဲ လိုတယ်။ အခု လက်မှတ်ထိုးတဲ့သူ‌တွေက ကြံ့ဖွံ့ပါတီက အများစုပဲ။ ဒီလူ‌တွေက ၂၀၀၈အ‌ခြေခံ ဥပ‌ဒေကို လက်ခံထားသူ‌တွေဆို‌တော့ ခုကိစ္စမှာ ပါတီကိုလည်း ကိုယ်စားမပြုသလို လူထုအကျိုးကို တကယ်ကြည့်မဲ့သူ‌တော့ မ ဟုတ်ပါဘူး။”ဟု ‌ဝေဖန်သုံးသပ် ‌ပြောဆိုသည်။

အိတ်ဖွင့်‌ပေးစာတွင် လက်မှတ်‌ရေးထိုင်းထားသည့် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ဦး‌ဆောင်စီ၊ ဦး‌စော‌နေ‌ကော်ကြီး၊ ဦးခွန် ‌မောင်‌သောင်း၊ ဦးငွန်‌မောင်း၊ ဦး‌စောသိန်း‌အောင်၊ ဦးမန်း‌မောင်‌မောင်ဉာဏ်၊ ‌ဒေါက်တာသန်းဝင်း၊ ဦးစိုင်းသီဟ‌ကျော်၊ ‌ဒေါ်မိယဉ်ချမ်း၊ ‌ဒေါ်နန်းဝါနု၊ ‌ဒေါ်ဒွဲဘူ၊ ‌ဒေါ်နန်းနွံ၊ ‌ဒေါ်ခင်‌စော‌ဝေ၊ ‌ဒေါ်မိမြင့်သန်း၊ ဦးသူရိန်‌ဇော်၊ ဦးဝင်းစိန်၊ ဦးတီခွန်မြတ်၊ ဦး‌မောင်တိုး၊ ဦးလှမြင့်ဦး၊ ဦးသန်းမြင့်နှင့် အမျိုးသားလွှတ်‌တော်ကိုယ်စား ဦးစခုန်တိန့်ယိန်း၊ ဦး‌နေဝင်းထွန်း၊ ဦးမန်း‌အောင်တင်မြင့်တို့ပါဝင်သည်။