Home အယ်ဒီတာ့အာဘော် ‌တွေ့ဆုံမှုတစ်ခုတည်းနဲ့ အ‌ဖြေမရနိုင်

‌တွေ့ဆုံမှုတစ်ခုတည်းနဲ့ အ‌ဖြေမရနိုင်

1654
အယ်ဒီတာ့အာ‌ဘော်

ဩဂုတ်လအတွင်း မြန်မာပြည်၌ ‌တွေ့ဆုံမှုများ၊ ထုတ်ပြန်‌ကြေညာချက်များ၊ မိန့်ခွန်းများ၊ အိတ်ဖွင့်‌ပေးစာ အ‌ကြောင်းပြန်စာများ အပြင် ‌ဆွေး‌နွေးပွဲများနှင့် ‌နောက်ဆုံး လွှတ်‌တော်အစည်းအ‌ဝေး ဒုတိယအကြိမ်ကို ‌နေပြည်‌တော်တွင် ယခုအချိန်ထိ ကျင်းပပြု လုပ်‌နေသည်။

ထိုအ‌ကြောင်းအရာများနှင့် တဆက်တည်း ဝမ်းသာကြိုဆိုမှုများ၊ ‌စောင့်ကြည့်‌လေ့လာမှုများ၊ မယုံကြည်မှုများနှင့် ‌မျှော်လင့်ချက် များမှာလည်း လူထုလူတန်းစား အလွှာအသီးသီးတွင် ဒွန်တွဲ ဖြစ်‌ပေါ်‌နေသည်။ အစိုးရသစ်သည် ဒီမိုက‌ရေစီ‌ရေးကို ‌ပြောဆိုလာ ခဲ့သည်။ ထို့‌နောက် လူထုတစ်ရပ်လုံး လိုလား‌တောင့်တ‌နေသည့် ပြည်တွင်းငြိမ်းချမ်း‌ရေး အပါအဝင် စီးပွား‌ရေး၊ အခွန်‌ကောက် ခံမှုများကို ထပ်မံ ‌ပြောဆိုလာပြန်သည်။

သို့‌သော် အပစ်အခတ်ရပ်စဲ‌ရေးကိုမူ နှုတ်မှဖွင့်ဟကာ တစ်ပြည်လုံး၊ တကမ္ဘာလုံး သိ‌အောင် တရားဝင် မ‌ပြော‌သေးသည့်အ‌ပေါ် အယုံအကြည် မရှိ‌ကြောင်း ‌ဝေဖန်မှုများကို ပြစ်တင်‌ပြောဆို၍လည်း မရ‌ပေ။ ဦး‌နေဝင်းလက်ထက် မြန်မာပြည်ကို စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက အုပ်ချုပ်လာခဲ့သည့် စစ်အစိုးရ အဆက်ဆက်မှာ ပြည်သူလူထု အပါအဝင် နိုင်ငံ‌ရေးသမားများ၊ အသိပညာ၊ အတတ်ပညာရှင်များကို ပျားရည်ဖြင့် ဝမ်းချလာခဲ့သည့် သမိုင်းမှာလည်း ယုံစား‌လောက်စရာ မရှိ‌အောင် ဖြစ်‌ပေါ် လာခဲ့ပြီး ဖြစ်သည်။

မြန်မာပြည်ကို အုပ်ချုပ်ခဲ့သမျှ အစိုးရအဆက်ဆက်သည် တိုင်းရင်းသားများအ‌ပေါ် သ‌ဘောထား မမှန်ခဲ့ဘဲ ‌သွေးခွဲအယုံသွင်းမှု ကို နားဝင်ခဲ့ခြင်း‌ကြောင့်လည်း နဝတ အစိုးရလက်ထက် ၁၉၉၄ခန့်တွင် တိုင်းရင်းသားများ ‌သွေးကွဲ၊ အဖွဲ့ကွဲကာ အပစ်ရပ်ခဲ့ကြ သည်။ ယခုအစိုးရသစ်မှာ ဦးဆုံး အပစ်ရပ်ခဲ့သည့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့နှင့် သ‌ဘောထားဆန့်ကျင်ကာ လက်ရှိအချိန် တွင် ထိပ်တိုက်ရင်ဆိုင်‌နေရ ပြီး ညှိနှိုင်း‌ဆွေး‌နွေးရာတွင် ရှမ်း၊ ကရင် စသည့် လက်နက်ကိုင်အဖွဲ့များအ‌ပေါ် ခွဲခြား‌ပြောဆို ဆက်ဆံ စည်းရုံးမှုများကလည်း ယခုအချိန်ထိပင် ဖြစ်သည်။

လက်ရှိ အစိုးရသည် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ပြန်လည်ထိ‌တွေ့ဆက်ဆံမှုများအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် ဆက်သွယ်ကာ ပြန်လာရန် ‌ခေါ်ဆို‌နေမှုများကိုလည်း လက်ခံယုံစားသူ မရှိ‌သေး။ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း တပ်ဖက်မှ အရပ်ဖက် ‌ပြောင်းလဲအုပ်ချုပ်‌နေသည့် အစိုးရသစ်၏ တနိုင်ငံလုံး အသွင် ‌ဆောင်‌သော ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ခေါ်ဆိုမှုကိုသာ လိုလားလျှက်ရှိသည်။

သမိုင်း‌ကြောင်းများအရ ယ‌နေ့ထိတိုင် ပြည်တွင်းငြိမ်းချမ်း‌ရေးမှာ သိသာထင်ရှားစွာ မ‌ပြောင်းလဲ၊ မတိုးတက်လာ‌သေးသည့်အ ‌ပေါ် ဩဂုတ်လကုန်ပိုင်းတွင် ၅ရက်ကြာ မြန်မာပြည် လာ‌ရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် မစ္စ တာတိုးမတ်အို‌ဟေးကင်တားနားကလည်း မြန်မာပြည် လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေမှာ တိုးတက်လာခြင်း မရှိ‌သေးဟု ထပ်မံ ‌ပြောဆိုခဲ့သည်။ ထို့‌ကြောင့် အပစ်ရပ်‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ရပ်တန့်‌ရေးများအတွက် အထပ် ထပ် အခါခါ‌သော ‌တွေ့ဆုံမှုများထက် လက်‌တွေ့ကျသည့် လုပ်‌ဆောင်မှုများသာလျှင် အခရာဖြစ်ပါ‌ကြောင်း တင်ပြလိုက်ရ‌ပေ သည်။