Home ထိပ်တန်းသတင်း မစ္စတာ ကင်တားနား တိုင်းရင်းသားပါတီများနှင့် ‌တွေ့ဆုံခဲ့

မစ္စတာ ကင်တားနား တိုင်းရင်းသားပါတီများနှင့် ‌တွေ့ဆုံခဲ့

2114
ဩဂုတ်လ ၂၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ဩဂုတ်လ ၂၃ရက်‌နေ့က တိုင်းရင်းသားပါတီများကို ‌နေပြည်‌တော်ရှိ လွှတ်‌တော် အ‌ဆောက်အအုံ ဇမ္ဗူသီရိ အစည်းအ‌ဝေးခမ်းမတွင် ‌တွေ့ဆုံခဲ့သည်မှာ သာမန်အ‌နေဖြင့်သာဖြစ်‌ကြောင်း မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီက ‌ပြောသည်။

မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက “‌တွေ့ဆုံမှုက‌တော့ သာမန်အားဖြင့် သ‌ဘောပါပဲ။ ကျ‌နော်တို့ ကိုယ် စားလှယ်‌ပြောတာက ထူးထူးခြားခြား ‌ဆွေး‌နွေးတာ‌တော့မရှိပါဘူး။ အများနဲ့‌တွေ့ပြီး‌တော့ အများနဲ့‌ပြောတဲ့စကားပါပဲတဲ့။ Hum-an right နဲ့ပတ်သက်ပြီး‌တော့ နည်းနည်းပါးပါး ‌ပြောပြီး‌တော့ ပြန်‌ပြောတဲ့သ‌ဘောပဲရှိတယ်။ သူကလည်း Human right နဲ့ ပတ် သက်တာကို သိချင်တာ များတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယင်း‌တွေ့ဆုံမှုတွင် ‌ရွေး‌ကောက်ပွဲဝင်သည့် လွှတ်‌တော်တက်‌ရောက်သည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ စည်း လုံးညီညွှတ်‌ရေးနှင့် ဒီမိုက‌ရေစီပါတီ ကချင်ပြည်နယ်(စဒက) စသည့်နိုင်ငံ‌ရေးပါတီ ၁၆ပါတီ ပါဝင်ခဲ့သလို တသီးပုဂ္ဂလတို့မှ ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးသူရိန်‌ဇော်၊ ဦးခက်ထိန်နန်၊ ဦးမန်း‌အောင်တင် မြင့်၊ ဦးဆိုင်‌ပေါင်းနပ်၊ ဦးခွန်လိန်း၊ ဦးဘရန်‌ရှောင်၊ ဦးနယ်လ်ဆင် (ခ) ဦး‌ဆောင်ဆီ၊ ‌ဒေါက်တာသန်းဝင်း၊ ဦးညွှန့်တင်၊ ဦး‌နေဝင်း ထွန်း၊ ဦး‌စော‌နေ‌ကော်ကြီး၊ ဦးစခုန်တိန့်ယိန်း၊ ‌ဒေါက်တာဗညား‌အောင်မိုး၊ ‌ဒေါ်ဇာတလဲမ်း၊ ဦးအိုက်မုန်း၊ ‌ဒေါ်နန်း‌စေအွာ၊ ဦး ‌အောင်ထွန်းသာ၊ ဦးဝင်း‌ဆွေနှင့် ဦးသိန်းညွှန့်တို့ကိုပါ တခါတည်း ‌တွေ့ဆုံခဲ့သည်ဟု အစိုးရသတင်းစာတွင် ‌ဖော်ပြထားသည်။

မစ္စတာကင်တားနား၏ ‌တွေ့ဆုံမှုတွင် မြန်မာပြည်မှာ လွတ်လပ်တဲ့ လူ့အခွင့်အ‌ရေး‌ကော်မတီ ဖွဲ့စည်းနိုင်‌ရေး အဆိုပြုကြပြီး နိုင်ငံ‌ရေးအကျဉ်းသားများအ‌ရေး၊ တိုင်းရင်းသား‌ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများ‌ကြောင့် ဖြစ်‌ပေါ်‌နေသည့် လူ့အခွင့်အ ‌ရေးချိုး‌ဖောက်မှု အ‌ခြေအ‌နေများကို တင်ပြ‌ဆွေး‌နွေးခဲ့သည်ဟု ပြည်ပအ‌ခြေစိုက် မြန်မာသတင်းဌာနများက ဆိုသည်။

ထို‌နေ့တွင် မစ္စတာကင်တားနားက ပြည်‌ထောင်စုအစိုးရအဖွဲ့ဝင်များ၊ သမ္မတအကြံ‌ပေးအဖွဲ့ဝင်များနှင့် ‌တွေ့ဆုံခဲ့ပြီး ယမန်‌နေ့ က မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် သူမ၏‌နေအိမ်တွင် ‌တွေ့ဆုံခဲ့သလို ယ‌နေ့မနက်ကလည်း ရန် ကုန်မြို့၊ အင်းစိန်‌ထောင်သို့ သွား‌ရောက်ကာ နိုင်ငံ‌ရေးအကျဉ်းသားတချို့နှင့် ‌တွေ့ဆုံခဲ့သည်ဟု သိရသည်။

၎င်းအပြင် မစ္စတာကင်းတားနား ခရီးစဉ်‌နောက်ဆုံးရက်တွင် လူ့အခွင့်အ‌ရေး လှုပ်ရှားသူများက မြန်မာနိုင်ငံအတွင်း လူ့အခွင့် အ‌ရေးမှုများ တိုင်ပြကြသည်ဟု သိရသည်။

ဩဂုတ် ၂၁ရက်‌နေ့က မြန်မာနိုင်ငံကို စတင် ‌ရောက်ရှိခဲ့သည့် မစ္စတာကင်တာနားသည် ယ‌နေ့ည‌နေပိုင်းတွင် ပြန်လည်ထွက်ခွာ မည်ဖြစ်ပြီး မဂင်္လာဒုံ‌လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိသည်ဟု ပြည်တွင်းသတင်းများအရ သိရသည်။