Home ထိပ်တန်းသတင်း ‌ဒေါ်စုနှင့် ဦးသိန်းစိန် ‌တွေ့ဆုံမှု ရလဒ်‌ကောင်းထွက်ရန်နည်းဟု လက်နက်ကိုင်အဖွဲ့များ‌ပြော

‌ဒေါ်စုနှင့် ဦးသိန်းစိန် ‌တွေ့ဆုံမှု ရလဒ်‌ကောင်းထွက်ရန်နည်းဟု လက်နက်ကိုင်အဖွဲ့များ‌ပြော

1713
ဩဂုတ်လ ၂၂ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ပထမဆုံးအကြိမ် ‌တွေ့ဆုံမှုမှ ရလာဒ် ‌ကောင်းထွက်ရန် နည်းသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယ‌နေ့ ‌ပြောကြားလိုက်သည်။

ဩဂုတ်လ ၁၉ရက်‌နေ့က ‌နေပြည်‌တော်ရှိ သမ္မတအိမ်‌တော်၌ သမ္မတ ဦးသိန်းစိန်နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်‌တွေ့ဆုံပွဲသည် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုလမ်း‌ကြောင်း၏ ‌ခြေလှမ်းအစဖြစ်သည်ဟု NLD ဘက်မှ ထုတ်‌ဖော်ခဲ့ပြီး‌နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုသို့ ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစိုးရက ‌ဒေါ်စုကို ‌စေတနာအမှန်နဲ့ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ နိုင်ငံ‌ရေးအရ အ‌ဖြေရှာဖို့ ‌တွေ့တယ်ဆိုတဲ့အ‌ပေါ် သံသယ အများ ကြီး ရှိတယ်။ ဟိုးအရင်ကလည်း ‌တွေ့ဆုံခဲ့တာရှိတယ်။ တန်းတူညီတူ အ‌နေအထားနဲ့ ‌တွေ့ခဲ့တာ မဟုတ်ဘူး။”ဟု ကရင်နီအ မျိုးသားတိုးတက်‌ရေးပါတီ-KNPP ၏ အတွင်း‌ရေးမှူးချုပ် ခူးဦးရယ်က ‌ပြောသည်။

ဦးသိန်းစိန် အစိုးရအ‌နေဖြင့် ‌ဒေါ်စုနှင့် ‌တွေ့ဆုံခြင်းသည် ၎င်းတို့အစိုးရအဖွဲ့နိုင်ငံ‌ရေးအကြပ်အတည်းမှ ထွက်‌ပေါက်ရရှိ‌အောင် ပြုလုပ်ခြင်းသာဖြစ်သည်ဟု သူက ‌ထောက်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တွဲဘက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “‌တွေ့ဆုံမှုရလဒ်ကို မထုတ်ပြန်ဘူး။ ဆိုလို့ရှိရင် ဘာမှ ခန့်မှန်း‌ပြောလို့ မရပါဘူး။”ဟု သူက ‌ကေအိုင်စီကို ‌ပြောသည်။

ယခင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကလည်း KNU သည် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့နှင့် ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့မှုများ အကြိမ်ကြိမ် ရှိခဲ့‌သော်လည်း နိုင်ငံ‌ရေး တိုးတက်‌ပြောင်းလဲမှုများ မရှိ‌ကြောင်း ၎င်းက ‌ထောက်ပြ‌ပြောဆိုသည်။

ရှမ်းပြည်တပ်မ‌တော်‌မြောက်ပိုင်း-(SSA-N) မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက တိုင်းရင်းသား‌ဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများ ယခုအချိန်ထိ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်သည့်အတွက် အစိုးရအ‌နေဖြင့် ငြိမ်းချမ်းသည့်နည်းဖြင့် ‌ဖြေရှင်းချင် သည့်သ‌ဘောမျိုး မ‌တွေ့ရ‌သေး‌ကြောင်း ‌ပြောသည်။

“‌ဒေါ်စုနဲ့ ဦးသိန်းစိန် ထပ်‌တွေ့ရင် နိုင်ငံ‌ရေးအကျဉ်းသားလွှတ်‌ပေးဖို့ ကိစ္စ၊ အပစ်အခတ် ရပ်စဲ‌ရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ချုပ်မထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေး‌စေချင်တယ်။”ဟု ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

ဩဂုတ်လ ၁၇ရက်‌နေ့က ‌နေပြည်‌တော်၌ ကျင်းပသည့် စီးပွား‌ရေး၊ လူမှု‌ရေးအဖွဲ့များနှင့် ‌တွေ့ဆုံပွဲအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်ရှိ အစိုးရကို ဆန့်ကျင်‌နေသည့် မည်သည့် လက်နက်ကိုင်အဖွဲ့မဆို ငြိမ်းချမ်း‌ရေး ရယူလိုသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ‌ဆွေး‌နွေးနိုင်‌ကြောင်း ‌ပြောသွားခဲ့သည်။

သို့‌သော် ပြည်‌ထောင်စု အစိုးရအဖွဲ့အ‌နေဖြင့် ဒို့တာဝန်အ‌ရေး ၃ပါး အဓိကထားကာ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေနှင့်အညီ ‌ဆောင် ရွက်သွားမည်ဟု ပါရှိသည်။ သမ္မတ ဦးသိန်းစိန်က ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများ ဆက်လက် လုပ် ‌ဆောင်သွားရန်ရှိ‌သော်လည်း ‌နောက်တကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးမည့်ရက်ကိုမူ အစိုးရဘက်မှ ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိခဲ့‌ပေ။