Home ထိပ်တန်းသတင်း တံတားကျိုးကျ၍ လူတစ်ဦး ‌သေဆုံး

တံတားကျိုးကျ၍ လူတစ်ဦး ‌သေဆုံး

1522
ဩဂုတ်လ ၃၁ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့အ‌ရှေ့ဘက်ရှိ သစ်သားတံတားတစ်စင်းမှာ ဩဂုတ်လ ၂၉ရက်‌နေ့က ‌ကျောက်တင်ကားတစ်စီး ဖြတ်သွားကာ ကျိုးကျသွားပြီး ကား‌ပေါ်ပါလာသူများအနက် အမျိုးသမီးတစ်ဦး ‌ကျောက်တုံးပိကာ ‌သေဆုံးသွား‌ကြောင်း သိရှိရသည်။

ထိုတံတား‌ပေါ် ဖြတ်သန်းသွားသည့် ‌ကျောက်တင်ကား‌ပေါ်တွင် ကား‌မောင်းသူနှင့်အတူ လမ်းကြုံခရီးသည် ဇနီး‌မောင်နှံနှစ်ဦး ပါလာပြီး တံတားကျိုးသည့်အခါ ၎င်းတို့မှာ ကားနှင့်အတူ ‌ချောင်းထဲကျသွားရာမှ အမျိုးသမီးမှာ ‌ကျောက်တုံးပိကာ ‌သေဆုံးခြင်း ဖြစ်သည်ဟု မျက်မြင်တစ်ဦးက ‌ပြောသည်။

“ကားက တံတား‌ပေါ်ကိုတက်‌တော့ ၅ချိုး ၁ချိုး‌လောက်မှာ တံတားက ကျိုးပြတ်သွားပြီး ကားနဲ့ လိုက်ပါလာတဲ့လူ ၃‌ယောက် လည်း ‌ချောင်းထဲကို ကျသွားတယ်။ ‌နောက်မှ ကား‌မောင်းသမားနဲ့ ဟို လိုက်လာတဲ့ဦးတ‌ယောက်က အ‌ပေါ် ပြန်တက်လာပြီး အဲဒီဦးကြီးရဲ့ မိန်းမက‌တော့ ‌ကျောက်ဖိမိလို့ ပွဲချင်းပြီး ‌သေဆုံးသွားတယ်။”ဟု ‌ပြောသည်။

အဆိုပါ ဇနီး‌မောင်နှံမှာ လှိုင်းဘွဲမြို့သို့ ‌ဈေးဝယ်သွားရန် ‌ကျောက်တင်ကားကို လမ်းကြုံလိုက်စီးလာခြင်း ဖြစ်‌ကြောင်း ‌ဒေသခံ များက ခန့်မှန်း‌ပြောဆိုကြသည်။

Photo-KIC (ကျိုးကျသွားသည့် က‌မော့ကချူးတံတားနှင့် ‌ကျောက်တင်ကား)

လှိုင်းဘွဲမြို့နှင့် ပိုင်ကျုံမြို့နယ်ခွဲသို့ သွားရာလမ်းရှိ က‌မော့ကချူးရွာ မ‌ရောက်ခင်‌နေရာတွင် တည်ရှိသည့် အဆိုပါတံတားမှာ အရှည်‌ပေ ၁၀ဝရှိပြီး ‌ဆောက်လုပ်ထားသည်မှာ အ‌တော်ကြာမြင့်‌နေပြီဖြစ်‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။