Home သတင်း နအဖ တပ်များ စွမ်းအားရှင်အသင်းဝင် စု‌ဆောင်း

နအဖ တပ်များ စွမ်းအားရှင်အသင်းဝင် စု‌ဆောင်း

1736
စက်တင်ဘာ ၅ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ယခုလဆန်းပိုင်းအတွင်း ‌တောင်ငူခရိုင်၊ သံ‌တောင်မြို့နယ်အတွင်းရှိ ရွာသူရွာသားများကို အတင်းဓါတ်ပုံရိုက်ခိုင်းပြီး စွမ်းအားရှင်အသင်းဝင်အဖြစ် စု‌ဆောင်းရန် မြို့နယ်မှူးဦးသန်းဝင်းက အမိန့်စာထုတ်ပြန်ထားသည်ဟု ‌တောင်ငူ‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

သံ‌တောင်မြို့နယ်အတွင်းရှိ ‌ပြောင်တိုဂွင်နှင့် သံ‌တောင်မြို့သစ်‌ခေါ် (၁၃)မိုင် ကားလမ်း‌ဒေသအတွင်းရှိ ရွာသူရွာသားများကို စွမ်းအားရှင်အသင်း ဝင်ဖြစ်ရန်အတွက် ‌ဘောဂလိသို့ ဓါတ်ပုံသွားရိုက်ရန် မြို့နယ်မှူးသန်းဝင်းက သက်ဆိုင်ရာ‌ဒေသခံ အာဏာပိုင်ထံကို ဩဂုတ်လ (၃၁)ရက်‌နေ့က စာဖြင့် အ‌ကြောင်းကြားခဲ့သည်ဟု ‌တောင်ငူ‌ဒေသခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“အဲဒီမှာရှိတဲ့ ရွာသူရွာသား‌တွေကို ‌ဘောဂလိကြီးမှာ ဓါတ်ပုံ‌တွေ သွားရိုက်ဖို့ သံ‌တောင်မြို့နယ်မှူးက အမိန့်ထုတ်ထားတယ်။ ဓါတ်ပုံက စွမ်းအား ရှင်အသင်းဝင်ကဒ်အတွက်လို့ ‌ပြောတယ်။ ရွာသား‌တွေက‌တော့ မလုပ်ချင်ဘူး‌ပြောလည်း မြို့နယ်မှူးက သူ့ရဲ့အစီအစဉ် ဖြစ်‌မြောက်‌အောင် သွား လာ‌နေတဲ့ ရွာသား‌တွေကိုဆွဲ၊ ဓါတ်ပုံအတင်းရိုက် ပြီး‌တော့ စွမ်းအားရှင်အသင်းထဲကို စာရင်းထည့်လိုက်တယ်။ အရင်က ဒီလိုမျိုး မရှိခဲ့ဖူးဘူး။ ကျ‌နော်တို့နယ်မှာ အခုမှပဲ သူတို့လုပ်လာတာ”ဟု အဆိုပါ‌တောင်ငူနယ်ခံက ‌ပြောသည်၊

ထို့အပြင် မြို့နယ်မှူးဦးသန်းဝင်းက ယင်းသို့ ဓါတ်ပုံရိုက်ပြီး‌သော အဆိုပါ‌ဒေသအတွင်းမှ ရွာသူရွာသားများကို သံ‌တောင်မြို့တွင် သင်တန်းသွား တက်ရမည်ဟုလည်း အမိန့်ထုတ်ထား‌ကြောင်း သိရသည်။

ကရင်ပြည်နယ် ‌တောင်ငူခရိုင်ရှိ ထန်းတပင်နှင့် သံ‌တောင်မြို့နယ်အတွင်း အ‌ခြေချလှုပ်ရှား‌နေသည့် စစ်ကွပ်ကွဲ‌ရေးဌာနချုပ်-စကခ (၅) တပ်ရင်း များနှင့် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်း စစ်‌ကြောင်းများက ‌ဒေသခံရွာသူရွာသားများအ‌ပေါ် ပိုမိုတင်းကြပ်လာပြီး လုပ်အားခိုင်း‌စေခြင်း၊ ခြိမ်း‌ခြောက်ခြင်းစသည့်လုပ်ရပ်များ ပိုမိုလုပ်‌ဆောင်လာသည်ဟု ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က စက်တင်ဘာလ ၄ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း ၎င်းတို့လှုပ်ရှားရာ သံ‌တောင်မြို့သစ်‌ခေါ် (၁၃)မိုင်ကားလမ်းမှစ၍ ‌ဘောဂလိကြီး‌ဒေသများအ တွင်း ‌နေထိုင်စား‌သောက်ကြသည့် ရွာသားများအား ပြည်သူ့စစ်ထဲကို မဝင်မဖြစ် အတင်းဝင်ခိုင်း‌နေသည်ဟုလည်း ‌ကေအဲန်ယူ၏ သတင်းထုတ် ပြန်ချက်တွင် ‌ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးနှင့် မုံးမြို့နယ်များတွင် သက်ဆိုင်ရာ ‌ဒေသအာဏာပိုင်များက ယခုလို ပြည်သူ့စစ်‌ကောက်ခံမှုများ ရှိခဲ့သည်။

စစ်အစိုးရတပ်များ၏ ပြည်သူ့စစ်နှင့် စွမ်းအားရှင်အသင်းဝင် အစီအစဉ်တွင် စု‌ဆောင်းရရှိထား‌သော ရွာသူရွာသားဦး‌ရေကို အတိအကျ မသိရ ‌သေး‌သော်လည်း ထိုကဲ့သို့ လုပ်‌ဆောင်ခြင်းမှာ လာမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအတွက် မဲအသာစီးရရှိ‌အောင် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်‌ကြောင်း ‌တောင်ငူနယ်ခံများက မှတ်ချက်‌ပေး‌နေကြသည်။