Home ထိပ်တန်းသတင်း လွှတ်‌တော်၏ အလုပ်သမား ဥပ‌ဒေမူကြမ်းအ‌ပေါ် စိုးရိမ်မှုများရှိ‌နေ

လွှတ်‌တော်၏ အလုပ်သမား ဥပ‌ဒေမူကြမ်းအ‌ပေါ် စိုးရိမ်မှုများရှိ‌နေ

1697
‌အောက်တိုဘာလ ၃ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော် နှစ်ရပ်စလုံးတွင် စက်တင်ဘာလ ၂၉ရက်‌နေ့က အတည်ပြုခဲ့သည့် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပ‌ဒေမူကြမ်းအ‌ပေါ် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများ လက်ခံ‌သော်လည်း စိုးရိမ်မှုများ ဖြစ်‌ပေါ် လျှက်ရှိသည်။

လှိုင်သာယာ စက်မှုဇုံရှိ ဖိနပ်စက်ရုံမှ စက်ပြင်ဆရာတစ်ဦးက “မှန်မှန်ကန်ကန် လုပ်ခွင့်ရမယ်ဆို အတိုင်းထက် အလွန်‌ပေါ့ဗျာ။ ကျ‌နော်တို့ ဖိနပ်စက်ရုံမှာ လုပ်သား‌ပေါင်း ၅၀၀‌ကျော်တယ်။ လုပ်သား‌တွေရဲ့ အ‌ရေးအရာကို ထိထိ‌ရောက်‌ရောက်‌လေး ‌ဖြေရှင်းနိုင် မယ်ဆိုရင်‌တော့ ကြိုဆိုပါတယ်။ ဒါ‌ပေမယ့် ဥပ‌ဒေအများစုက ကျ‌နော်တို့ နားမလည်တာ များတယ်။ ဒါ့အပြင် တချို့ဥပ‌ဒေ‌တွေက တ‌နေရာမှာ လွှတ်‌ပေးထားသလိုနဲ့ တ‌နေရာမှာ ချုပ်ထားပြန်‌ရော။”ဟု ဆိုသည်။

အဆိုပါ ဥပ‌ဒေမူကြမ်းတွင် အလုပ်သမားအဖွဲ့အစည်း ဖွဲ့ခွင့်ရမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် ၃ဝဦးထက်မနည်းဖွဲ့ရန်နှင့် ၃ဝဦး မပြည့်ပါက အခြားလုပ်ငန်းတူ လုပ်ငန်းများမှ အလုပ်သမားများနှင့် ပူး‌ပေါင်းဖွဲ့ခွင့်ရှိသည်ဟူ၍ ပါရှိသည်။ ထိုသို့ ဖွဲ့စည်းရန်အတွက်လည်း မြို့ နယ် မှတ်ပုံတင်အရာရှိထံမှတဆင့် အရာရှိချုပ်ထံ ဆက်လက် တင်ပြကာ မှတ်ပုံတင်ကြရမည်ဟုလည်း ထည့်သွင်းထားသည်။

၎င်းအပြင် အလုပ်ခွင်အတွင်း ပြဿနာများ ဖြစ်‌ပေါ်လာပါက သပိတ်‌မှောက်ခွင့်ရှိလည်း သပိတ်‌မှောက်မည်ဆိုပါက အလုပ်ရှင်အား ကြိုတင်အ‌ကြောင်းကြားရမည်ဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင်များထံ နှစ်ပတ် ကြိုတင် အ‌ကြောင်းကြားရမည်ဖြစ်‌ကြောင်း ပါရှိ သည်။

“ကြိုတင် အ‌ကြောင်းကြားရမယ်ဆိုရင် အလုပ်ရှင်က အလုပ်ပိတ်လိုက်မှာ‌ပေါ့။ အာဏာပိုင်‌တွေကလည်း တားမှာ‌ပေါ့။ ‌နောက်ပြီး မှတ်ပုံတင်‌တော့‌ကော အဆင်‌ပြေ‌ပြေ ရမှာလား။ အဖွဲ့မ‌ပြောနဲ့ လူ‌တွေ မှတ်ပုံတင်လုပ်တာ‌တောင် ဘယ်‌လောက်ခက်လဲ။ တကယ် လုပ်ပိုင်ခွင့်နဲ့ လုပ်ခွင့်ရမယ်ဆိုရင်‌တော့ ‌ကောင်းတာ‌ပေါ့။”ဟု ‌တောင်ဒဂုံ အထည်ချုပ်စက်ရုံမှ စာရင်းကိုင် အမျိုးသမီးတစ်ဦးက ‌ပြော သည်။

