Home သတင်း ဒုက္ခသည်‌ဈေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ‌ပေး‌ဆောင်ရ

ဒုက္ခသည်‌ဈေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ‌ပေး‌ဆောင်ရ

1429
ဩဂုတ်လ ၁၂ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ့‌ဟောင်‌ဆောင် ခရိုင်အတွင်းရှိ မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းနှစ်ခုမှ လူသုံးကုန်နှင့် စား‌သောက်ကုန် ‌ရောင်း ‌ဈေးဆိုင်များကို ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအုပ်ချုပ်‌ရေးအဖွဲ့က ယခုလဆန်းပိုင်းမှစ၍ လစဉ် ဆိုင်အခွန်‌ငွေ ‌ကောက် ခံခဲ့သည်ဟု သိရသည်။

ထိုသို့ ‌ကောက်ခံရန် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များက ကရင်ဒုက္ခသည်‌ကော်မတီ(KRC)ကို အသိ‌ပေး ‌ပြောဆိုခဲ့သည့်အ ‌ပေါ် စခန်းတာဝန်ရှိသူများက ဩဂုတ်လ ၁ရက်‌နေ့တွင် လိုက်လံ‌ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု မဲ့စရင်းမြို့ရှိ KRC က ‌ကေအိုင်စီ ကို ‌ပြောပြသည်။

ယခင်က စခန်းနှစ်ခုစလုံးတွင် ‌ဈေးဆိုင်ခွန် ‌ကောက်ခံခဲ့ခြင်းမှာ ထိုင်းအာဏာပိုင်များကိုယ်တိုင် တနှစ်လျှင် တစ်ကြိမ်သာ ‌ကောက်ခံခဲ့‌သော်လည်း မကြာ‌သေးမီ လပိုင်းက ‌ပြောင်း‌ရွှေ့လာသည့် ထိုင်းအုပ်ချုပ်‌ရေးမှူးအသစ်က တလတကြိမ် ‌ကောက်ခံ သွားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

KRC ဝန်ထမ်းတစ်ဦးက “အရင်က‌တော့ စခန်းတစ်ခုလုံးက ဆိုင်အားလုံး‌ပေါင်း တနှစ်ကို ဘတ်‌ငွေ ၁‌သောင်း‌ပေးရတယ်။ အခု အသစ်‌ပြောင်းလာတဲ့ ပလာက‌တော့ တစ်လ ၅‌သောင်း ‌တောင်းတယ်။ အဲဒါ စခန်းက ‌ဈေးသည်‌တွေအ‌နေနဲ့လည်း ‌ပေးနိုင်မှာ မဟုတ်ဘူး‌လေ။ ဒါ‌ကြောင့် စခန်းမှာရှိတဲ့ ‌ဈေးဆိုင်‌တွေရဲ့ အ‌ခြေအ‌နေကိုကြည့်ပြီး ‌ကောက်‌ပေးခဲ့တယ်။”ဟု ‌ပြောသည်။

မယ်လအူး ဒုက္ခသည်စခန်းတွင် ‌ဈေးဆိုင်စုစု‌ပေါင်း ၂၀ဝနီးပါးရှိပြီး ယခု‌ကောက်ခံမှုမှာ ဆိုင်အကြီးအငယ်အလိုက် ဘတ်‌ငွေ ၂ဝ မှ ၂၀ဝအထိ ‌ကောက်ခံခဲ့သလို အပြင်မှ ကားနှင့်လာ‌ရောက်၍ ‌ဈေး‌ရောင်း‌နေသည့် ထိုင်း‌ဈေးသည်များအား ကားတစ်စီးလျှင် ၄၀၀ဝဘတ် ‌ကောက်ခံခဲ့သည်ဟု စခန်း‌ဈေးသည်တစ်ဦးက ယခုလို ‌ပြောပြသည်။

မယ်လအူး ‌ဈေးဆိုင်ပိုင်ရှင်တစ်ဦးက “ကျ‌နော်‌ဈေး‌ရောင်းလာတာ‌တော့ ၆နှစ်‌လောက်ရှိသွားပြီ။ အရင်နှစ်‌တွေက‌တော့ ကျ‌နော် ဆိုင်ကြီးဖွင့်‌ပေမဲ့ ၃ဝဘတ်ပဲ ‌ပေးရတယ်။ ဒီနှစ်‌တော့ ကျ‌နော်လည်း ‌ဈေးသိပ်‌ရောင်းမ‌ကောင်းလို့ ဆိုင်မှာ အနည်းအကျဉ်းပဲ ‌ရောင်း‌တော့တယ်။ ဒါ‌ပေမဲ့ အခုအခွန်အတွက် ကျ‌နော့်ဆိုင်က ဘတ် ၅၀‌ပေးလိုက်ရတယ်။”ဟု သူက ‌ပြောသည်။

မယ်လအူးနှင့် မယ်ရာမိုစခန်းနှစ်ခုကို ထိုင်းအာဏာပိုင်တစ်ဦးတည်းက အုပ်ချုပ်‌နေခြင်းဖြစ်ပြီး ယင်းသို့ ဆိုင်အခွန်များ လစဉ် ‌ကောက်ခံ‌နေပါက စခန်းအတွင်းရှိ ‌ဈေးသည်များအ‌နေဖြင့် ‌ရှေ့ဆက် ‌ဈေး‌ရောင်းရန် အခက်အခဲရှိနိုင်‌ကြောင်း ဒုက္ခသည်များက ‌ပြောဆို‌နေကြသည်။

မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၈၀‌ကျော် ကွာ‌ဝေးသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် လူဦး‌ရေ ၁၇,၀၀၀‌ကျော်ရှိပြီး မဲ့စရင်းမှ ၁၅ဝ ကီလိုမီတာကွာ‌ဝေးသည့် မယ်လအူးဒုက္ခသည်စခန်းတွင် လက်ရှိ လူဦး‌ရေ ၁၆,၀၀၀‌ကျော်ရှိ‌ကြောင်း (KRC)မှတ်တမ်းများအရ သိရသည်။