Home သတင်း စစ်‌ရေးလှုပ်ရှားမှု‌ကြောင့် စာသင်‌ကျောင်းနှင့် ‌ဆေးခန်းပိတ်လိုက်ရ

စစ်‌ရေးလှုပ်ရှားမှု‌ကြောင့် စာသင်‌ကျောင်းနှင့် ‌ဆေးခန်းပိတ်လိုက်ရ

2117
စက်တင်ဘာ ၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ ထိန်းချုပ်ထားရာ မဲ့ကသာဂွင်တွင် ဩဂုတ်လကုန်ပိုင်းမှစ၍ နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်များ ဝင်‌ရောက်လှုပ်ရှားလာသည့်အတွက် ‌ဒေသတွင်းရှိ မူလတန်း‌ကျောင်းတလုံးနှင့် ‌ဆေး‌ပေးခန်းတလုံး ပိတ်လိုက်ရသည်ဟု ‌ဒေသခံ များ၏ ‌ပြောပြချက်အရ သိရသည်။

ဩဂုတ်လ (၃၀)ရက်‌နေ့က ဗိုလ်မှူး‌စော‌နော်တယာ ဦးစီး‌သော ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ဖွဲ့နှင့် ဗိုလ်မှူးမြတ်ထွန်း‌အေး ဦး‌ဆောင်သည့် ‌ခြေ လျင်တပ်ရင်း-ခလရ (၂၈၃)တပ်ဖွဲ့ဝင်များက မဲ့ကသာ‌ကျေးရွာတွင် ဝင်‌ရောက်‌နေရာယူလာပြီး ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (‌ကေ အဲန်အယ်လ်‌အေ)နှင့် တိုက်ပွဲဖြစ်ပွားမည်ကို ‌ဒေသတွင်းရှိ ရွာသူရွာသားများက စိုးရိမ်‌နေကြသည့်အတွက် ယခုလို စာသင်‌ကျောင်းနှင့် ‌ဆေး ‌ပေးခန်းကို ပိတ်ပစ်လိုက်ရခြင်းဖြစ်သည်ဟု နယ်ခံတဦးက ‌ကေအို်င်စီကို ‌ပြောသည်။

“အဲဒီ ဒီ‌ကေဘီ‌အေ တပ်‌တွေက မဲ့ကသာရွာမှာ ဩဂုတ်လ (၃၀)ရက်ညက စတင်ဝင်‌ရောက်‌နေရာယူတာ။ အဲဒီအချိန်ကစပြီး‌တော့ ‌ကျောင်း ‌ရော၊ ‌ဆေးခန်း‌ရော ပိတ်ထားလိုက်ရတယ်။ ရွာသူရွာသား‌တွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ကြတယ်။ သူတို့က‌လေး‌တွေကို‌တော့ ‌ကျောင်းပျက် ဘယ်ခံချင်ပါ့မလဲ။ တိုက်ပွဲဖြစ်ရင် သူတို့က‌လေး‌တွေ တခုခုဖြစ်မှာ ‌ကြောက်ကြတယ်။ ‌ဆေးခန်းကလည်း ရွာသူရွာသား‌တွေရဲ့ ကိုယ်ထူကိုယ် ထ‌ဆေးခန်းပဲဆို‌တော့ အ‌ခြေအ‌နေအရ ပိတ်ထားလိုက်တယ်”ဟု အဆိုပါနယ်ခံက ‌ပြောသည်။

ထိုကဲ့သို့ ‌ကျောင်း‌ရော၊ ‌ဆေးခန်းပါ ပိတ်လိုက်ရသည့်အတွက် ‌ဒေသခံများ၏ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ လစ်ဟာသွားကာ က‌လေးများ ၏ပညာ‌ရေးကိုလည်း များစွာ ထိခိုက်မှုများဖြစ်ရ‌သော်လည်း လတ်တ‌လောအ‌ခြေအ‌နေတွင် ၎င်းတို့အတွက် လုံခြုံ‌ရေးက ပိုအ‌ရေးကြီး‌နေ သည်ဟု ထိုနယ်ခံက ဆိုသည်။

ယခု ပိတ်ထားလိုက်ရသည့် စာသင်‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၁၀ဝခန့်နှင့် ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း ၆ဦးရှိပြီး အတန်း ပညာအားဖြင့် အ‌ခြေခံသူငယ်တန်းမှစ၍ ၅တန်းအထိ သင်ကြားပို့ချလျှက်ရှိသည်ဟု သိရသည်။ အလားတူ အဆိုပါ‌ဆေးခန်းသည် မဲ့ကသာ ရွာသူရွာသားများ၏ ကျန်းမာ‌ရေးအတွက် အားထားရဆုံး‌ဆေးခန်းတခုဖြစ်‌ကြောင်း သိရသည်။

