Home ထိပ်တန်းသတင်း ထိုင်းအစိုးရသစ်မှ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးတွင် ကူညီပံ့ပိုး‌ပေးရန် KNU ‌မျှော်လင့်

ထိုင်းအစိုးရသစ်မှ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးတွင် ကူညီပံ့ပိုး‌ပေးရန် KNU ‌မျှော်လင့်

1952
ဩဂုတ်လ ၁၁ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

အသစ်တက်လာသည့် ထိုင်းအစိုးရအ‌နေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်း‌ရေး ရရှိ‌ရေးတွင် တဖက်တလမ်းဖြင့် ကူညီပံ့ပိုးရန် ‌မျှော်လင့်သည် ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ‌ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး‌သော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသူ ယင်လတ်ရှင်နာဝပ် (Yingluck Shinawatra) ဦး‌ဆောင်သည့် အစိုး ရအဖွဲ့ ဩဂုတ်လ ၉ရက်‌နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃၅ဦး အမည်စာရင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ ထို သို့ ထုတ်ပြန်ပြီး‌နောက်တွင် KNU က ယခုလို ‌ပြောကြားလိုက်ခြင်း ဖြစ်သည်။

KNU ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “အခုတက်လာတဲ့ အစိုးရသစ်က ဘာ‌ပေါ်လစီ ချမှတ် ချမှတ်။ အိမ်နီး ချင်းဖြစ်တဲ့ မြန်မာနိုင်ငံကို‌တော့ အစိုးရ၊ လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ‌ရေး အတိုက်အခံ‌တွေကို ‌ဆွေး‌နွေးပွဲ လမ်း‌ပေါ်‌ရောက်‌အောင် တွန်းပို့‌ပေးနိုင်ဖို့ ‌မျှော်လင့်တယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တက်လာသည့် ထိုင်းအစိုးရသစ်သည် နိုင်ငံ‌ရေး‌ပေါ်လစီများ မချမှတ်ရ‌သေးသည့်အတွက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံ‌ရေး အပါအဝင် မြန်မာ့နိုင်ငံ‌ရေးနှင့် စီးပွား‌ရေးအ‌ပေါ် မည်မျှ အကျိုးသက်‌ရောက်မှုရှိမရှိ မ‌ပြောနိုင်‌သေး‌ကြောင်း သူမက ဖြည့်စွက်‌ပြောသည်။

ထိုင်းအစိုးရသစ်သည် မြန်မာအစိုးရနှင့် ကြီးမားသည့် စီးပွား‌ရေး ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းသာ ပြုလုပ်ပါက အတိုက်အခံ တိုင်းရင်း သားအဖွဲ့များအတွက် စိုးရိမ်စရာဖြစ်‌ကြောင်းကိုလည်း ‌ပြောသည်။
၂၀၀ဝခုနှစ်မှ ၂၀၀၆ခုနှစ်အထိ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ သက်ဆင်ရှင်နာဝပ် လက်ထက်တွင် ထိုင်းနှင့် မြန်မာအစိုးရ တို့အကြား ရင်းနှီးသည့် ဆက်ဆံမှုများ ရှိခဲ့သည်။ ယခု တက်လာသည့် ယင်လပ်ရှင်နာဝပ်မှာ ထိုင်းဝန်ကြီးချုပ်‌ဟောင်း ဖြစ်ခဲ့သူ တာ့ခ်ဆင်ရှင်နာဝပ်၏ ညီမ‌တော်စပ်သည့်အတွက် ယခင် တာ့ခ်ဆင်အစိုးရ လက်ထက်ဆက်ဆံ‌ရေးနှင့် နှိုင်းယှဉ်ကာ စိုးရိမ်ခြင်း လည်း ဖြစ်သည်။

ဇူလိုင်လ ၃ရက်‌နေ့က ကျင်းပခဲ့သည့် ‌ရွေး‌ကောက်ပွဲအတွင်း အသက် (၄၄)နှစ်အရွယ် ယင်လပ်ရှင်နာဝပ် ဦး‌ဆောင်သည့် ‌ဖွေထိုင်း ပါတီသည် ပြိုင်ဘက် ယခင် ဝန်ကြီးချုပ် အဘီဆစ်‌ဝေ့ချာချီဝ ဦး‌ဆောင်သည့် ဒီမိုကရက်ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရ လိုက်ပြီး ဩဂုတ်လ ၅ရက်‌နေ့တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ်ခြင်းခံခဲ့ရသည်။

ယင်လပ်ရှင်နာဝပ်သည် နိုင်ငံ‌ရေးသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူတဦးဖြစ်ကာ ယခုနှစ်တွင်မှ နိုင်ငံ‌ရေးနယ်ပယ်သို့ ဝင်‌ရောက်ခဲ့ပြီး တလ‌ကျော်အကြာတွင် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။

၁၉၄၇ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် KNU သည် ၁၉၄၉ခုနှစ်မှ လက်နက်ကိုင် ‌တော်လှန်‌ရေး စတင်ခဲ့ပြီး မြန်မာအစိုးရ အဆက်ဆက်ကို ‌တော်လှန်ခဲ့ရာ ယခုလက်ရှိ အချိန်ထိဖြစ်သည်။