Home ထိပ်တန်းသတင်း ‌ကေအိုင်အို တပ်မဟာ ၄ ကို အစိုးရတပ် ပြင်းထန်စွာ ထိုးစစ်ဆင်‌နေ

‌ကေအိုင်အို တပ်မဟာ ၄ ကို အစိုးရတပ် ပြင်းထန်စွာ ထိုးစစ်ဆင်‌နေ

1809
စက်တင်ဘာလ ၂၆ရက်။ (‌ကေအိုင်စီ)

ရှမ်းပြည်‌မြောက်ပိုင်းတွင် လှုပ်ရှား‌နေသည့် ‌ကေအိုင်အို တပ်မဟာ(၄) လက်‌အောက်ခံ တပ်ရင်းများကို အစိုးရတပ်တို့က ပြင်းထန် စွာ ထိုးစစ်ဆင်‌နေသည်ဟု ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)က ‌ပြောသည်။

အစိုးရတပ်က အင်အားအလုံးအရင်းဖြင့် စက်တင်ဘာလ ၂၄ရက်‌နေ့ကစပြီး ‌ကေအိုင်‌အေ တပ်မဟာ(၄) လှုပ်ရှားရာ နယ်‌မြေ‌ဒေသ အားလုံးတွင် တိုက်ပွဲများ စတင် ဆင်နွဲ‌နေခြင်းဖြစ်‌ကြောင်း ကချင်လွတ်‌မြောက်‌ရေးအဖွဲ့ (KIO) တွဲဖက်အတွင်း‌ရေးမှူး ဦးလနန်က သည်။

ဦးလနန်က “မန်းတုံနဲ့ ကွတ်ခိုင်ကြားမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်‌နေတယ်။ ၂၃ရက်‌နေ့က‌နေ အခုထိပဲ တိုက်ပွဲ‌တွေက ဆက်ဖြစ် ‌နေတယ်။ ရန်သူဘက်ကလည်း လက်နက်အကြီး‌တွေနဲ့ပဲ ပစ်‌နေတယ်။”ဟု ‌ပြောသည်။

တပ်မဟာ(၄) လက်‌အောက်ခံ တပ်ရင်း(၂)၊ (၈)၊ (၉)နှင့် တပ်ရင်း(၁၇)တို့တွင် အစိုးရတပ်ဘက်မှ ၁၂၀-မမ အပါအဝင် အခြား လက်နက်ကြီးများကိုပါ အသုံးပြုုပြီး တိုက်ခိုက်‌နေခြင်းဖြစ်‌ကြောင်းလည်း ဦးလနန်က ‌ပြောသည်။

ရှမ်းပြည်‌မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ဆန်းမြို့နယ်နှင့် မန်းတုံမြို့နယ်များတွင် အစိုးရတပ် တပ်မ(၉၉)နှင့် တပ် မ(၃၃)၊ တပ်ရင်း(၁၈)က တပ်အင်အား တစ်‌ထောင်‌ကျော်တို့နှင့် ဝင်‌ရောက်ထိုးစစ်ဆင်နွှဲ‌နေသည်။

တိုက်ပွဲ‌ကြောင့် နှစ်ဖက်စလုံး ‌သေ‌ကြေ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ‌ကြောင်း၊ အစိုးရဘက်မှ အ‌သေအ‌ပျောက်များ‌ကြောင်း ဦးလနန်က ဆက်‌ပြောသည်။

၎င်းက “ကျ‌နော်တို့ဘက်က‌တော့ ရှိသမျှ အင်အားနဲ့ ပြန်လည် ခုခံတိုက်‌နေတယ်။ တိုက်တဲ့‌နေရာမှာလည်း ‌ပြောက်ကျားစနစ်နဲ့ တိုက်သွားဖို့ အစီအစဉ်ချထားတယ်။ “စက်တင်ဘာလဆန်းကတည်းက ကျ‌နော်တို့သတင်းရထားတယ်။ အစိုးရတပ်က ကျ‌နော်တို့ ကို ထိုးစစ်ဆင်ဖို့ လက်နက်ကြီး‌တွေ တပ်အင်အား‌တွေ တိုးထားတယ်ဆိုတာကို‌လေ။”ဟု ဆိုသည်။

‌ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်မှ စတင်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး ကိစ္စကို ‌ကေအိုင်‌အေအ‌နေနှင့် လက်မခံသည့်အတွက် ၂၀၁ဝခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြားခဲ့သည်။

ထို့‌နောက် ၂၀၁၁ခုနှစ်တွင် အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြားခဲ့ပြီး ဇူလိုင်လ ၉ရက်‌နေ့ကစပြီး အစိုးရတပ်နှင့် ‌ကေအိုင်အိုအကြား တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သလို အစိုးရအ‌နေဖြင့်လည်း KIO ကို “‌သောင်းကျန်းသူ”ဟု မကြာခဏ ‌ခေါ်ဆိုအသုံးပြုသည်ကို ၎င်းတို့၏ ‌နေ့စဉ် ထုတ် ‌ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် ‌တွေ့ရသည်။