Home ထိပ်တန်းသတင်း ‌ဆောင်ပုဒ်ဖျက်ရုံဖြင့် မီဒီယာလွတ်လပ်မည်မဟုတ်ဟု မြန်မာသတင်းသမားများ ‌ပြောဆို

‌ဆောင်ပုဒ်ဖျက်ရုံဖြင့် မီဒီယာလွတ်လပ်မည်မဟုတ်ဟု မြန်မာသတင်းသမားများ ‌ပြောဆို

2889
ဩဂုတ်လ ၁၇ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာအစိုးရ သတင်းစာများတွင် ‌ဖော်ပြ‌နေခဲ့သည့် ပြင်ပသတင်း ဌာနများအ‌ပေါ် ပုပ်ခတ်‌ရေးသားထားသည့် ‌ဆောင်ပုဒ်အား ယမန်‌နေ့က ဖြုတ်လိုက်ခြင်းသည် အစိုးရသစ်၏ အ‌ပြောင်းအလဲတရပ်ဖြစ်‌သော်လည်း အသွင်သဏ္ဍာန်အရ ‌ပြောင်းလဲမှုသာ ဖြစ်‌ကြောင်း ပြည်တွင်းပြည်ပ မြန်မာသတင်းသမားများက ‌ဝေဖန်‌ပြောဆို‌နေကြသည်။

မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက အချိန်အတိုင်းအတာတခုအထိ ‌စောင့်ကြည့်ရန် လိုအပ်‌ကြောင်းနှင့် လွတ်လပ် သည့် သတင်းမီဒီယာ ဖြစ်ရန် လုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း ယခုလို ‌ပြောသည်။

“ဒီလိုဖြုတ်လိုက်တယ်ဆို‌ပေမဲ့ အသွင်သဏ္ဍာန်အရ ‌ပြောင်းလဲမှုတခုသာဖြစ်တယ်။ ဖမ်းထားတဲ့ သတင်းသမား‌တွေကလည်း အများကြီး၊ ပြီး‌တော့ သတင်းစာရှင်းလင်းပွဲမှာလည်း လူတ‌ယောက်ကို ‌မေးခွန်တခုပဲ ‌မေးခွင့်ရှိပြီး ပြန်‌ဖြေထားတဲ့ အ‌ဖြေ‌တွေကို လည်း တိတိကျကျ မ‌ဖော်ပြထားဘူး။ သတင်းစာ‌တွေမှာ ထိန်ချန်ထားတာ‌တွေ ရှိ‌နေ‌သေးတယ်။ ခိုင်ခိုင်လုံလုံ ‌ပြောရမယ်ဆိုရင် ‌စော‌သေးတယ်။ အချိန်ယူပြီး ‌စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။”ဟု ဆိုသည်။

အစိုးရ၏ ထိုလုပ်‌ဆောင်ချက်မှာ ‌ကောင်းသည့် ‌ပေါ်လစီတစ်ခုမဟုတ်ဘဲ စာ‌ပေစိစစ်‌ရေးများ ဖျက်သိမ်း‌ပေးခြင်း၊ မြန်မာအလင်း နှင့် ‌ကြေးမုံသတင်းစာများကို ပုဂ္ဂလိကပိုင်အဖြစ်‌သော်လည်း‌ကောင်း၊ ၎င်းနှင့် သက်ဆိုင်သူများအား လွှဲ‌ပြောင်း‌ပေးပြီး သတင်း ပြန်ကြား‌ရေးအဖွဲ့၏ ဝါဒဖြန့်ချိ‌ရေး ပြုလုပ်‌နေမှုများကို ရပ်ဆိုင်းပစ်ရန် လိုအပ်‌ကြောင်းလည်း ဦးဇင်လင်းက ဆက်‌ပြောသည်။

စစ်အစိုးရလက်ထက်ကတည်းက အစိုးရသစ်တက်သည်အထိ မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းစာများ၏ ‌နောက်ဆုံးစာမျက် နှာတွင် ပြည်သူ့ဆန္ဒ သ‌ဘောထား ၄ချက်အပြင် “VOA, BBC ရန်တိုက်‌ပေး‌နေသည်၊ RFA, DVB ‌သွေးထိုး‌နေသည်၊ ခ‌လောက် ဆန် အ‌ကောက်ကြံ ‌လေလှိုင်းသံ လူသတ်သမား၊ နားမ‌ယောင်‌လေနဲ့ သတိထား” ဆိုသည့်‌ဆောင်ပုဒ်များကို ‌နေ့စဉ် ထည့်သွင်း ‌ဖော်ပြ‌နေသည်။

