Home ထိပ်တန်းသတင်း ‌တော်လှန်‌ရေးကို ကူညီပံ့ပိုးကြရန် ကရင်နီပြည်သူများကို KNPP တိုက်တွန်း

‌တော်လှန်‌ရေးကို ကူညီပံ့ပိုးကြရန် ကရင်နီပြည်သူများကို KNPP တိုက်တွန်း

1541
ဩဂုတ်လ ၁၇ရက်။ ‌စောခါးစူး

‌ကေအိုင်စီ)

အမျိုးသား‌ရေးအတွက် ‌ရှေးရှု၍ ‌တော်လှန်‌ရေးကို ကူညီပံ့ပိုးကြရန် ယ‌နေ့ ဩဂုတ်လ ၁၇ရက်‌နေ့၌ ကျ‌ရောက်‌သော ၆၃နှစ်‌မြောက် ကရင်နီပြည် တပ်မ‌တော်‌နေ့တွင် ကရင်နီပြည်သူများအား ကရင်အမျိုးသား တိုးတက်‌ရေးပါတီ-KNPP က တိုက်တွန်‌ပြောကြားလိုက် သည်။

ထိုင်း-မြန်မာနယ်စပ် KNPP ထိန်းချုပ်နယ်‌မြေ လိုဘာခိုခရိုင်၊ မယ်စဲမြို့နယ်အတွင်းရှိ ကရင်နီတပ်မ‌တော် မှတ်တိုင်တပ်စခန်း၌ ပြု လုပ်သည့် အခမ်းအနားတွင် KNPP က ထိုသို့ ‌ပြောကြားလိုက်ခြင်း ဖြစ်သည်။

KNPP ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူဦးရယ်က “လက်နက်ကိုင်တပ်ဖွဲ့‌တွေမှာ ပါဝင်တဲ့ ကျ‌နော်တို့ ရဲ‌ဘော်ရဲဘက်‌တွေဟာ ပြည် သူကြားက ‌မွေးဖွားလာတဲ့ သားသမီး‌တွေ ဖြစ်တဲ့အတွက် ပြည်သူ‌တွေကလည်း ကျ‌နော်တို့နဲ့ အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်ကြဖို့ အထူးပန်ကြားချင်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ကရင်နီလူထု၏ ပူး‌ပေါင်းပံ့ပိုးမှုကို ရယူပြီး မြန်မာအစိုးရကို လက်နက်ကိုင်နည်းနှင့် နိုင်ငံ‌ရေးနည်း နှစ်မျိုး‌ပေါင်းပြီး မြန်မာနိုင်ငံ ဖယ်ဒ ရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်‌ကြောင်း KNPP က ‌ပြောသည်။

နိုင်ငံ‌ရေး ပဋိပက္ခ ရှိ‌နေသည့်အတွက် ကရင်ပြည်တပ်မ‌တော်သည် မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲ‌နေရ‌သော်လည်း နို်င်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် အ‌ဖြေရှာမှသာ ငြိမ်းချမ်းရရှိနိုင်မည်ဟု ယုံကြည်‌ကြောင်း သူက ဆက်‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU၏ ဒု-ဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “ကရင်နီအမျိုးသားအ‌နေနဲ့ သူတို့(မြန်မာအစိုးရ)ကို ‌တော်လှန်တိုက်ပွဲဝင်တဲ့အခါမှာ စွမ်းစွမ်းတမံ ပါဝင်တယ်။ KNU အ‌နေနဲ့ KNPP နဲ့လက်တွဲပြီး ‌တော်လှန်‌ရေး ဆုံးခန်းတိုင်‌အောင် ပူး ‌ပေါင်း‌ဆောင်ရွက်သွားမယ်။”ဟု ‌ပြောသည်။

KNU နှင့် KNPP သည် ၁၉၄၈ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်‌ရေး ရပြီးသည့်‌နောက်ပိုင်း မြန်မာအစိုးရ အဆက်အဆက်ကို လက်တွဲ ‌တော်လှန်ခဲ့သည့် မဟာမိတ်အဖွဲ့များ ဖြစ်သည်။

ဗြိတိသျှအစိုးရ မြန်မာနိုင်ငံမှ ထွက်ခွာပြီး‌နောက် ၁၉၄၈ခုနှစ်၊ ဩဂုတ်လ ၉ရက်‌နေ့တွင် ကရင်နီပြည်အား မြန်မာအစိုးရက စတင် ဝင်‌ရောက် တိုက်ခိုက်ခဲ့သည်။ ထို့‌နောက် ကရင်နီ‌ခေါင်း‌ဆောင်များက လူစုပြီး ပြန်လည်တိုက်ခိုက်ကာ ဩဂုတ်လ ၁၇ရက်‌နေ့တွင် တပ်မ‌တော်တစ်ရပ် အသွင်အဖြစ် စတင် ဖွဲ့စည်းခဲ့သည်။

ကရင်နီတပ်မ‌တော် စတင်ဖွဲ့စည်းစဉ်က လွတ်လပ်သည့် ကရင်နီပြည်‌ထောင်စု တပ်မ‌တော်အမည်ဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ခုနှစ်တွင် အမျိုးသား ကွန်ဂရက်တွင် ကရင်နီပြည်တပ်မ‌တော်ဟု ‌ပြောင်းလဲ ‌ခေါ်‌ဝေါ်ခဲ့သည်။