Home ထိပ်တန်းသတင်း ဆွဲမိုင်း‌ကြောင့် အစိုးရအဖွဲ့၏ လုံခြုံ‌ရေးတပ်သားတစ်ဦး ထိခိုက်

ဆွဲမိုင်း‌ကြောင့် အစိုးရအဖွဲ့၏ လုံခြုံ‌ရေးတပ်သားတစ်ဦး ထိခိုက်

1420
ဩဂုတ်လ ၂ဝရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

မြဝတီမြို့နယ် သဃင်္န်းညီ‌နောင်‌ကျေးရွာအနီးတွင် ဆွဲမိုင်းထိမှန်၍ ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံ‌ရေးတပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

မြို့ခံတစ်ဦးက “ဒီမနက် တိုင်းမှူးတို့ အစိုးရအဖွဲ့‌တွေ တက်လာတဲ့ကားတန်းရဲ့ ‌ရှေ့ဆုံးက လုံခြုံ‌ရေးတပ်ဖွဲ့ကား သဃင်္န်းညီ ‌နောင်နားက ရာဘာ‌တောမှာ ဆွဲမိုင်းထိတယ်‌လေ။ အဲဒီကားမှာ ပါလာတဲ့ လုံခြုံ‌ရေးတပ်သားတ‌ယောက်‌တော့ ဒဏ်ရာရသွား တယ်။”ဟု ဆိုသည်။

အဆိုပါ ဒဏ်ရာရတပ်သားကို မြဝတီ‌ဆေးရုံတွင် ပို့‌ဆောင်ကုသထား‌ပေးပြီး မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့များက ‌ခေတ္တခဏ လာ ‌ရောက်ကြည့်ရှုခဲ့ကြသည်ဟု မြင်‌တွေ့ခဲ့သူတစ်ဦးက ‌ပြောသည်။

၎င်းအပြင် ယ‌နေ့ည မြန်မာစံ‌တော်ချိန် ၉နာရီဝန်းကျင်အချိန်တွင် မြဝတီမြို့ပြင်ဘက်မှ လက်နက်ကြီးသံများ ကြားရသည်ဟု လည်း မြဝတီမြို့မှ အမျိုးသမီးတစ်ဦးက ‌ပြောသည်။

“အခုန‌လေးတင် လက်နက်ကြီးသံ‌တွေ ကြားရတယ်။ ဘယ်ဖက်မှာလဲ‌တော့ မသိဘူး။ လူကြီးအချို့က ပြန်သွား‌ပေမဲ့ အချို့ဌာန ဆိုင်ရာ တာဝန်ခံ‌တွေ‌တော့ မပြန်ရ‌သေးဘူး။ မြဝတီမှာလည်း လူ‌တွေက မ‌နေ့ကတည်းက ‌ကြောက်‌နေ၊ လန့်‌နေကြတယ် ‌လေ။”ဟု ‌ကေအိုင်စီကို ယ‌နေ့ညတွင် ‌ပြောဆိုသည်။

Photo-KIC (မြဝတီ‌ဆေးရုံ ကိုယ်ထူကိုယ်ထ တိုးချဲ့လူနာ‌ဆောင်)
အဆိုပါဆွဲမိုင်းမှာ မည်သူ့လက်ချက်ဟု ‌လော‌လောဆယ် မခန့်မှန်းနိုင်‌သေး‌သော်လည်း လက်နက်ကြီးသံမှာ နယ်စပ်ဘက်ရှိ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များက မြဝတီသို့ ‌ရောက်ရှိလာသည့် အစိုးရအာဏာပိုင်များကို ‌ခြောက်လှန့်ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ‌ဝေဖန်မှုများလည်း ရှိသည်။