Home ထိပ်တန်းသတင်း ပြည်တွင်းကရင်အမျိုးသမီးများ ပထမဆုံး ငြိမ်းချမ်း‌ရေး‌နေ့ ကျင်းပပြုလုပ်ခဲ့

ပြည်တွင်းကရင်အမျိုးသမီးများ ပထမဆုံး ငြိမ်းချမ်း‌ရေး‌နေ့ ကျင်းပပြုလုပ်ခဲ့

1593
စက်တင်ဘာလ ၂၃ရက်။ (‌ကေအိုင်စီ)

စက်တင်ဘာလ ၂၁ရက်‌နေ့က ကျ‌ရောက်ခဲ့သည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ကို ပြည်တွင်းရှိ ကရင်အမျိုးသမီးလူမှု‌ရေးအဖွဲ့ (Karen Women Action Group-KWAG) က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အ‌ရှေ့ကြို့ကုန်းရှိ မဟာသုခိတာလမ်းတွင် ကျင်းပ ပြီးစီးခဲ့သည်။

Photo-KIC (နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့အတွက် ဖ‌ယောင်းတိုင်ထွန်း ဆု‌တောင်း‌နေစဉ်)

နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့မှာ (၁၀) နှစ် တိုင်ခဲ့ပြီဖြစ်‌သော်လည်း ထို‌နေ့မနက် ၉နာရီမှ ‌နေ့လည် ၁၂နာရီအထိ ပထမဆုံးအ ကြိမ် ကျင်းပပြုလုပ်သည့် အဆိုပါအဖွဲ့၏ ငြိမ်းချမ်း‌ရေး‌နေ့ အစီအစဉ်သို့ ကရင်လူငယ် ၂ဝဦးနှင့် KWAG မှ အဖွဲ့ဝင်များ တက် ‌ရောက်ခဲ့ကြသည်။

KWAG အဖွဲ့၏ ဒါရိုက်တာ ‌နော်စူစဲန်နာက “နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ဟာ က‌နေဒါနိုင်ငံက‌နေ စတင်ခဲ့တာပါ။ မြန်မာနိုင်ငံ ဟာ တခြားနိုင်ငံ‌တွေထက် ငြိမ်းချမ်း‌ရေး ပိုလိုအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်‌တွေနဲ့ အစိုးရကြား ပြည်တွင်းစစ် ‌ကြောင့် ‌ဒေသခံ တိုင်းရင်းသား‌တွေဟာ တဖက်နိုင်ငံကို ထွက်‌ပြေးခိုလှုံ‌နေရတာ နှစ်သန်း‌ကျော် ရှိပါတယ်။ ဒါ့အပြင် ရွာပုန်းရွာ ‌ရှောင်ဖြစ်‌နေရတာ‌တွေလည်း ရှိတယ်။ နိုင်ငံ‌တော်က ငြိမ်းချမ်း‌ရေးကမ်းလှမ်းတာကို ကြိုဆိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးဖြစ် ဖို့ပဲ လိုပါတယ်။”ဟု ‌ပြောဆိုသွားခဲ့သည်။

ထို‌နေ့က ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့တွင် KWAG အဖွဲ့ဝင်တစ်ဦးက ပြီးခဲ့သည့် နိုင်ငံတကာ ဒီမိုက‌ရေစီ‌နေ့တွင် ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောကြား‌သောမိန့်ခွန်းကို ဖွင့်ပြခြင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ‌ဒေါ်စု၏ အိတ်ဖွင့်‌ပေးစာနှင့် အခြားငြိမ်းချမ်း‌ရေးဆိုင်ရာ ထုတ်ပြန်‌ကြေညာချက်များကို ဖတ်ကြားသွားခဲ့သည်။

KWAG ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ အစီအစဉ်သို့ ငြိမ်း‌ဖောင်‌ဒေးရှင်းမှ စီမံကိန်းတာဝန်ခံ Mr. Jaw Gun လည်း တက်‌ရောက်ခဲ့သည်။

သူက “ငြိမ်းချမ်း‌ရေးဆိုတာ ကိုယ်ရပ်တည်‌နေတဲ့‌နေရာ‌ပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ငြိမ်းချမ်း‌ရေး ‌ဆောင်ရွက်ရာမှာ နိုင်ငံ ‌တော် အစိုးရ ‌ခေါင်း‌ဆောင်ရဲ့ ကတိကဝတ်‌ပေါ် မူတည်ပြီး တည်‌ဆောက်နိုင်သလို ကတိမတည်ပါက ပျက်ပြားနိုင်ပါတယ်။”ဟု ‌ဆွေး‌နွေးတင်ပြခဲ့သည်။

‌နေ့လည် ၁၂နာရီခွဲအချိန်တွင် ငြိမ်းချမ်း‌ရေးအတွက် ဖ‌ယောင်းတိုင်မီးထွန်းကာ ဝတ်ပြုဆု‌တောင်းပြီး we shall overcome သီချင်းသီဆိုကာ ရုတ်သိမ်းခဲ့သည်ဟု သိရသည်။