Home ထိပ်တန်းသတင်း ဘီးလင်း‌ချောင်း ‌ရေကာတာ စီမံကိန်းတွင် ‌ကျေးရွာ ၂ဝရွာ ‌ရေလွှမ်းမိုးခံရမည်

ဘီးလင်း‌ချောင်း ‌ရေကာတာ စီမံကိန်းတွင် ‌ကျေးရွာ ၂ဝရွာ ‌ရေလွှမ်းမိုးခံရမည်

1856
စက်တင်ဘာလ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ဘီးလင်း‌ချောင်းတွင် မြန်မာအစိုးရ၊ တရုတ်၊ ‌မြောက်ကိုရီးယားအစိုးရတို့ ပူး‌ပေါင်း တည် ‌ဆောက်မည့် ‌ရေကာတာစီမံကိန်းတွင် ‌ချောင်း အထက်ပိုင်းရှိ ‌ကျေးရွာ ၂ဝရွာ ‌ရေလွှမ်းမိုးခြင်းခံရမည်ဟု ကရင်လူ့အခွင့်အ‌ရေး အဖွဲ့ KHRG က ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၁)နယ်‌မြေ၊ သံ‌တောင်ဧရိယာရှိ ဆံ‌တော်ဘုရားတွင် တည်‌ဆောက်မည့် အဆိုပါ ‌ရေကာတာကို ယခုနှစ် ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလက မြန်မာအစိုးရနှင့် တရုတ်၊ ‌မြောက်ကိုရီးယား အစိုးရတို့ ‌ရေကာတာ တည်‌ဆောက်မှုကို သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ပြီး ယခုအချိန်တွင် ‌ရေကာတာတည်‌ဆောက်မည့် တရုတ်နှင့် ‌မြောက်ကိုရီး ယားမှ အင်ဂျင်နီယာများက တိုင်းတာမှုများ လုပ်‌ဆောင်‌နေပြီဟု KHRG က ‌ပြောသည်။

KHRG ၏ ကွင်းဆင်းတာဝန်ခံ ‌စောအဲလ်ဘတ်က “အခု တရုတ်နဲ့ ‌မြောက်ကိုရီးယားတို့က ‌ရေကာတာတည်‌ဆောက်မယ့်‌နေ ရာကို တိုင်းတာမှု‌တွေ လုပ်‌ဆောင်တယ်။ ‌မြေအ‌နေအထားနဲ့ ‌ရေအ‌နေအထား‌တွေ လာတိုင်းတဲ့အဆင့်ပဲ ရှိ‌သေးတယ်။ တည် ‌ဆောက်မှုအပိုင်းကို‌တော့ ‌မြောက်ကိုရီးယားနဲ့ တရုတ်က တာဝန်ယူမယ်။ လုံခြုံ‌ရေးဘက်မှာ မြန်မာအစိုးရက တာဝန်ယူမယ်လို့ သိရတယ်။”ဟု ဆိုသည်။

ဘီးလင်း‌ချောင်းသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို ဖြတ်သန်းစီးဆင်း‌နေပြီး ၎င်း‌ရေကာ တာ တည်‌ဆောက်မှုပြီးစီးပါက ဘီးလင်း‌ချောင်းအထက်ပိုင်းမှ ‌ချောင်း‌ရေမှာ မိုင် ၅ဝခန့် ‌ရေမြင့်တက်သွားမည်ဖြစ်၍ ဖာပွန်မြို့ နယ်၏ ထက်ဝက်‌ကျော် ‌ရေလွှမ်းမိုးခံရမည်ဟု KHRG က ‌ထောက်ပြ‌ပြောဆိုသည်။

ထို‌ရေကာတာမှ ‌ရေအားလျှပ်စစ် မီကာဝပ် မည်မျှရရှိမည်ကို မသိရ‌သေး‌သော်လည်း ၎င်း‌ရေကာတာ‌ကြောင့် ဖာပွန်မြို့နယ်ရှိ ‌ကျေးရွာ ၂ဝရွာမှ ‌ဒေသခံပြည်သူများ ‌ရွှေ့‌ပြောင်းမှုခံရမည့်အပြင် လယ်၊ ‌မြေ၊ ခြံ၊ သစ်ပင်၊ ဝါးပင် ‌မြောက်များစွာ ပျက်စီးသွား မည်ဖြစ်သလို ကျွဲ၊ နွားများနှင့် ‌တောရိုင်းတိရိစ္ဆာန်မျိုးစိတ် ‌မြောက်များစွာ ‌သေ‌ကြေပျက်စီးကြလိမ့်မည်ဟု KHRG က ‌ပြော သည်။

