Home ထိပ်တန်းသတင်း ဒီမိုက‌ရေစီမိတ်‌ဆွေများပါတီနှင့် ဂျွန်ကယ်ရီ၏ အကြံ‌ပေး အဖွဲ့ ‌တွေ့ဆုံခဲ့

ဒီမိုက‌ရေစီမိတ်‌ဆွေများပါတီနှင့် ဂျွန်ကယ်ရီ၏ အကြံ‌ပေး အဖွဲ့ ‌တွေ့ဆုံခဲ့

1799
ဩဂုတ်လ ၁၈ရက်။ (‌ကေအိုင်စီ)

ဒီမိုက‌ရေစီမိတ်‌ဆွေများပါတီနှင့် အ‌မေရိကန်အထက်လွှတ်‌တော် နိုင်ငံခြား‌ရေးရာ‌ကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီ၏ အကြံ‌ပေးအရာရှိ အက်ဒ်မန်ထရီဘာတီတို့ ဩဂုတ်လ ၁၇ ရက်‌နေ့မှာ ‌တွေ့ဆုံခဲ့သည်။

ဂျွန်ကယ်ရီ အကြံ‌ပေး အရာရှိနှင့် ‌ရွေး‌ကောက်ပွဲအနိုင်ရ ဒီမိုက‌ရေစီမိတ်‌ဆွေများပါတီတို့ ‌တွေ့ဆုံမှုကို ရန်ကုန်ရှိ အ‌မေရိကန်သံရုံး တွင် ယမန်‌နေ့ ‌နေ့လည် ၁ဝနာရီဝန်းကျင်က ‌တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ‌တွေ့ဆုံရာ၌ ဒီမိုက‌ရေစီမိတ်‌ဆွေများပါတီမှ စာတမ်းတ‌စောင်‌ပေးအပ်ခဲ့ပြီး ၎င်းစာတမ်းတွင် မြန်မာအစိုးရအား တိုက်တွန်း ချက်များ၊ အ‌မေရိကန် အစိုးရအား တိုက်တွန်းချက်များနှင့် ဥ‌ရောပသမဂ္ဂ (အီးယူ)အ‌ပေါ် ‌တောင်းဆိုချက်များကို ပါဝင် ‌ရေးသားပြု စုထား‌ကြောင်း သိရသည်။

“မိတ်‌ဆွေများပါတီအ‌နေနဲ့ စာတ‌စောင်‌ပေးလိုက်တယ်။ ပြီး‌တော့ သူတို့(အ‌မေရိကန်)ဘက်က ပါတီ‌တွေရဲ့ အ‌ခြေအ‌နေကို ‌မေးမြန်း တယ်။ ‌နောက်တခုက အခု ‌ဒေါ်စုနဲ့ အစိုးရသစ် ပူး‌ပေါင်းသွားမယ်ဆိုတာကို အပြုသ‌ဘောမြင်ဖို့ ‌ပြောသွားတယ်။”ဟု မွန်‌ဒေသလုံး ဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ပြောသည်။

အ‌မေရိကန်အထက်လွှတ်‌တော် နိုင်ငံခြား‌ရေးရာဥက္ကဌ ဂျွန်ကယ်ရီ၏ အကြံ‌ပေးအဖွဲ့အ‌နေဖြင့် မြန်မာပြည်သို့ ပထမဆုံးအကြိမ် ‌ရောက်ရှိလာခြင်းဖြစ်ပြီး ‌ရွေး‌ကောက်အနိုင်ရ နိုင်ငံ‌ရေးပါတီများနှင့် ‌တွေ့ဆုံကာ ပါတီအသီးသီး၏ လက်ရှိ လှုပ်ရှားမှု အ‌ခြေအ‌နေ များကို ‌မေးမြန်းခဲ့သည်ဟု သိရသည်။

ဒီမိုက‌ရေစီမိတ်‌ဆွေများပါတီသည် နိုင်ငံ‌ရေးပါတီ ၁ဝပါတီ ပါဝင်သည့်အနက် ယခု အ‌မေရိကန် ဂျွန်ကယ်ရီ၏ အကြံ‌ပေးအဖွဲ့နှင့် ‌တွေ့ဆုံရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တက်‌ရောက်ခဲ့ခြင်း မရှိဘဲ စုစု‌ပေါင်း ၉ပါတီသာ တက်‌ရောက်ခဲ့ကြသည်။

ဒီမိုက‌ရေစီ မိတ်‌ဆွေများပါတီတွင် အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး ပါတီ၊ ပြည်‌ထောင်စုဒီမိုက‌ရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ (တစည)နှင့် ညီ‌နောင်တိုင်းရင်းသား ၅ပါတီများဖြစ် ကြသည့် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုး တက်‌ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီများ ဖြစ်သည်။