Home ထိပ်တန်းသတင်း ‌နေပြည်‌တော် စီးပွား‌ရေးမြှင့်တင်မှု ‌ဆွေး‌နွေးပွဲ ရလဒ်‌ကောင်းမရှိဟု ဖလုံ-စ‌ဝေါ်‌ပြောကြား

‌နေပြည်‌တော် စီးပွား‌ရေးမြှင့်တင်မှု ‌ဆွေး‌နွေးပွဲ ရလဒ်‌ကောင်းမရှိဟု ဖလုံ-စ‌ဝေါ်‌ပြောကြား

1547
ဩဂုတ်လ ၂၄ရက်။ (‌ကေအိုင်စီ)

ပြီးခဲ့သည့် အပတ်က ‌နေပြည်‌တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံ‌တော် စီးပွား‌ရေး ဖွံ့ဖြိုးမှု ပြုပြင်‌ပြောင်းလဲ‌ရေးဆိုင်ရာ အ လုပ်ရုံ‌ဆွေး‌နွေးပွဲမှာ တက်‌ရောက်သူနှင့် ‌ဆွေး‌နွေးချိန်နည်းသဖြင့် ရလဒ်‌ကောင်းမရှိဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) က ‌ပြောသည်။

ဩဂုတ်လ ၁၉ရက်‌နေ့မှ ၂၁ရက်‌နေ့အထိ ‌နေပြည်‌တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC)တွင် ပြုလုပ် ခဲ့သည့် နိုင်ငံ‌တော် စီးပွား‌ရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့ကြသည့် ဖလုံ-စ‌ဝေါ်ပါတီ ကိုယ် စားလှယ်များက ယင်းသို့ သုံးသပ်‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်း‌ဆွေး‌နွေးပွဲသို့ ဖလုံ-စ‌ဝေါ်ပါတီ ဒုဥက္ကဌ ‌စောမြထွန်း၊ အတွင်း‌ရေးမှူး စဘီကျင်ဦးနှင့် အမျိုးသမီး ဥက္ကဌ ‌နော်ယုဇနဝါတို့က တက်‌ရောက်ခဲ့ကြပြီး ‌ဆွေး‌နွေးပွဲမှာ ပါဝင်တက်‌ရောက်ကြသူများသလို ‌ဆွေး‌နွေးချိန်မှာလည်း နည်းလွန်းသည်ဟု ‌နော်ယုဇနဝါ က ‌ကေအိုင်စီကို ယခုလို ‌ပြောပြသည်။

“ဒီသုံးရက်‌ဆွေး‌နွေးပွဲဟာ ကျမအမြင်မှာ‌တော့ အလုပ်ရုံ ‌ဆွေး‌နွေးပွဲသ‌ဘော မ‌ဆောင်ပါဘူး။ ‌ဆွေး‌နွေးပွဲ စတင်တဲ့‌နေ့မှာ သမ္မတ ဦးသိန်းစိန်က ‌နောက်ကျပြီးမှ ‌ရောက်လာတယ်။ ‌နောက်ပြီး ကျန်တဲ့အချိန်‌တွေအားလုံး ဝန်ကြီး‌တွေပဲ ‌ပြောကြဆိုကြ တယ်။ ကျန်ကိုယ်စားလှယ်‌တွေကို ‌ဆွေး‌နွေးချိန် ၁ဝမိနစ်ပဲဆို‌တော့ သူ‌မေးမယ်၊ ငါ‌မေးမယ်နဲ့ မနည်းလု‌မေးရတဲ့ အ‌ခြေအ‌နေ ဖြစ်‌နေတယ်။”ဟု သူမက ‌ပြောသည်။

စီးပွား‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အခွန်ဝန်ကြီး၏ လယ်ယာခွန်များ ပြန်လည်‌ကောက်ခံသင့်‌ကြောင်း တင်ပြ‌ဆွေး‌နွေး ချက်အ‌ပေါ် ဖလုံ-စ‌ဝေါ်ပါတီအ‌နေဖြင့် ‌မေးမြန်းခဲ့သည့် ‌မေးခွန်းကို ပြန်လည် ‌ဆွေး‌နွေး‌ဖြေကြား‌ပေးမှု မရရှိခဲ့‌ကြောင်းလည်း သူမက ဆက်လက် ‌ပြောဆိုသည်။

