Home အယ်ဒီတာ့အာဘော် တ‌ယောက်အားနဲ့ဆို‌သော် မရ

တ‌ယောက်အားနဲ့ဆို‌သော် မရ

2017

မတရား အ‌ရေးယူဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မြန်မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို လွန်ခဲ့ သည့် ဩဂုတ်လ ၁၁ရက် ‌နေ့တွင် စစ်အစိုးရက ‌နေအိမ်အကျယ်ချုပ် တနှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ထပ်မံ ကျ ခံ‌စေခဲ့သည်။ တဆက်တည်းမှာပင် သူမ၏‌နေအိမ်ကို ‌ရေကူးခိုးဝင်ခဲ့သည့် အ‌မေရိကန်နိုင်ငံသား ဂျွန်ဝီလျှံယက် ‌တောကိုမူ ‌ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့သည်။

စစ်အစိုးရကို ဆန့်ကျင်‌နေသည့် မြန်မာအတိုက်အခံအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ မြန်မာ့ဥပ‌ဒေပညာရှင်များ၊ မြန်မာ့ အိမ်နီးချင်းနိုင်ငံ အစိုးရများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများက စစ်အုပ်စု၏ မတရားစီရင်မှုကို ရှုတ်ချကန့်ကွက်ခဲ့ ကြသည်။ ယင်းသို့ ကန့်ကွက်ရှုတ်ချမှုများနှင့် နိုင်ငံတကာရှိ မြန်မာသံရုံးများ‌ရှေ့ သွား‌ရောက်ဆန္ဒပြမှုများ ပြုလုပ်‌နေ ချိန်တွင် အ‌မေရိကန် အထက်လွှတ်‌တော်အမတ် မစ္စတာ ဂျင်မ်ဝက်ပ် က မြန်မာနိုင်ငံသို့ သွား‌ရောက်ခဲ့ပြီး စစ်အစိုးရ  ဥကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေအပြင် ‌ထောင်ဒဏ်ချမှတ်ခံရသည့် နိုဘယ်လ်ငြိမ်းချမ်း‌ရေးဆုရှင် ‌ဒေါ်‌အောင်ဆန်းစု ကြည်နှင့် သူမ‌နေအိမ်ကျူး‌ကျော်ဝင်‌ရောက်ခဲ့သူ မစ္စတာယက်‌တောနှင့်ပါ ‌တွေ့ဆုံခွင့် ရရှိခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ပ်သည် ကုလသမဂ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထက်စာလျှင် ၎င်း၏ မြန် မာနိုင်ငံခရီးစဉ်မှာ ‌အောင်မြင်သည်ဟု ဆိုရ‌ပေမည်။ အ‌ကြောင်းမှာ ကုလအတွင်း‌ရေးမှူးပင် ‌တွေ့ခွင့်မရရှိခဲ့သည့် ‌ဒေါ်စုနှင့် ‌တွေ့ဆုံခဲ့ရခြင်းအပြင် အကျဉ်းကျခံ မစ္စတာယက်‌တောကို စစ်အစိုးရမှ ကွင်းလုံးကျွတ်ပြန်လွှတ်‌အောင် လုပ်‌ဆောင်လိုက်နိုင်ခြင်းတို့‌ကြောင့်ပင် ဖြစ်သည်။

စစ်အစိုးရပိုင် သတင်းစာပါ ‌ဆောင်းပါးထဲတွင် အ‌မေရိကန်အမတ်၏ ခရီးစဉ်သည် မြန်မာနှင့် အ‌မေရိကန် နှစ်နိုင်ငံ ဆက်ဆံ‌ရေးအတွက် ‌ကောင်းမွန်သည့် အလားအလာတခုအဖြစ် ‌ရေးသား‌ဖော်ပြထားသည်။ သို့‌သော် ‌စေ့စပ်‌သေ ချာစွာ ပြန်ဆန်းစစ်မည်ဆိုပါက မစ္စတာဂျင်မ်ဝက်ပ်၏ ခရီးစဉ်သည် အ‌မေရိကန်အစိုးရ၏ ‌စေလွှတ်မှုလည်း မဟုတ် သည့်အပြင် ၎င်းတို့၏ အစိုးရ‌ပေါ်လစီနှင့်လည်း လုံးဝ မပတ်သက်‌ပေ။ ခရီးစဉ်အဆုံးတွင် မစ္စတာယက်‌တောသာ ‌ထောင်ဒဏ် ၇နှစ်အစား တပတ်အတွင်း ပြန်လည်လွတ်‌မြောက်လာပြီး အ‌ကြောင်းမဲ့ ‌စော်ကားခံရသူ ‌ဒေါ်‌အောင် ဆန်းစုကြည် လွတ်‌မြောက်‌အောင်ကိုမူ မစွမ်း‌ဆောင်နိုင်ခဲ့‌ပေ။

နအဖ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေသည် တပါးနိုင်ငံသားကို ပြစ်ဒဏ်မှ လွတ်‌မြောက်‌စေခဲ့‌သော်လည်း မိမိနိုင်ငံသူ၊ မိမိ နိုင်ငံ လွတ်လပ်‌ရေးဖခင်၏ သမီးလည်းဖြစ်သူကိုမူ ပြန်လွှတ်မ‌ပေးဘဲ နိုင်ငံတကာ၏ အမြင်တင်းမာမှု ‌လျော့ပါး‌စေ ရန်အတွက် တဖက်လှည့်ဖြင့် အာဃာတကင်းစွာ စာနာမှုထားသ‌ယောင်နှင့် ပြစ်ဒဏ်‌လျော့‌ပေးခဲ့သည်။ သို့‌သော် မြန်မာလူထုတရပ်လုံးကိုမူ မည်သို့‌သော အာဃာတ တရားဖြင့် ကြီးမားစွာ အညှိုးထား‌နေမှန်းမသိဘဲ ၂၀၁ဝတွင် စစ်အာဏာတရားဝင်သက်ဆိုးရှည်‌အောင် ကြိုးပမ်းလုပ်‌ဆောင်‌နေသည်ကို မြန်မာပြည်သူတရပ်လုံးက တ‌ယောက် အားနှင့်မဟုတ်ဘဲ အများအားနှင့် ညီညွှတ်စွာ ပူး‌ပေါင်းတွန်းလှန်မှသာ မြန်မာ့ဒီမိုက‌ရေစီပန်းတိုင်ကို လှမ်းကိုင်နိုင် ‌တော့မည် ဖြစ်‌ပေသည်။