Home သတင်း ကရင့်အာဇာနည်‌နေ့ ‌ကေအဲန် အယ်လ်‌အေနဲ့ ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းကျင်းပ

ကရင့်အာဇာနည်‌နေ့ ‌ကေအဲန် အယ်လ်‌အေနဲ့ ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းကျင်းပ

1879
ဩဂုတ်လ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်သည့် ၆၁နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနားကို ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNL A)နှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)တို့ပူး‌ပေါင်း၍ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကေ အဲန်ယူ ထိန်းချုပ်ရာ နယ်‌မြေတ‌နေရာတွင် စု‌ပေါင်း ကျင်းပကြသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့များသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပူး‌ပေါင်းသွား ခဲ့သည့် ၁၅နှစ်တာကာလအတွင်း ကရင့်အမျိုးသားအာဇာနည်‌နေ့ကို ကျင်းပခွင့်မရှိဘဲ ယခုနှစ်မှသာ KNLA နှင့်အတူ ပထမဦးဆုံး ကျင်းပနိုင်ခြင်း ဖြစ်သည်။

‌ကော့ကရိတ်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် ၆၁နှစ်‌မြောက် အာဇာနည်‌နေ့ အခမ်းအနားတွင် ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များနှင့် ‌ဒေသခံပြည်သူ ၄၀ဝဦးခန့် တက်‌ရောက်ခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁) ဒုရင်းမှူး ဗိုလ်မှူး‌စော ကြည်‌အောင်က ‌ပြောသည်။

“အခမ်းအနားကို မနက် (၇)နာရီမှာ စတယ်။ ဒီ‌ကေဘီ‌အေဘက်ကလည်း တက်‌ရောက်ကြတယ်။ ‌ဒေသခံရွာသူရွာသား အပါအဝင် ဆိုရင်‌တော့ ၄၀ဝနီးပါး‌လောက် တက်‌ရောက်တယ်။ အခမ်းအနားမှာ‌တော့ စစ်‌ရေးပြအစီအစဉ်ရှိတယ်။ ဥက္ကဌကြီး မိန့်ခွန်းဖတ်ကြား တယ်။ မဟာမိတ်က ပို့လာတဲ့ သဝဏ်လွှာ‌တွေ၊ ‌ကေဝိုင်အို၊ ‌ကေဒဗလျူအို သဝဏ်လွှာ‌တွေကို ဖတ်ကြားတယ်။”ဟု ‌ပြောသည်။

အလားတူ ‌ကေအဲန်ယူ တပ်မဟာ(၇)တွင်လည်း ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည်ရပ်တည်သည့် နယ်ခြား‌စောင့်တပ်မှူးတပ်သားအ ချို့နှင့် ပူး‌ပေါင်း၍ အာဇာနည်‌နေ့ သမိုင်း‌ကြောင်းများအပြင် အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ‌လေးချက်နှင့် ပတ်သက် သည့် ‌ဟော‌ပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ပြောသည်။

ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည်ရပ်တည် သည့် နယ်ခြား‌စောင့်(၁၀၂၀)တပ်ရင်း၊ တပ်ခွဲ(၃)မှ ဒုတပ်ခွဲမှူး တပ်ကြပ်ကြီး ‌စောဒို့‌စေးက “အခုလို ကျ‌နော်တို့ အာဇာနည်‌ခေါင်း‌ဆောင်ကြီး‌တွေကို ပြန်ပြီး ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျ‌နော် အရမ်းပဲ ဝမ်းသာတယ်။ ကျ‌နော့်အ တွက် ပထမဦးဆုံးအကြိမ်ပဲ။ ဒီ‌ကေဘီ‌အေမှာ‌နေတုန်းက ဒီလို‌နေ့ရက်မျိုးကို အစိုးရက ကျင်းပခွင့်မပြုဘူး‌လေ။ ဒီ‌ဟော‌ပြောပွဲလုပ် တဲ့အတွက် အစိုးရကို ပြန်လည်‌တော်လှန်ဖို့ အများကြီး စိတ်အားထက်သန်လာတယ်။”ဟု ‌ပြောသည်။

ကရင့်အာဇာနည်‌နေ့ကို ကျင်းပရခြင်းမှာ ကရင်တမျိုးသားလုံးအတွက် အသက်‌ပေးလှူခဲ့ကြ‌သော အာဇာနည်‌စောဘဦးကြီးနှင့် အခြား‌သော တပ်ဗိုလ်တပ်မှူး ရဲ‌ဘော်နှင့် ပြည်သူတို့၏ မျိုးချစ်စိတ်ဓာတ်၊ ယုံကြည်ချက်နှင့် ‌ပေးဆပ်မှုတို့ကို ‌အောက်‌မေ့ဂုဏ်ပြုခြင်း ဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ‌စောတာမလာ‌ဘောက အာဇာနည်‌နေ့မိန့်ခွန်းတွင် ‌ပြောဆိုသည်။

Photo-KIC (တပ်မဟာ(၇)နယ်‌မြေ၊ မဲ့လာအားခီးတွင် ပြုလုပ်သည့် ၆၁နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့)

ထို့အပြင် ‌ကေအဲန်ယူ ဥက္ကဌက ‌တော်လှန်‌ရေးသမားများနှင့် ကရင်ပြည်သူတရပ်လုံး ‌တော်လှန်‌ရေး၊ နိုင်ငံ‌ရေးသတိဖြင့် အတိတ်မှ အ‌တွေ့အကြုံများကို သင်ခန်းစာယူပြီး ရန်သူ၏ ‌သွေးထိုးလှုံ့‌ဆော်များ၊ ‌တော်လှန်‌ရေးပြိုကွဲ‌အောင် ဝါဒဖြန့်ချိမှုများနှင့် ကရင်လူထု ကို ထိပါး‌စေ‌သော မည်သည့်လုပ်ရပ်ကိုမဆို ဝိုင်းဝန်းတွန်းလန်သွားရင်း ဘဝတူ တိုင်းရင်းသားများ၊ ဒီမိုက‌ရေစီအင်အားစုများနှင့်အ တူ စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်‌သော ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စု တည်‌ဆောက်နိုင်‌ရေး ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။

အလားတူ ဗိုလ်မှူးချုပ်ထင်‌မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီမှလည်း ကရင့်အာဇာနည်များ ကျဆုံးခဲ့သည့် ‌ကော့ကရိတ် မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာတွင် အ‌ခြေစိုက်ကာ ကရင့်အမျိုးသားအာဇာနည်‌နေ့ကို ယ‌နေ့ ပြုလုပ်ခဲ့သလို တတိယနိုင်ငံ‌ရောက် ကရင်လူမျိုးများကလည်း အလုပ်ပိတ်ရက်များတွင် အသီးသီး ကျင်းပပြုလုပ်ကြမည်ဖြစ်‌ကြောင်း သိရသည်။