ယခုအချိန်တွင် ၎င်းဒီ‌ကေဘီ‌အေတပ်ဖွဲ့က မဲ့ကသာတွင် ‌နေရာအခိုင်အမာ ယူထားပြီး နအဖ ခလရ (၂၈၃)မှ စစ်‌ကြောင်းနှစ်‌ကြောင်းက အ ‌နောက်ဘက်မှ ‌နေရာယူထားကာ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်း‌အေး ကိုယ်တိုင် ပူး‌ပေါင်းတပ်ဖွဲ့ကို စီမံခန့်ခွဲမှုများ လုပ်‌ဆောင်လျှက်ရှိ ‌ကြောင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်း‌ရေးမှူးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌ကေဘီ‌အေ တပ်ဖွဲ့‌တွေက မဲ့ကသာမှာ ‌နေရာဝင်ယူတယ်။ သူတို့တပ်ရဲ့‌နောက်မှာ နအဖ တပ် ခလရ(၂၈၃)မှ စစ်‌ကြောင်း (၁)နဲ့ (၂)က မဲ့ကသာနဲ့ မနီးမ‌ဝေး တဲသုံးလို့ ‌ခေါ်တဲ့‌နေရာမှာ ‌နေရာယူထားတယ်။ အဲဒီခလရ(၂၈၃)ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်း‌အေး ကိုယ်တိုင်က ဒီ‌ကေဘီ‌အေတပ်‌ရော၊ သူ့တပ်‌တွေကိုပါ စီမံခန့်ခွဲ‌နေတာ။ အဲဒီမှာရှိတဲ့တပ်‌တွေကို ဘယ်မှာ‌နေရာယူထားလိုက်၊ ဘာလုပ်လိုက်ဆိုတာ‌တွေ သူက ညွန်ကြားတယ်‌လေ။ ဒါ‌ကြောင့် ‌ကျောင်း‌တွေ၊ ‌ဆေးခန်း‌တွေလည်း ပိတ်လိုက်ကြတာ”ဟု ‌စောလစ္စတန်က ‌ပြောသည်။

ထို့အပြင် သူက “ကျ‌နော်တို့ဘက်က‌တော့ အချင်းချင်း တိုက်ပွဲမဖြစ်ချင်ဘူး။ ဒီကရှိတဲ့ လူထု‌တွေကလည်း တိုက်ပွဲဖြစ်ပွားမှာကို မလိုလားကြ ဘူး။ ကျ‌နော်တို့က လူထု‌တွေကို ငဲ့ညှာပြီး တိုက်ပွဲမဖြစ်‌အောင် အ‌ခြေအ‌နေ‌တွေကို ထိန်းထား‌ပေမဲ့ ဒီအ‌ခြေအ‌နေမှာ ဒီ‌ကေဘီ‌အေနဲ့ နအဖ တပ်‌တွေက အခွင့်အ‌ရေးယူပြီး‌တော့ ‌နေရာ‌တွေ ဝင်ယူ‌နေတယ်”ဟု ဆက်လက်‌ပြောဆိုသွားသည်။

ပြီးခဲ့သည့်လက ‌ကေအဲန်ယူ တပ်မဟာ(၆)နှင့် ဒီ‌ကေဘီ‌အေ တပ်ဗိုလ်တပ်မှူးများသည် ကရင်အချင်းချင်းကြား တိုက်ပွဲမဖြစ်‌အောင် ‌ဆွေး‌နွေး ‌ပြောဆိုမှုများ လုပ်‌ဆောင်ခဲ့‌သော်လည်း ဒီ‌ကေဘီ‌အေအဖွဲ့က နအဖ၏ ညွန်ကြားမှုအတိုင်း တိုက်ခိုက်မှုများ လုပ်‌ဆောင်လာပါက ‌ဒေသခံလူ ထုများ မထိခိုက်‌အောင် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

နအဖ စစ်အစိုးရသည် နယ်စပ်တ‌လျှောက်ရှိ ‌ကေအဲန်ယူထိန်းချုပ်ထားရာ ‌နေရာများကို စိုးမိုးနိုင်ရန်အတွက် ဇွန်လအ‌စောပိုင်းက ဒီ‌ကေဘီ ‌အေတပ်ဖွဲ့ကို ‌ရှေ့တန်းတင်ပြီး ‌ကေအဲန်ယူ တပ်မဟာ(၇)ကို တိုက်ခိုက်ခဲ့ပြီး ဆက်လက်၍ တပ်မဟာ(၆)နှင့် တပ်မဟာ(၅)နယ်‌မြေများကို လည်း ဝင်‌ရောက်သိမ်းပိုက်ရန် သတင်းများ ထွက်‌ပေါ်လျှက်ရှိသည်။