၎င်းအပြင် ထို‌ရေကာတာ တည်‌ဆောက်မည့် စီမံကိန်း၏ ဖြစ်‌ပေါ်လာနိုင်သည့် ဆိုးကျိုးနှင့်ပတ်သက်၍ အစိုးရဘက်မှ ‌ဒေသခံ ရွာသူရွာသားများကို အသိ‌ပေးအ‌ကြောင်းကြားခြင်း တစုံတရာ မရှိ‌ကြောင်း အမည်မ‌ဖော်လိုသည့် ‌ဒေသခံရွာသားတဦးက ‌ပြောသည်။

သူက “‌ချောင်းကမ်းနားမှာ တိုင် ၂ခု စိုက်ထူထားတာ‌တော့ ‌တွေ့တယ်။ ဘာလုပ်မလဲ‌တော့ ကျ‌နော်တို့လည်း မသိဘူး။ ‌ရေကာ တာ တည်‌ဆောက်မယ်လို့ ‌ပြောသံ‌တော့ ကြားတယ်။ စိုးရိမ်‌တော့ စိုးရိမ်တယ်။ ဒါ‌ပေမယ့် အ‌သေးစိတ်ကို‌တော့ ဘယ်သူမှ မသိဘူး။ ကျ‌နော် အပါအဝင်ပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို့‌ကြောင့် ‌ရေလွမ်းမိုးခံရမည့် အဆိုပါ ရွာ ၂၀‌ကျော်မှ ရွာသားများသည် ‌ရေလွှမ်းမိုးဒဏ် ဆိုးရွားစွာ ကြုံ‌တွေ့ရမည်ကို ကြို တွက်ထား‌သော‌ကြောင့် ယခုအချိန်တွင် ၎င်းတို့ပိုင်ဆိုင်သည့် လယ်၊ ‌မြေ၊ ခြံများကို ‌ရောင်းချ‌နေမှုများ လုပ်‌ဆောင်‌နေကြ ‌ကြောင်းလည်း အဆိုပါ ရွာသားက ‌ပြောသည်။

“ဒီ‌ရေကာတာ တည်‌ဆောက်ရင်‌တော့ ကျ‌နော်တို့ အကုန်လုံး ‌ပြေးရမှာပဲဆို‌တော့ ဘယ်သူမှ အလိုမရှိကြဘူး။ တချို့ရွာသား ‌တွေက ‌ရေကာတာ တည်‌ဆောက်လို့ရှိရင် လယ်၊ ‌မြေ‌တွေ ဆုံးရှုံးမယ့်အတူတူ အခု သူတို့ ပိုင်ဆိုင်မှု‌တွေကို ခုကတည်းက ကြို ‌ရောင်းပစ်လိုက်တာ‌တွေလည်း ရှိတယ်။”ဟု ‌ပြောသည်။

Photo-KIC (မတ်လ ၁၄ရက်က သံလွင်မြစ်‌ပေါ်ရှိ ဆည်စီမံကိန်းကို ဆန့်ကျင်‌နေသည့် ‌ဒေသခံလူထုများ)

ထို‌ရေကာတာ တည်‌ဆောက်‌ရေး စီမံကိန်းကို ၂၀၁၁ခုနှစ် ဇွန်လ ၁ရက်‌နေ့တွင် စတင်တည်‌ဆောက်မည်ဟု စီစဉ်ထား‌သော် လည်း ဖြစ်မလာသည့်အတွက် လာမည့် ၂၀၁၂ခုနှစ်တွင် အ‌သေအချာ ပြန်လည် စတင်မည်ဖြစ်ပြီး လုံခြုံ‌ရေးကို အစိုးရစစ် တပ် တပ်မ(၁၁)နှင့် (၄၄)တို့က တာဝန်ယူရန် စီစဉ်ထားပြီးဖြစ်သည်ဟု KHRG က ‌ပြောသည်။

မြန်မာအစိုးရသည် ထိုင်းနှင့် တရုတ်ကုမ္ပဏီတို့ ပူး‌ပေါင်း၍ ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူ သတ်မှတ်နယ်‌မြေ ခရိုင် (၇)ခုတွင် တည်‌ဆောက်ပြီးနှင့် တည်‌ဆောက်ဆဲ ‌ရေကာတာအားလုံး စုစု‌ပေါင်း (၇)ခုရှိပြီဖြစ်‌သော်လည်း ယခု ‌ရေကာတာနှင့် ပတ်သက် ၍မူ မသိရှိရ‌သေး‌ကြောင်း ကရင်မြစ်‌ချောင်းများ ‌စောင့်ကြည့်‌ရေးအဖွဲ့(KRW)က ‌ပြောသည်။