Home ထိပ်တန်းသတင်း အစိုးရတပ် ဂိတ်စခန်း ၃ခုကို DKBA တပြိုင်တည်း ဝင်တိုက်

အစိုးရတပ် ဂိတ်စခန်း ၃ခုကို DKBA တပြိုင်တည်း ဝင်တိုက်

2166
စက်တင်ဘာလ ၈ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့အနီး မြန်မာအစိုးရစစ်တပ်၏ ကားလမ်းဂိတ်စခန်း ၃ခုကို တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မ‌တော်-DKBA က ယမန်‌နေ့ ည‌နေ ၁နာရီ‌ကျော်အချိန်တွင် ‌ပြောက်ကျားစနစ်ဖြင့် တပြိုင်နက်တည်း ဝင်‌ရောက် တိုက်ခိုက်ခဲ့သည်။

အစိုးရစစ်တပ် တပ်မ(၁၂)လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း ခလရ(၃၅၅) အ‌ခြေစိုက်လျှက်ရှိသည့် ‌ကော့ကရိတ်မြို့နှင့် တစ်မိုင် ‌ကျော်အကွာရှိ ရန်ကုတ်၊ ‌အောက်ဘိုတဲနှင့် သစ်‌ခြောက်ပင် အစိုးရဂိတ်စခန်းများကို ကလို့ထူး‌ဘောဌာနချုပ် လက်‌အောက်ခံ ကလို့ထူးဝါး စစ်ဗျူဟာတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကလို့ထူး‌ဘောဗျူဟာမှ ဗိုလ်မှူး‌စောဆန်း‌အောင်က “ကျ‌နော်တို့ DKBA မရှိ‌တော့ဘူးလို့ အစိုးရ သတင်းစာမှာ ‌ဖော်ပြခဲ့တဲ့အ ‌ပေါ် အစိုးရတပ်‌တွေကို ကျ‌နော်တို့ ဒီလိုတိုက်ပွဲမျိုး ဆင်လာတာ ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဦးနှစ်ဘက် ၁နာရီခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး DKBA က ၎င်းတို့ဘက်တွင် ထိခိုက်ဒဏ် ရာရမှု မရှိသလို အစိုးရတပ်ဘက်တွင် ထိခိုက်မှု ရှိမရှိကိုမူ မသိရှိရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း DKBA ကလို့ထူး‌ဘောစစ်ဗျူဟာကို စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပြီဟု DKBA ဘက်မှ ‌ပြော ဆိုခဲ့ပြီး‌နောက် ယခုတိုက်ပွဲမှာ ပထမဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲလည်း ဖြစ်သည်။

ဗိုလ်မှူးကြီး‌စော‌ကျော်သက် ဦး‌ဆောင်သည့် ကလို့ထူးဝါး စစ်ဗျူဟာ ဝင်‌ရောက်တိုက်ခိုက်ခဲ့သည့် ဂိတ်စခန်း ၃ခုမှာ စခန်းတခု လျင် မြန်မာစစ်တပ်အင်အား ၂ဝ နှင့် ၃ဝ အကြားတွင် ရှိသည်ဟု DKBA က ‌ပြောသည်။

DKBA ကို ပြန်လည်ဖွဲ့ပြီးသည့်‌နောက် စက်တင်ဘာလ ၆ရက်‌နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ ကရင်နယ် ခြား‌စောင့်(BGF) တပ်ဖွဲ့ဝင် ၂၀‌ကျော်သည် ထို‌ဒေသတဝိုက် လှုပ်ရှား‌နေသည့် ဗိုလ်မှူး‌စောဘိ ဦးစီး‌သော DKBA တပ်ဖွဲ့များထံ သို့ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်။
ထိုသို့ လာ‌ရောက်ပူး‌ပေါင်းသည့် BGF တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ်မှူး‌မောင်ချစ် ဦးစီး သည့် (၁၀၁၄)တပ်ရင်းမှ လက်‌အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်သည်။

ဗိုလ်မှူးကြီး‌စော‌ကျော်သက် (ယာဘက်)နှင့် သူ၏တပ်မှူး

စက်တင်ဘာလ ၂ရက်‌နေ့က ဘားအံမြို့အ‌ခြေစိုက် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ KSDDP က DKBA ကို အသိအမှတ် မပြု‌တော့‌ကြောင်း အစိုးရပိုင်သတင်းစာတွင် ‌ဖော်ပြခဲ့သည်။ ထိုထုတ်ပြန်ချက်ကို DKBA က ငြင်းဆိုခဲ့ပြီး ၎င်း တို့အဖွဲ့ရှိ‌သေး‌ကြောင်း ပြသသည့်အ‌နေဖြင့် BGF နှင့် အစိုးရတပ်အ‌ခြေစိုက်ရာ ‌နေရာကို မကြာ‌သေးခင်က ဝင်‌ရောက်တိုက် ခိုက်ခဲ့ဖူးသည်။