Home ထိပ်တန်းသတင်း မြဝတီတံတား ပြန်ဖွင့်‌တော့မည်ဟု မြို့ခံများ‌ပြောဆို

မြဝတီတံတား ပြန်ဖွင့်‌တော့မည်ဟု မြို့ခံများ‌ပြောဆို

1755
ဩဂုတ်လ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တနှစ်‌ကျော်ကြာ ပိတ်ထားသည့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ‌ပေါင်းကူးထား‌သော မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေး တံတားမှာ မကြာမီ ရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်‌တော့မည်ဟု မြဝတီမြို့ခံများက ‌ပြောဆို‌နေကြသည်။

မြို့ခံတဦးက “အာဏာပိုင်‌တွေ ‌ပြောတာက‌တော့ ဒီရက်ပိုင်း‌တွေအတွင်းမှာ ဖွင့်မယ်။ အခု ဗမာဘက်ခြမ်းက တံတားကို သန့် ရှင်း‌ရေးလုပ်ကြတယ်။ ထိုင်းဘက်က လုပ်တာ မ‌တွေ့ရ‌သေးဘူး။ တံတားထိပ်မှာ ရဲ‌တွေ‌စောင့်ကြည့်‌နေတယ်။”ဟု ‌ပြောသည်။

အခြား မြဝတီမြို့ခံတဦးကလည်း “ဟုတ်တယ်။ မြို့ခံ‌တွေ ‌ပြောကြတယ်။ ဘယ်အချိန်ဖွင့်မလဲ‌တော့ မသိဘူး။ မနက်ဖြန် လူကြီး လာမယ်ဆို‌တော့ တခါတည်း ဖွင့်မလားမသိဘူး။”ဟု ‌ပြောသည်။ လူကြီးဆိုသည်မှာ အာဏာပိုင် အရာရှိများကို ဆိုလိုခြင်း ဖြစ် သည်။

ယခုလို တံတား ပြန်လည်ဖွင့်လှစ်မည့်ဆိုသည့်အတွက် မြဝတီမြို့ရှိ လူတန်းစားအလွှာ အသီးသီးမှ ဝမ်းသာလျှက်ရှိ‌ကြောင်း မြဝတီမြို့ရှိ ကုန်သည်တဦးက ‌ပြောသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ‌ပေါင်းကူးထားသည့် မဲ‌ဆောက်-မြဝတီတံတားကို ထိုင်းဘက်ခြမ်းမှ ‌သောင်းရင်းမြစ် ကမ်းထိန်းနံရံ တည် ‌ဆောက်မှု‌ကြောင့် အ‌ကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၁ဝခုနှစ် ဇူလိုင်လ ၁၈ရက်‌နေ့တွင် မြန်မာအာဏာပိုင်များက တစ်ဖက် သတ် ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတံတား မပိတ်ခင်က ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုမှာ တလအတွင်း ထိုင်းမှ ကုန်ပစ္စည်းတင်သွင်းမှု ဘတ် သန်း ၃,၀၀ဝဖိုးအထိရှိပြီး ယမန်နှစ် ဇူလိုင်လက ကုန်သွယ်‌ရေးတံတား ပိတ်လိုက်‌သော‌ကြောင့် ထိုင်းမှ မြန်မာပြည်သို့ ကုန် ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၇၀ဝခန့်သာရှိ‌တော့သည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။