Home ထိပ်တန်းသတင်း မယ်ရာမိုစခန်းတွင် စာသင်‌ကျောင်းပြန်မဖွင့်နိုင်‌သေး

မယ်ရာမိုစခန်းတွင် စာသင်‌ကျောင်းပြန်မဖွင့်နိုင်‌သေး

1754
ဩဂုတ်လ ၁ဝရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်နှင့် တာ့ခ်ခရိုင်အတွင်းရှိ မယ်ရာမိုဒုက္ခသည်စခန်း၌ ‌ရေကြီးမှု‌ကြောင့် ယခုအချိန်တွင် ‌ချောင်း‌ရေ ပြန်‌လျော့‌သော်လည်း စာသင်‌ကျောင်းများ ပြန်မဖွင့်နိုင်‌သေး‌ကြောင်း မယ်ရာမိုစခန်း တာဝန်ရှိသူများက ‌ပြောသည်။

ဩဂုတ်လ ၃ရက်‌နေု့က စတင်သည့် မယ်ရာမိုစခန်း ‌ရေလွှမ်းမိုးမှုတွင် ‌ကျောင်းသား ၆‌ထောင်‌ကျော်၏ ‌ကျောင်းစာအုပ်များ ပျက်စီး ကာ ယခုထိ ‌ကျောင်းမဖွင့်နိုင်ခြင်းဖြစ်သည်ဟု မယ်ရာမိုစခန်းမှ ပညာ‌ရေးဆိုင်ရာ တာဝန်ခံတဦးဖြစ်သူ ‌နော်ဖိုး‌ဝေါ်က ‌ကေအိုင်စီကို ‌ပြောသည်။

သူမက “‌ကျောင်းသူ‌ကျောင်းသား‌တွေဟာ ‌ရေကြီးလို့ ‌ရေထဲ အိမ်ပါသွားတဲ့ သူနဲ့၊ အိမ်မပျက်‌ပေမယ့် အိမ်ထဲ ‌ရေဝင်လို့ စာအုပ် ‌ပျောက်တာ၊ ပျက်စီးတာ ရှိခဲ့တယ်။”ဟု ‌ပြောသည်။

မယ်ရာမိုစခန်းသည် မယ်‌ဟောင်‌ဆောင်ခရိုင်နှင့် တာ့ခ်ခရိုင်ကို ခွလျက် တည်‌ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ ခရိုင် ၂ခုအ ကြား မှိုင်းလုံးကြီး(မူယူ)‌ချောင်း စီးဆင်းလျက်ရှိပြီး ‌ချောင်းကို ဖြတ်‌ဆောက်ထားသည့် ကြိုးတံတားလည်း ‌ရေကြီးစဉ်က ပျက်စီးသွား ခဲ့သည်။ ထို‌ကြောင့် အဆိုပါ‌ချောင်းကို ဖြတ်ကူးရန် အန္တရာယ်ရှိသည့် အ‌ခြေအ‌နေဖြစ်သည်ဟု မယ်ရာမိုစခန်း ဥက္ကဌ ‌စော‌ဘောဖိုး က ‌ပြောသည်။

“‌ရေပြန်ကျတာ ၄၊ ၅ရက်‌လောက်ရှိပြီဆို‌ပေမဲ့ ‌ချောင်း‌ရေက ‌ရေစီးသန်တုန်းပဲ။ ‌ကျောင်းဖွင့်မယ်ဆိုရင်လည်း မယ်‌ဟောင်‌ဆောင် ဘက်ကို ‌ကျောင်းလာတက်မယ့် က‌လေး‌တွေ ‌ချောင်းဖြတ်ကူးဖို့ လက်‌လှော်တဲ့ ‌လှေနဲ့ကူးလို့ မရဘူး။ စက်‌လှေနဲ့မှ ရတယ်။”ဟု သူ က ‌ပြောသည်။

ယခုရက်ပိုင်းတွင် ‌ကျောင်းပြန်မဖွင့်နိုင်‌သေး‌သော်လည်း လာမည့်အပတ် ဩဂုတ်လ ၁၈ရက်‌နေ့တွင် ပထမအစမ်း စာ‌မေးပွဲရှိသည့် အတွက် မယ်ရာမိုစခန်းရှိ စာသင်‌ကျောင်းများအားလုံး ‌ကျောင်းပြန်ဖွင့်နိုင်ရန် ကြိုးစား‌နေပြီး ‌ကျောင်းသားများ ‌ချောင်းဖြတ်ကူးရန် စက်‌လှေ ၃စီး စီစဉ်‌နေသည်ဟု သူက ဖြည့်စွက်‌ပြောသည်။

မယ်ရာမိုစခန်းတွင် လတ်တ‌လော ‌ရေ‌ဘေးဒုက္ခသည် နှစ်‌ထောင်ခန့်ရှိပြီး ၎င်းတို့သည် စခန်းအတွင်းရှိ ‌ဆေးရုံ၊ စာသင်‌ကျောင်း၊ ဘုရား‌ကျောင်းနှင့် ‌ဆွေမျိုးသားချင်းတို့၏ ‌နေအိမ်များတွင် ခိုလှုံ‌နေထိုင်‌နေကြရသည်။

မယ်ရာမိုစခန်းတွင် ‌ကျောင်းသား‌ကျောင်းသူဦး‌ရေ ၈‌ထောင်‌ကျော်ရှိကာ မူကြို‌ကျောင်းမှ အထက်တန်းလွန်‌ကျောင်းအထိ စုစု‌ပေါင်း ‌ကျောင်း ၂၀‌ကျော်ရှိသည်။

Photo (ကျိုးကျ‌နေသည့် မယ်ရာမို ကြိုးတံတား)

ရပ်ကွက် ၁ဝခုရှိသည့် မယ်ရာမိုစခန်းတွင် အမှတ်-၇ (Aနှင့် B) ရပ်ကွက်သည် မိုင်းလုံးကြီး‌ချောင်း၏ အ‌ရှေ့ဘက် တာ့ခ်ခရိုင်၊ ထာ့ ‌ဆောင်ယန်းမြို့နယ်တွင် တည်ရှိပြီး ကျန်ရပ်ကွက်များသည် မယ်‌ဟောင်‌ဆောင်ခရိုင်၊ ဆူးမွဲ(ကရင်အ‌ခေါ် သူးမွဲ) မြို့နယ်အတွင်း၌ တည်ရှိသည်။

၁၉၉၅ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့သည့် မယ်ရာမိုဒုက္ခသည်စခန်း၏ သက်တမ်း ၁၆နှစ်အတွင်း ယခု‌ရေ‌ဘေးသည် အကြီးမားဆုံး သဘာဝ‌ဘေးအန္တရာယ်ဖြစ်သည်။ ‌ရေ‌ဘေး‌ကြောင့် အစားအစာရိက္ခာ၊ အိမ်‌ခြေ၊ ‌ကျောင်း၊ တံတားအ‌ဆောက်အအုံများစွာ ပျက်စီး ဆုံးရှုံးကာ တန်ဖိုးအားဖြင့် ဘတ်‌ငွေသန်းတစ်‌ထောင်‌ကျော်ရှိသည်ဟု မယ်ရာမိုစခန်း ဥက္ကဌ ‌စော‌ဘောဖိုးက ‌ပြောသည်။