ထိုင်းနိုင်ငံအ‌ခြေစိုက် DVB သတင်းဌာန တာဝန်ခံ ဦးတိုး‌ဇော်လတ်က “ကျ‌နော့်အ‌နေနဲ့ ‌ပြောရရင် နဲနဲ‌တော့ တိုးတက်လာတယ် ပဲ ‌ပြောရမှာ‌ပေါ့။ ဒီ‌ဆောင်ပုဒ်ဖြုတ်လိုက်ရုံနဲ့‌တော့ သတင်းမီဒီယာကို ‌ပြောင်းလဲလာမယ်လို့‌တော့ ပြည့်ပြည့်ဝဝ ယုံကြည်လို့ မရ ‌သေးပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အခုအထိလည်း အစိုးရအ‌နေနဲ့ မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း‌တွေ ထားရှိ‌နေတုန်းပဲ။ ‌နောက်ပြီး ပြင်ပမီဒီယာသမား‌တွေကိုလည်း ‌ဖော်ထုတ် ဖမ်းဆီးမှု‌တွေ ပြုလုပြ်ပီး ‌ထောင်ချ‌နေတုန်းပဲ‌လေ။ ဒါ‌ကြောင့် ဒီမလိုအပ် တဲ့ စာ‌ပေဥပ‌ဒေကြီးကို ဖယ်လိုက်ပြီး ပြင်ပသတင်းသမား‌တွေကို လွတ်လပ်စွာ ‌ရေးသားခွင့်ပြုလိုက်မယ်ဆို ပို‌ကောင်းပါလိမ့် မယ်။”ဟု သူ၏အမြင်ကို ‌ပြောသည်။

မြန်မာအစိုးရသစ် တက်လာပြီး‌နောက် စီးပွား‌ရေးကဏ္ဍ ‌ပြောင်းလဲမှုများရှိလာ‌သော်လည်း မီဒီယာကဏ္ဍမှာ ‌ပြောင်းလဲရန် များ စွာ လိုအပ်‌သေး‌ကြောင်းလည်း အမည်မ‌ဖော်လိုသူ ပြည်တွင်းအယ်ဒီတာတစ်ဦးက သုံးသပ်‌ပြောဆိုလိုက်သည်။

၎င်းက “အစိုးရအ‌နေနဲ့ ပြည်ပသတင်းမီဒီယာ‌တွေကို ရန်သူလို့ သ‌ဘောထားတဲ့ အ‌နေအထားက‌နေ ‌လျော့သွားတယ်လို့‌တော့ ဆိုနိုင်ပါတယ်။ လတ်တ‌လော အ‌ခြေအ‌နေအရ အစိုးရအ‌နေနဲ့ စီးပွား‌ရေးမှာ အများကြီး အ‌ပြောင်းအလဲ‌တွေ‌တော့ ရှိလာ‌ပေမဲ့ ပြည်ပမီဒီယာသမား‌တွေ ပြည်တွင်းဝင်ခွင့် မရရှိ‌သေးဘူး။ ပြည်တွင်းထဲမှာဆိုလည်း ပုဂ္ဂလိက သတင်းဌာန‌တွေ ‌နေ့စဉ်သတင်း စာ ထုတ်ခွင့်မရှိ‌သေးဘူး။ အဲ့ဒါ‌ကြောင့် ပြည်တွင်းမှာ အစိုးရရဲ့ သတင်းမီဒီယာ ‌ပြောင်းလဲမှု‌တွေက အများကြီး လုပ်‌ဆောင်ဖို့ လိုအပ်‌သေးတယ်။”ဟု ‌ပြောသည်။

အစိုးရသတင်းစာတွင် အဆိုပါ‌ဆောင်ပုဒ် ထည့်သွင်းခြင်းဖြင့် ပြင်ပမီဒီယာသမားများကို တိုက်ခိုက်‌နေသည့် လုပ်ရပ်များမှာ အစိုးရ၏ တဖက်‌စောင်းနင်းလုပ်ရပ်သာဖြစ်ပြီး မြန်မာလူထုနှင့် သတင်းမီဒီယာအကြား ယုံကြည်မှုဖြစ်မည်ကို စိုးရိမ်သည့်ဝါဒ ဖြန့်မှုသာဖြစ်‌ကြောင်း မဇ္ဈိမသတင်းဌာန အယ်ဒီတာ ကိုစိန်ဝင်းက အခုလို ‌ပြောသည်။

“သူတို့က ပြည်ပမီဒီယာ ဖြစ်တည်မှုကို နားလည်တယ်။ ပြင်ပမီဒီယာ‌တွေရှိ‌နေရတဲ့အ‌ကြောင်းကိုလည်း နားလည်တယ်။ သို့‌ပေ မဲ့ လူထုကို ဒီမီဒီယာ‌တွေအ‌ပေါ်မှာ မ‌ကောင်းမြင်လာ‌အောင် ကြိုးစားတဲ့ ခပ်တုံးတုံး ဝါဒဖြန့်နည်းပဲ။ အခုအဲ့ဒါဟာ ရုပ်ဆိုးပန်း ဆိုးဖြစ်တယ်လို့ မြင်လာပြီး ဖြုတ်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ Slogan ‌တွေ မ‌တွေ့ရတာ စိတ်ချမ်းသာတယ်။”ဟု သူက ဆို သည်။

ပြည်ပမီဒီယာများအား ပုတ်ခတ်‌ဝေဖန်ထားသည့် ‌ဆောင်ပုဒ်ကို ၂၀၀၇ခုနှစ်၊ စက်တင်ဘာလ၌ ဖြစ်ပွားခဲ့သည့် ‌ရွှေဝါ‌ရောင် သံဃာ့လှုပ်ရှားမှု‌နောက်ပိုင်း စစ်အစိုးရက နိုင်ငံပိုင် သတင်းစာများတွင် စတင် ထည့်သွင်း‌ဖော်ပြခဲ့ခြင်း ဖြစ်သည်။