Home သတင်း လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

1428
ဩဂုတ်လ ၁၅ရက်၊ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော်(‌ကေအဲန်အဲယ်လ်‌အေ)တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု ‌ကေအဲန်အယ်လ်‌အေ ဘက်က‌ပြောသည်။

ဩဂုတ်လ ၁၄ရက်‌နေ့တွင် ဗိုလ်ကြီး‌စောသယူ့ထူး ဦး‌ဆောင်သည့် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)က ‌ကော့ကရိတ် အ‌ခြေစိုက် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၁၂)လက်‌အောက်ခံ ခလရ(၂၃၁)အား ခလဲ့ခို‌ကျေးရွာအနီးတွင် ချုံခိုတိုက် ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၁ဦးဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူးဗိုလ်မှူး ‌စောအယ်စဲစဲက ‌ကေ အိုင်စီကို ‌ပြောသည်။

၎င်းက “မ‌နေ့က ကျ‌နော်တို့ ‌ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ ့ဝင်‌တွေနဲ့ စစ်တပ်တို့ ခလဲ့ခို ့ရွာဘက်မှာ ပစ်ခတ်မှုဖြစ် ပွားပြီး ရန်သူ့ဘက်က ၁ဦးဒဏ်ရာ ရရှိသွားတယ်။ တိုက်ပွဲက သိပ်‌တော့မကြာလိုက်ဘူး၊ ခဏ‌လေးနဲ့ ပြီးသွားတယ်”ဟု ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ် ခမရ (၂၃၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅ဝဦး နီးပါးရှိပြီး KNLA အ‌ခြေချသည့် နယ်‌မြေ အတွင်းသို့ ဝင်‌ရောက်ကျူး‌ကျော်လာခဲ့‌သော‌ကြောင့် ယခုလို ချုံခိုတိုင်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး ‌စောအယ်စဲစဲက ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ဝရက်‌နေ့တွင်လည်း ‌ကေအဲန်အယ်လ်‌အေ (၂၁)တပ်ရင်းက စကခ(၁၂)လက်‌အောက်ခံ ခမရ ၅၄၈ တပ်ရင်းအား ဝါးခို့‌လော်တယ်‌ကျေးရွာအနီးတွင် ချုံခိုက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက် ၃ဦးဒဏ်ရာရရှိခဲ့ပြီး ဩဂုတ်လ ၁၁ရက်‌နေ့တွင်လည်း ကမားထာ့တွင် ‌ကေအဲန်အယ်လ်‌အေ ၂၁တပ်ရင်းနှင့် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ခမရ ၃၃၉ တပ်ရင်းအကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၂ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ‌ကေ အဲန်အယ်လ်‌အေ တပ်မဟာ (၇)က ‌ပြောသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ‌ကေအဲန်အယ်လ်‌အေဘက်က ထိခိုက်ကျဆုံးမှု မရှိ‌ကြောင်းထုတ်‌ဖော်‌ပြော ကြား‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် သီးခြားအတည်ပြုချက်မရရှိ‌ပေ။

‌ကေအဲန်အယ်‌အေ တပ်ဖွဲ့ဝင်များ (ပုံ-‌ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်တွင် အစိုးရစစ်တပ်ဘက်မှ ရတခ လက်‌အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၃၁၀၊ ၃၃၈၊ ၃၃၉၊ ခ လရ ၂၈ တပ်ရင်းနှင့် စကခ (၁၂)လက်‌အောက်ခံ ခလရ ၂၃၁တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသလို ‌ကေအဲန်ယူ (၇)တပ်မ ဟာ(၇) လက်‌အောက်ခံ ‌ကေအဲန်အယ်လ်‌အေ ၂၁တပ်ရင်း လှုပ်ရှားလျှက်ရှိသည်။