‌နော်ယုဇနဝါက “နိုင်ငံ‌တော်ဟာ လယ်ခွန်ယာခွန်‌တွေ လာပြီးမ‌ကောက်ခံဘူး။ တခြားနိုင်ငံ‌တွေမှာ‌တော့ ‌ကောက်ခံကြတယ်။ မြန်မာနိုင်ငံအ‌နေနဲ့လည်း တဖက်တလမ်းက အခွန်ရ‌အောင် လယ်ယာခွန်‌တွေ ပြန်လည် ‌ကောက်ခံသင့်‌ကြောင်း‌ပေါ့။ အခွန်ဝန် ကြီးက ‌ပြောတယ်။ ကျမလည်း အခြားနိုင်ငံ‌တွေလို ‌ကောက်ခံမယ်ဆိုရင် အခြားနိုင်ငံ‌တွေက ‌ကောက်လို့ရတဲ့အခွန်‌တွေကို ပြည်သူလူထုကိုပြန်ပြီး အကျိုးပြုကြတယ်။ ဥပမာ အခမဲ့ ‌ဆေးကုသခွင့်တို့‌ပေါ့။ မြန်မာနိုင်ငံက အခြားနိုင်ငံ‌တွေလို လုပ်‌ပေးလို့ နိုင်မလား‌မေးတာ ဘယ်ဝန်ကြီးမှ ပြန်မ‌ဖြေ‌ပေးဘူး။”ဟု ဆိုသည်။

(စီးပွား‌ရေးဖွံ့ဖြိုးမှု ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သည့် ဖလုံ-စ‌ဝေါ် ကိုယ်စားလှယ်များ)

ကိုယ်စားလှယ်များနှင့် အခြား စီးပွား‌ရေးလုပ်ငန်းရှင်များကို ‌ဆွေး‌နွေးချိန်အဖြစ် ၁ဝမိနစ်စီ ‌ပေးထား‌သော်လည်း ‌မေးချိန်ပင် မရ သည့်အတွက် ‌ဆွေး‌နွေးခွင့်မ‌ပေးသည်နှင့် တူ‌နေ‌ကြောင်းလည်း အလုပ်ရုံ ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် အခြားဖလုံစ‌ဝေါ်ပါ တီကိုယ်စားလှယ် စဘီကျင်ဦးက သုံးသပ်‌ပြောဆိုသည်။

“ဒီ‌ဆွေး‌နွေးပွဲမှာ နိုင်ငံ‌တော် လို‌ငွေပြတာပဲ ထပ်ခါထပ်ခါ ကြား‌နေရတယ်။ မီးရထားဌာနနဲ့ မြန်မာစက်မှုဌာန‌တွေ‌တော့ နှစ်တိုင်း အရှုံး‌ပေါ်တယ်တဲ့။ ဒီဌာန ၂ဌာနကို ပုဂ္ဂလိကလက်ထဲ ‌ပြောင်းရမလား‌ပေါ့‌လေ။ အခွန်ကိစ္စတု့ိ မြန်မာ့‌ကျောက်မျက်ရတနာတို့ ပါ တယ်။ သူတို့ဘာသာ သူတို့တင်ပြ ‌ပြောကြဆိုကြတာ။ ပါတီကိုယ်စားလှယ်တို့၊ အခြားစီးပွား‌ရေးလုပ်ငန်းရှင်တို့ ဘာမှ‌မေးချိန် မရဘူး။ ဒါ ‌ဆွေး‌နွေးခွင့်မ‌ပေးတာနဲ့တူတယ်‌လေ။”ဟု သူ၏အမြင်ကို ‌ပြောသည်။

၎င်းစီးပွား‌ရေး ‌ဆွေး‌နွေးပွဲသို့ သမ္မတ ဦးသိန်းစိန် တက်‌ရောက်ခဲ့သလို မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် ကလည်း ‌ဆွေး‌နွေးပွဲ ဒုတိယ‌နေ့တွင် နာရီဝက်ခန့် တက်‌ရောက်ခဲ့‌သော်လည်း မည်သည့်‌ဆွေး‌နွေးမှုမှ မရှိ‌ပေ။