ထို့အပြင် နိုင်ငံတကာ အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ် ပူး‌ပေါင်း ‌ဆောင်ရွက်ခွင့်၊ မတရားအလုပ်ထုတ်ခံရသူများဘက်မှ အလုပ်သမား အဖွဲ ့အစည်းက အကာအကွယ် ‌ပေးခွင့်များလည်း ရှိသည့်အ‌ပေါ် သူမက ယခုလို ဆက်လက် ‌ပြောဆိုသည်။

“ကိုယ်တိုင် သပိတ်မ‌မှောက်ဘူး‌တော့ အဲဒါနဲ့ ပတ်သက်ရင် မသိပါဘူး။ ဒါ‌ပေမယ့် အဖွဲ့ဆိုရင်‌တော့ အ‌သေအချာ၊ အမှန်အကန် ဦး ‌ဆောင်နိုင်မယ့်‌ခေါင်း‌ဆောင် လိုမှာပါ။ အလုပ်ရှင်ဘက်က ကြည့်ရင်‌တော့ ‌ခေါင်းစားစရာပါ။ အလုပ်သမား‌တွေဘက်က‌တော့ ‌ကောင်းပါတယ်။ သူများနိုင်ငံ‌တွေနဲ့ အလုပ်တွဲလုပ်ရမယ်ဆိုရင်‌တော့ အ‌တွေ့အကြုံသစ်‌တွေရနိုင်တာမို့ သ‌ဘောကျပါတယ်။”ဟု အဆိုပါ စာရင်းကိုင်က ‌ပြောသည်။

သို့‌သော် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပ‌ဒေမူကြမ်းထဲတွင် အလုပ်ရှင်မှ အလုပ်သမားအား အ‌ကြောင်းမဲ့ အလုပ်ထုတ်ပါက အဖွဲ့အစည်းအ‌နေဖြင့် ကာကွယ်နိုင်‌ကြောင်းလည်း ပါဝင်သည်။

လှိုင်သာယာမြို့နယ်၊ ဖိနပ်စက်ရုံ အလုပ်သမတစ်ဦးက “ကျမတို့စက်ရုံမှာ စူပါ(super)၊ လီဒါ(leader)၊ စူပါဗိုက်ဇာ(supervisor) ‌တွေက အဆင့်ဆင့် အုပ်ချုပ်ပါတယ်။ ဒါ‌ပေမယ့် အလုပ်ရှင်က သူ့စိတ်ကြိုက် ‌ရွေးချယ်ထားတဲ့သူ‌တွေ။ သူတို့က အလုပ်နဲ့ ပတ် သက်တာကလွဲလို့ တခြားကိစ္စ‌တွေကို ဘာမှမ‌ဆောင်ရွက်‌ပေးပါဘူး။ အလုပ်သမား‌တွေ မျက်နှာထက် အလုပ်ရှင်မျက်နှာကိုပဲ ကြည့် ‌နေရတာ‌လေ။ ခုလို အဖွဲ့သာ ‌သေချာ လုပ်ခွင့်ရမယ်ဆို ‌ကောင်းတာ‌ပေါ့။ ကျမတို့စိတ်ကြိုက် ‌ခေါင်း‌ဆောင်‌ရွေးမယ်။ မကြိုက်ရင် ‌နောက်တစ်‌ယောက် ထပ်‌ရွေးမှာ‌ပေါ့။”ဟု ‌ပြောသည်။

ရန်ကုန်မြို့‌ပေါ်ရှိ အလုပ်ရုံ အများစုမှာ ‌ငွေစု‌ငွေ‌ချေး အဖွဲ့ငယ်‌လေးများနှင့် သာ‌ရေးနာ‌ရေးများကို စု‌ပေါင်းလုပ်‌ဆောင်ခြင်းများသာရှိ ပြီး စနစ်တကျ အဖွဲ့အစည်းမျိုး မရှိ‌သေး‌ကြောင်း၊ တချို့မှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖွဲ့ထားသည်များရှိသည်။

လွှတ်‌တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သည့် အဆိုပါ အလုပ်သမားအဖွဲ့အစည်း ဥပ‌ဒေမူကြမ်းနှင့် ပတ်သက်ပြီး ပြည်ပအ‌ခြေ စိုက် မြန်မာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUB)က ကြိုဆိုလိုက်သည်။