Home ထိပ်တန်းသတင်း နိုင်ငံတကာ‌ရောက် မွန်အဖွဲ့နှင့် သ‌ဘောထား တထပ်တည်းရှိဟု NMSP ‌ပြော

နိုင်ငံတကာ‌ရောက် မွန်အဖွဲ့နှင့် သ‌ဘောထား တထပ်တည်းရှိဟု NMSP ‌ပြော

2058
‌အောက်တိုဘာလ ၄ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ပြည်‌ထောင်စု-UNFC အဖွဲ့ဝင်များမပါဘဲ အစိုးရ၏ ငြိမ်းချမ်း‌ရေးကမ်းလှမ်းမှုကို လက်မခံရန် နိုင်ငံတကာ‌ရောက် မွန်အမျိုးသား ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌ကော်မတီ-OMCC ၏ တိုက်တွန်းမှုသည် ၎င်းတို့ သ‌ဘောထားနှင့် တစ်ထပ်တည်းရှိသည်ဟု မွန်ပြည်သစ်ပါတီ-NMSP က ယ‌နေ့ ‌ပြောကြားလိုက်သည်။

“UNFC အဖွဲ့ဝင်များ ပါဝင်ခြင်းမရှိပါက မြန်မာဗဟိုအစိုးရ လက်‌အောက်ခံ မွန်ပြည်နယ်အစိုးရ၏ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး ‌နွေးမှုကို လက်မခံရန် NMSP အား အ‌လေးအနက် တိုက်တွန်းအပ်ပါသည်”ဟု က‌နေဒါအ‌ခြေစိုက် Overseas Mon Coordinating Committee-OMCC မှ ယမန်‌နေ့က ‌ကြေညာချက်ထုတ်ပြန်ပြီး‌နောက် NMSP အ‌နေဖြင့် ထိုသို့ ‌ပြောကြားလိုက် ခြင်း ဖြစ်သည်။

NMSP ၏ အတွင်း‌ရေးမှူးဖြစ်သူ နိုင်ဟံသာက “သူတို့(OMCC)ရဲ့ အဆိုပြုချက်ကို ကျ‌နော်တို့ အ‌လေးထားပါတယ်။ လက်ရှိ ကျ‌နော်တို့ရဲ့ အ‌ခြေခံမူဟာလည်း သူတို့‌ပြောတဲ့အတိုင်း တစ်ထပ်တည်းပါပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ NMSP သည် UNFC အဖွဲ့ဝင်ဖြစ်သည့်အတွက် UNFC ၏ အ‌ခြေခံမူကို ‌ကျော်လွန်၍ မြန်မာအစိုးရနှင့် ငြိမ်းချမ်း ‌ရေး ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

ပြီးခဲ့သည့်လက မွန်အထင်ကရ ပုဂ္ဂိုလ်များ ပါဝင်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး‌ကော်မတီ တရပ်ဖွဲ့စည်းခဲ့ပြီး‌နောက် NMSP နှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန် ကမ်းလှမ်းခဲ့ရာ OMCC က လက်မခံရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌ကော်မတီတွင် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ (AMDP)မှ ‌ခေါင်း‌ဆောင်တစ်ဦး၊ ၁၉၉ဝ ‌ရွေး‌ကောက်ဝင် မွန်အမျိုး သား ဒီမိုက‌ရေစီအဖွဲ့‌ခေါင်း‌ဆောင်တဦး၊ အထင်ကရ ဗုဒ္ဓဘာသာ ဆရာ‌တော်တပါး၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု‌ဆောင် ‌ဟောင်းတစ်ဦးနှင့် ဗဟို‌ကော်မတီဝင်‌ဟောင်းတစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။

NMSP ကို တိုက်တွန်းသည့် OMCC ၏ ‌ကြေညာချက်အရ မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၆ခုအကြာ ဖြစ်ပွား‌နေသည့် ပြည်တွင်း စစ်ကို အဆုံးသတ်ရန် ကြိုးပမ်း‌နေ‌ကြောင်း အစိုးရက ‌ပြော‌သော်လည်း ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စစ်ဆင်‌ရေးဆက်လက်ပြုလုပ်‌နေသည်ဟုလည်း ‌ထောက်ပြထားသည်။

ထို့အပြင် ယခင် နဝတ၊ နအဖ လက်ထက်က စစ်အစိုးရသည် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ခတ် ရပ်စဲ‌ရေးလုပ်ပြီး တစုချင်းစီကို မတူညီ‌သော အခွင့်အ‌ရေးများ‌ပေးကာ ဖယ်ထုတ်စည်းရုံးခဲ့မှုများကို NMSP အပါအဝင် အခြားအ ပစ်ရပ်အဖွဲ့များအ‌နေဖြင့် သင်ခန်းစာယူရမည်ဟု တိုက်တွန်းပါရှိသည်။

NMSP သည် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နယ်ခြား‌စောင့် အသွင်‌ပြောင်း‌ရေးကို လက်မခံသည့်အတွက် ၂၀၁၁ခုနှစ် UNFC စတင် ဖွဲ့စည်းရာတွင် အမာခံအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။