Home ထိပ်တန်းသတင်း ပဲခူးမြစ်‌ရေ‌ကြောင့် လယ်‌မြေဧက‌ထောင်ချီ နလန်မထူနိုင်‌အောင် ပျက်စီး

ပဲခူးမြစ်‌ရေ‌ကြောင့် လယ်‌မြေဧက‌ထောင်ချီ နလန်မထူနိုင်‌အောင် ပျက်စီး

1671
ဩဂုတ်လ ၁၆ရက်။ (‌ကေအိုင်စီ)

ပဲခူးမြို့တွင် ဇူလိုင်လ‌နောက်ဆုံးအပတ်မှစပြီး မိုးဆက်တိုက်ပြင်းထန်စွာ ရွာသွန်းခဲ့ခြင်း‌ကြောင့် လယ်‌မြေဧက‌ထောင်‌ကျော် ပျက်စီး ကာ ယ‌နေ့ထိ ပြန်လည် မလုပ်‌ဆောင်နိုင်‌သေး‌ကြောင်း လယ်သမားများက ‌ပြောသည်။

ပဲခူးမြစ်‌ရေသည် ၄၇နှစ်အတွင်း အမြင့်ဆုံး စံချိန်တင် လျှံတက်မှုနှင့် မိုးကြီးခဲ့ခြင်း‌ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ လယ်ယာ‌မြေ စိုက် ပျိုးမှု အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုရှိ‌ကြောင်း လယ်ပိုင်ရှင်တစ်ဦးက ယခုလို ‌ပြောသည်။

“လယ်‌တွေ အကုန်ပျက်စီးတယ်။ ပြန်လည် လုပ်‌ဆောင်ဖို့ကလည်း မနိုင်‌တော့ဘူး‌လေ ၃ခါရှိသွားပြီး။ လုပ်လိုက် ‌ရေမြုပ်လိုက်နဲ့ ထပ်ရင်းဖို့လည်း မတက်နိုင်‌တော့ဘူး။ ဘယ်သူ့ဆီက ဘာအကူအညီမှလည်း မရခဲ့ဘူး။”ဟု ပဲခူးမြို့၊ ကမာနတ်ကွင်းမှ လယ်‌မြေ ဧက ၃ဝပိုင် လယ်ပိုင်ရှင်တစ်ဦးက ‌ပြောသည်။

ပဲခူးတိုင်းအတွင်း ပျက်စီးဆုံးရှုံးခဲ့‌သော လယ်ယာ‌မြေများနှင့် မျိုးစပါးများအတွက် လယ်သမားများ၏ လိုအပ်ချက်များကို အာဏာပိုင် များဘက်မှ ကူညီပံ့ပိုးမှု တစုံတရာ မရရှိ‌ကြောင်း ၎င်းလယ်သမားက ‌ပြောဆိုသည်။

“ဒီနှစ်‌တော့ ဘာမှလုပ်လို့မရ‌အောင် ရှုံးတယ်။ တခါတည်းလည်းမဟုတ် အကြိမ်ကြိမ် ရှုံးတယ်။ ‌နွေတုန်းကလည်း ပဲစိုက်တာ အ ဆင်မ‌ပြေ၊ စပါးကလည်းမရ လယ်သမား‌တွေအတွက်‌တော့ ထမင်းငတ်မယ့် အလားအလာပဲ။”ဟု ပဲခူးမြို့၊ မွန်စံပြရပ်ကွက်ရှိ လယ် ပိုင်ရှင် ‌ဒေါ်ရီက ‌ပြောသည်။

ဇူလိုင်လကုန်ခန့်မှစ၍ မိုးသည်းထန်ကာ မြစ်‌ရေလျှံတက်မှု‌ကြောင့် ပဲခူး၊ ‌ညောင်‌လေးပင်၊ ‌ရွှေကျင်၊ သနပ်ပင်မြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကဝမြို့နယ်များမှ လယ်ယာ‌မြေများလည်း ‌ရေမြုပ်ကာ ပျက်စီးမှုရှိ‌ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် မိုး‌လျော့နည်းလာကာ မြစ်‌ရေများ ကျသွား‌သော်လည်း မြုပ်‌နေသည့် လယ်ကွင်းများ ဆက်လက် ‌ရေနစ်မြုပ်‌နေ ဆဲဖြစ်သည့်အတွက် စပါးခင်းများ ပျက်စီးကာ လယ်ယာ‌မြေများ ‌နောက်ထပ် ပြန်လည် စိုက်ပျိုးနိုင်သည့် အ‌နေအထား မရှိ‌တော့ ‌ကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်းရှိ လယ်သမားများသည် အများအားဖြင့် ‌နွေမှာ ပဲကို အဓိကစိုက်ပျိုးကြပြီး မိုးတွင်းချိန်၌ စပါးကို အဓိကထား စိုက်ပျိုးကြသည်။

ပဲခူးမြစ်‌ရေ အမြင့်ဆုံးစံချိန်‌ကြောင့် မြို့‌ပေါ်ရှိ ရပ်ကွက်များ‌ရေမြုပ်ကာ ‌ထောင်နှင့်ချီသည့် ‌ရေ‌ဘေးဒုက္ခသည်များကိုလည်း ‌ရေ‌ဘေး လွတ်ရာ ဘုန်းကြီး‌ကျောင်း၊ ဘုရားနှင့် စာသင်‌ကျောင်းများတွင် ‌ရွှေ့‌ပြောင်းထားရသည်ဟု မြို့ခံများက ‌ပြောဆို‌နေကြသည်။

အဆိုပါ ပဲခူးမြို့အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ ‌နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းခြင်း‌ကြောင့် မြစ်‌ရေ၊ ‌ချောင်း‌ရေများလျှံပြီး မြို့‌ပေါ် အပါအဝင် ‌ကျေးလက်‌ဒေသများမှာလည်း ‌ရေကြီးကာ ‌ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ကြရသည်။