Home ထိပ်တန်းသတင်း ၁နှစ်‌မြောက် နယ်ခြား‌စောင့် တပ် နှစ်ပတ်လည် အခမ်း အနား ‌ရွှေကုက္ကိုမြိုင်တွင် ကျင်းပ

၁နှစ်‌မြောက် နယ်ခြား‌စောင့် တပ် နှစ်ပတ်လည် အခမ်း အနား ‌ရွှေကုက္ကိုမြိုင်တွင် ကျင်းပ

2277
ဩဂုတ်လ ၂ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

(ဗိုလ်ချုပ်‌မောင်‌မောင်အုန်း)
ကရင်နယ်ခြား‌စောင့်တပ် (BGF) အမှတ်(၃)တပ်နယ်ရှိ အမှတ်(၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀)တပ်ရင်းများက ၁နှစ်‌မြောက် တပ်နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ယ‌နေ့မနက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုကိ္ကုမြိုင်‌ကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြား‌ရေးမှူး ဗိုလ်ချုပ်‌မောင်‌မောင်အုန်း၊ အ‌ရှေ့‌တောင်တိုင်းစစ် ဌာနချုပ် ဗိုလ်မှူးချုပ်ခင်‌မောင်ဝင်း၊ BGF အကြံ‌ပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီး‌စောချစ်သူ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်‌ဇော် မင်းနှင့် ပြည်နယ်ဝန်ကြီးအချို့ အပါအဝင် ပရိဿတ် ၅‌ထောင်ခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို မြန်မာစံ‌တော်ချိန် နံနက် ၉နာရီတွင် ၎င်းနယ်ခြား‌စောင့်တပ်ရင်း ၄ရင်းမှ စစ်‌ရေးပြအစီအစဉ်ဖြင့် စတင်ဖွင့်လှစ် ခဲ့ပြီး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြား‌ရေးမှူး ဗိုလ်ချုပ်‌မောင်‌မောင်အုန်းက အဖွင့်မိန့်ခွန်း ‌ပြောကြားခဲ့သည်။

ဗိုလ်ချုပ်‌မောင်‌မောင်အုန်းက “နယ်ခြား‌စောင့် ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံ နယ်စပ်တစ်‌လျှောက် နယ်‌မြေအ တွင်း တဖက်နိုင်ငံက တရားမဝင် ကျူး‌ကျော်မှုများ မရှိ‌စေရန်၊ ကျူး‌ကျော်တိုက်ခိုက်လာနိုင်သည့် ရန်သူများကို တန်ပြန်တိုက် ခိုက်နိုင်‌ရေး၊ အပြီးပိုင် ‌ချေမှုန်းနိုင်‌ရေး ‌ဆောင်ရွက်ရန်နဲ့ နယ်‌မြေစိုးမိုး‌ရေး၊ လုံခြုံ‌ရေးတာဝန်များအား ထမ်း‌ဆောင်နိုင်ဖို့ ဖြစ် တယ်။”ဟု မိန့်ခွန်း‌ပြောဆိုခဲ့သည်။

ထို့အပြင် နယ်ခြား‌စောင့်တပ်နှင့် ဒီ‌ကေဘီ‌အေ (တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်)သည် တ‌သွေး တည်း တသားတည်းဖြစ်‌ကြောင်း၊ တပ်မ‌တော်သားများ အားလုံး၏အသက်သည် နိုင်ငံ‌တော်က ပိုင်ဆိုင်‌သော‌ကြောင့် မိမိကျ ‌ရောက်ရာ အရပ်‌ဒေသတွင် တ‌သွေမတိမ်း တာဝန်ထမ်း‌ဆောင်ကြရန် ဗိုလ်ချုပ်‌မောင်‌မောင်အုန်းက ‌ပြောသည်။

နယ်ခြား‌စောင့်တပ် အကြံ‌ပေးအဖွဲ့ဝင် ဗိုလ်မှူးကြီး‌စောချစ်သူက “ကျ‌နော်တို့ ဒီ‌ကေဘီ‌အေက နယ်ခြား‌စောင့် အသွင်ကူး ‌ပြောင်းသွားတာ ပြည်သူ‌တွေ ‌ထောက်ခံမှု‌လျော့နည်းလာတာကို ‌တွေ့ရပါတယ်။ ကျ‌နော်တို့ မိဘ ပြည်သူ‌တွေဟာ စစ်‌ကြောင့် ဆင်းဆင်းရဲရဲ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတယ်။ သူတို့‌တွေဟာ စစ်ကို မလိုလားကြဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေချင်တယ်။ ဒါ ‌ကြောင့် နိုင်ငံ‌တော်က ငြိမ်းချမ်း‌ရေးလမ်းဖွင့်‌ပေးတဲ့အတွက် ကျ‌နော်တို့ နယ်ခြား‌စောင့်တပ်ကို အသွင်ကူး‌ပြောင်းတာဖြစ် တယ်။”ဟု အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်‌မောင်‌မောင်အုန်း အပါအဝင် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးအဖွဲ့ဝင်များနှင့် ဗိုလ်မှူးကြီး‌စောချစ်သူတို့က အခမ်းအနားသို့ တက်‌ရောက်လာကြသည့် မိဘပြည်သူများ၊ တပ်မိသားစုများ၊ ‌ကျောင်းသူ‌ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသလို တိုင်းရင်းသား‌ပေါင်းစုံ စု‌ပေါင်းသည့် ကပြ‌ဖျော်‌ဖြေမှုများ၊ နာမည်ကြီး ကရင်အဆို‌တော်များ၏ ‌တေးသီ ချင်းများဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။

ယခု ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာတွင် တပ်နှစ်ပတ်လည် ပြုလုပ်သည့် နယ်ခြား‌စောင့်တပ် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) တပ်ရင်း များသည် ယခင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉) လက်‌အောက်ရှိ တပ်ရင်းများဖြစ်ကြပြီး ယမန်နှစ်၊ ဩဂုတ်လ ၂ဝရက်‌နေ့က နယ်ခြား‌စောင့်တပ်အဖြစ် ‌ပြောင်းလဲဖွဲ့စည်းကာ အသွင်ကူး‌ပြောင်းခဲ့သူများဖြစ်သည်။

အလားတူ မနက်ဖြန် ဩဂုတ်လ ၂၁ရက်‌နေ့တွင် ဗိုလ်မှူးမုတ်သုန် ဦးစီးသည့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ တပ် နှစ်ပတ်လည်‌နေ့ အခမ်းအနားကို မြဝတီမြို့နယ်ရှိ ‌မေတ္တာလင်းမြိုင်ရပ်ကွက်၌ ကျင်းပသွားမည်ဟုလည်း မြဝတီမြို့ခံများက ‌ပြောဆို‌နေကြသည်။

ထို့အတွက် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြဝတီမြို့တွင် ယ‌နေ့ည တည်းခိုပြီး မနက်ဖြန်ကျင်းပမည့် ‌မေတ္တာလင်းမြိုင်ရပ်ကွက်ရှိ နယ်ခြား‌စောင့်တပ် နှစ်ပတ်လည်အခမ်းအနားကို ဆက်လက်တက်‌ရောက်သွားမည်ဟု သိရသည်။