Home ထိပ်တန်းသတင်း ပြည်တွင်းစစ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးများ ‌ပေါ်ထွန်းလာရန် WLB တိုက်တွန်း

ပြည်တွင်းစစ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးများ ‌ပေါ်ထွန်းလာရန် WLB တိုက်တွန်း

1684
စက်တင်ဘာလ ၂၁ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်း‌ရေးများ တည်‌ဆောက်ကြရန် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB မှ ယ‌နေ့ ကျ ‌ရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့တွင် ပြည်တွင်းငြိမ်းချမ်း‌ရေး အပါအဝင် အချက် ၆ချက်ပါ ‌ကြေညာချက်တ‌စောင်ကို ထုတ်ပြန်လိုက်သည်။

ထို‌ကြေညာချက်တွင် လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အိတ်ဖွင့်‌ပေးစာပါ အကြံပြုချက်များကို ‌လေးစားလိုက်နာ ပြီး စစ်ပွဲပဋိပက္ခများ ‌ပြေငြိမ်း‌ရေးအတွက် လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအကြား ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုများ အမြန်ဆုံး‌ဖော်‌ဆောင်ရန်၊ တပြည်လုံးအတိုင်းအတာ‌ဆောင်သည့် အပစ်ခတ်ရပ်စဲ‌ရေးများကို ချက်ချင်း လုပ် ‌ဆောင်ရန် ‌တောင်းဆိုလားသည်။

၎င်းအပြင် အမျိုးသမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ကျူးလွန်ခွင့် ပြုထားခြင်းအား အမြန်ဆုံး အဆုံးသတ်‌ပေးရန်နှင့် နိုင်ငံ‌ရေးယုံကြည်ချက်များ‌ကြောင့် မတရားသဖြင့် ‌ထောင်သွင်း အကျည်းချ ခံထားရသည့် နိုင်ငံ‌ရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွှတ်‌ပေးရန်တို့ ပါဝင်သည်။

လက်ရှိအစိုးရသည် နိုင်ငံ‌တော် ဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်းဟု အမည်‌ကောင်းတပ်ကာ ဧရာဝတီမြစ်ဆုံ‌ရေကာတာ စီမံကိန်း နှင့် ရခိုင်၊ ထားဝယ် ‌ဒေသများတွင် ‌ရေနက်ဆိပ်ကမ်းများ တည်‌ဆောက်မှု‌ကြောင့် ထို‌ဒေသခံ ပြည်သူလူထု၏ ‌နေထိုင်မှုဘဝ အခက်အခဲများစွာ ကျ‌ရောက်နိုင်သည်ဟု WLB သဘာပတိအဖွဲ့ဝင် ‌လွေး‌နွေ‌နှောင်းက ယခုလို ‌ပြောသည်။

“အဓိက က‌တော့ ဧရာဝတီမြစ်ဆုံ ‌ရေကာတာစီမံကိန်း‌ကြောင့် အဲဒီ‌ဒေသမှာ ‌နေထိုင်တဲ့သူ‌တွေ ‌နေရာ‌ပြောင်း‌ရွှေ့ရမယ်။ ‌နေရာ သစ်‌ရောက်ရင်လဲ သူတို့အတွက် အခက်အခဲ‌တွေ အများကြီးနဲ ့ ရင်ဆိုင်ကြရမယ်။ အလုပ်လက်မဲ့‌တွေ ဖြစ်လာမယ်။ ‌ရေကာ တာတည်‌ဆောက်မယ့်‌နေရာကို စစ်တပ်‌တွေ‌ရောက်လာရင် ‌ပေါ်တာဖမ်းတာ‌တွေ ရှိလာမယ်။ ‌နောက်ပြီး အမျိုးသမီး‌တွေကို အဓမ္မပြုကျင့်တာ‌တွေ ရှိလာနိုင်ပါတယ်။”ဟု ‌ပြောဆိုသည်။

ယ‌နေ့ကျ‌ရောက်သည့် (၁၀)နှစ်‌မြောက် နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့တွင် မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းစစ် ရပ်စဲ‌ရေးနှင့် ငြိမ်း ချမ်း‌ရေး‌ပေါ်ထွန်းမှု အလားအလာ မ‌တွေ့ရှိရ‌သေးသည့်အ‌ပေါ် WLB အ‌နေဖြင့် အထူးစိုးရိမ်ပူပန်‌ကြောင်း ထုတ်ပြန်‌ကြေညာ ချက်တွင် ‌ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂသည် နိုင်ငံတခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်‌ရေး၊ ငြိမ်းချမ်း‌ရေးတို့မှတဆင့် ‌ဒေသတွင်း လုံခြုံ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ ဖွံ့ ဖြိုးတိုးတက်‌ရေးတို့အတွက် ရည်မှန်းလျှက် ၂၀၀၁ခုနှစ်မှစ၍ စက်တင်ဘာလ ၂၁ရက်‌နေ့ကို နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြားတွင် စစ်‌ပြေငြိမ်း‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးများအား ဦးစား‌ပေး ‌ဆွေး‌နွေး လုပ်‌ဆောင်လာခဲ့ကြသည်။

ယခင်နှစ်က WLB အ‌နေဖြင့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့တွင် မိမိတို့ အဖွဲ့ဝင်များ အ‌ခြေစိုက်ရာ ထိုင်း၊ အိန္ဒိယ၊ ဘဂင်္လား‌ဒေ့ရှ် နယ်စပ်များတွင် စကားဝိုင်းများ၊ အခမ်းအနားများ ပြုလုပ်ခဲ့‌သော်လည်း ယခုနှစ်တွင် ‌ကြေညာချက် ထုတ်ပြန်ခြင်းသာ ပြုလုပ်ခဲ့ သည်ဟု သိရသည်။

WLB ကို ၁၉၉၉ခုနှစ်က စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသူ အဖွဲ့အစည်း ၁၃ဖွဲ့ ပူး ‌ပေါင်းပါဝင်လျှက်ရှိသည်။